စာပြန်လိုက်တယ်


ကိုယ်အတွေးမစောင်းပါဘူး

လက်ခံယုံကြည်ပေးလိုက်ရတာတွေကသာ

ကိုယ့်ဆီကိုအစောင်းလိုက်ကြီးရောက်လာခဲ့တာ

အမျှော်တွေလား အပျော်တွေလား

ဟိုးအမြင့်မှာ ပွယောင်းယောင်းနဲ့ တိမ်တွေလို

ကျန်ရှိနေသေးတဲ့ပြောစရာတွေက ခပ်စိပ်စိပ်နဲ့ ခပ်ဆိတ်ဆိတ်ဖြစ်လာ

မဆန်းပါဘူး ဒါဟာပြသဒါးပါ ငါဟာသိုးမည်းပါ ဒီလိုလား

လိမ္မော်ရောင်တွေကတစ်ဘ၀လုံးစာခြောက်လှန့်ဖို့လား

အတွေ့အကြုံတဲ့/သင်ခန်းစာတဲ့

ဖျတ်ခနဲအလင်းတစ်ချက်ကအနာဂတ်ကိုပါမှောင်ပစ်လိုက်တယ်

ကံတရားဆိုတာက ၀ုန်းခနဲတိုက်ချ မြန်ဆန်လွန်းတယ်

အတိတ် ! အခိုးအငွေ့တွေလိုပေါ့ပါးပစ်ချင်သမျှ အချိန်/အရှိန်ယူရင်း

အနီရောင်ကြက်ခြေခတ်တွေကသာကိုယ့်အတွက်ကြယ်တွေ

ကြွေပါစေတော့ ခပ်များများ

ကျွံဝင်သွားတဲ့မေတ္တာတရားတွေပြန်နှူတ်လို့မရသေးတာသစ္စာတရားလား

နေ့ဆိုလည်း အလင်းတွေထဲမွန်းကျပ်

ညဆိုလည်း အမှောင်တွေထဲလှောင်ပိတ်

ကိုယ့်ကိုကိုယ်ပြန်မျှားယူရတာကိုက ဘယ်လိုယုံကြည်မှူမျိုးကိုမှမမိတော့

တစ်ကိုယ်စာရှင်သန်မှူကိုတောင်လောကကြီးဆီကမနဲလုယူခဲ့ရ

ရင်ဘတ်ထဲထိရှခဲ့တဲ့အနာတရကဝေဆာလွန်းခဲ့

ဥာဏ်မှီသလောက် ဆင်ခြင်တုံတရားရဲ့အလွန်မှာ

အမှန်တရားကြောင့်အမုန်းတရားတွေလက်ခံရရှိလိုက်ကြောင်း

ဘယ်လိုစကားလုံးမျိုးမှထည့်မရေးလိုက်တဲ့ပြန်စာကို

ခင်ဗျား ကောင်းကောင်းကြီးဖတ်တတ်မှာပါ။

ယိင်း | Trend Myanmar
Previous
Next Post »
Powered by Blogger.