ကမ္ဘာ့အရပ်အပုဆုံး ကြောင် Cye နဲ့တွေ့ဆုံ

Cyeဟာ ကြောင်ပုလေး တစ်ကောင်ပါ။ Cye ကို ကမ္ဘာ့ဂင်းနစ်စံချိန်ကနေ သရဖူ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ Cyeဟာ သုံးနှစ်သား ကြောင်ထီးလေးပါ။ ကမ္ဘာပေါ်မှာ အပုဆုံးကြောင်လေးပေါ့။  ၁၃ ဒဿမ ၆ စင်တီမီတာ (၅ ဒဿမ ၃၅လက်မ) သာ အရပ်ရှည်ပါတယ်။ အရင် ဂင်းနစ်စံချိန်တင်ထားတဲ့ Fizz Girlဆိုတဲ့ ကြောင်လေးထက် ၂ ဒဿမ ၂ စင်တီမီတာ ပိုပုပါတယ်။

Cye ရဲ့ ပိုင်ရှင်၊ အသက် ၂၅နှစ်အရွယ်ရှိ Sarah Langille ဟာ ကြောင်သေးသေးလေးတွေကို မျိုးဖောက်ရတာကို ၀ါသနာပါခဲ့တာ ၅နှစ်ကြာပြီလို့  Waterloo Region Record အရ သိရပါတယ်။ သဘာဝအတိုင်း ဖြစ်လာတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကြောင်ပုလေးတွေရဲ့ သန္ဓေပြောင်းခြင်းဟာ ကြောင်တွေရဲ့ ခြေထောက်တွေကို တိုသွားစေပါ တယ်။ Cyeရဲ့ အရပ်ပုမှုဟာ ဂင်းနစ် စံချိန်တင်ခဲ့ပေမဲ့ ကမ္ဘာ့အပုဆုံးကြောင်စာရင်းဝင်ဖို့ ရည်ရွယ်ပြီး မျိုးဖောက်ခဲ့တာ မဟုတ်ပါဘူးလို့ Langille ကပြောပါတယ်။

သီဟနိုင် | Trend Myanmar
Previous
Next Post »
Powered by Blogger.