မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အ သုံးပြုနိုင်အောင်ပြု လုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမားတယောက် က မြေတူး ရင်း တွေ့ရှိခဲ့ပြီး ဂိုဒေါင်က ၀ယ်ယူသွားတာပါ၊ ဗုံးပေါက်မှုကြောင့် ဂိုဒေါင်မှာ မီးလောင်သွားပြီး အနီးအနားက အိမ်တွေ ဒါဇင်နဲ့ချီပြီး ပျက်စီးသွားခဲ့ပါတယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် သုံးမီတာ၊ အကျယ် ၈ မီတာ ရှိတဲ့ တွင်းကြီး ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဗုံးကို အပိုင်းပိုင်းဖြစ်သွားအောင် ခွဲဖို့ တိုက်တွန်းရာကနေ အခုလို ပေါက်ကွဲသွားတာပါ။
ဒီဗွီဘီ
Sign up here with your email
ConversionConversion EmoticonEmoticon