စင်ကာပူနိုင်ငံသို့စာရွက်စာတမ်းအတုဖြင့်သွားခဲ့သည့်မြန်မာ၁၂ ဦးကိုခေါ်ယူစစ်ဆေး

စင်္ကာပူနိုင်ငံသို့ စာရွက်စာတမ်း အတုများဖြင့် သွားရောက်ခဲ့သည့် မြန်မာအလုပ်သမား ၁၂ ဦးကို ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင် များ အသင်းမှ ခေါ်ယူ စစ်ဆေး သွားမည်ဖြစ်ေ ကြာင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ စာရွက်စာတမ်း အတုများဖြင့် စင်ကာ ပူနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့သည့် အလုပ်သမားများသည် ဧပြီ ၁၂ ရက်က အလုပ်သ မား ၁၁ ဦး၊ ဧပြီ ၂၀ ရက်က အလုပ်သမား ၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

ထိုသို့ စာရွက်စာတမ်းအတုပြုလုပ်ခဲ့သူများကို လေဆိပ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ငါးနာရီကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းတို့အား ဆက်လက်စစ်ဆေးရန် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်အသင်းထံ လွဲပြောင်းပေးခဲ့ကြောင်း၊ သို့ရာတွင် သင်္ကြန်ကာလ ဖြစ်သည့်အတွက် သင်္ကြန်ကာလပြီးမှသာ ဆက်လက်စစ်ဆေး နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အား စင်ကာပူနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သူများတွင် လိုင်စင်ရ အေဂျင်စီနှစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

“စာရွက်စာတမ်း အတုပြုလုပ်တာကို အလုပ်သမား ၀န်ကြီးဌာနက အရမ်းကို ဒေါသထွက်နေတယ်။ ကျွန်တော်တို့အနေနဲ့ စာရွက်စာတမ်း အတုလုပ်ပြီးသွားတဲ့ အလုပ်သမားတွေကို မကြာခင် စစ်ဆေးမှုတွေ လုပ်မှာပါ။ အခုသူတို့ရဲ့ မှတ်ပုံတင်တွေ၊ ပတ်(စ်) ပို့တွေကို တောင်းထားပါတယ်။ စာရွက်စာတမ်းအတုကို ကိုယ်ကိုယ်တိုင် လုပ်ခဲ့တာလား၊ ပွဲစားနဲ့လုပ်ခဲ့တာလား၊ အေဂျင်စီနဲ့ လုပ်ခဲ့သလား ဆိုတာကို စစ်ဆေးမေးမြန်းမှာပါ။ အဲ့ဒီလိုမဟုတ်ဘဲ လတ်မှတ် အတုလုပ်ပြီး အေဂျင်စီက ပို့ခဲ့တယ်ဆိုရင် အေဂျင်စီကို လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာပါ” ဟု ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။

စင်ကာပူနိုင်ငံသို့ ကျွမ်းကျင် အလုပ်သမား(S pass) ဖြင့် အလုပ်သွားရောက် လုပ်ကိုင်ခဲ့သည့် မြန်မာ အလုပ်သမား ၁၆ ဦးကို ဘွဲ့လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက စင်ကာပူအစိုးရမှ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

News Eleven
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.