မြန်မာအကြွေး ဒေါ်လာ ၉ ဘီလီယံခွဲကျော် ရှိ



နိုင်ငံခြားတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ ကြွေးမြီဟာ ၂၀၁၃ မတ်လကုန်အထိ ဒေါ်လာ ၉ ဘီလီယံခွဲကျော် ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။

မတ် ၂၀ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီအထဲက တ၀က်နီးပါးဖြစ်တဲ့ ဒေါ်လာ ၄ ဘီလီယံကျော်ကို တရုတ်နိုင်ငံဆီက ချေးယူထားတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့လက သမ္မတရဲ့ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့်က နိုင်ငံတကာ ကနေ မြန်မာနိုင်ငံအပေါ် ဘယ်လောက်ကြွေးတင်နေတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းနေတယ် စသဖြင့် အများပြည်သူသိအောင် အသေးစိတ် ထုတ်ပြန်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ပြီးနောက် အခု ပြည်ထောင်စုဝန်ကြီးရဲ့ ပြည်သူ့လွှတ်တော်တွင်း ဖြေဆိုမှု ထွက်လာတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဒီချေးငွေတွေဟာ နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ အေဒီဘီ၊ အိုင်ဒီအေနဲ့ အိုပက်စ်တို့ဆီကနေ ရယူထားတာ ဖြစ်တယ်လို့လောက်ပဲ ပြောပြီး ဘယ်လို ဖြေရှင်းနေတယ်၊ ဘယ်လောက်ဖြေရှင်းပြီး ဖြစ်တယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောသွားပါဘူး။

ဒီဗွီဘီ

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.