အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်နှုန်း ၂ဆမြင့်တက်လာ

 အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်အရေအတွက်နှုန်းဟာ အင်္ဂလန်မှာ စံချိန်တင် ရလောက်အောင် မြင့်တက်လာတယ်လို့ အမျိုးသား စာရင်းစစ်ရုံး ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၉၉၃ခုနှစ်မှာ အိမ်မှာပဲနေပြီး ကလေးတွေ ကို စောင့်ရှောက်တဲ့ အမျိုးသားအရေအတွက်ဟာ ၁၁၁၀၀၀ဦးပဲရှိခဲ့ရာကနေ ခုဆိုရင် ၂၂၉၀၀၀ဦး ရှိနေပါပြီ။

အိမ်မှာနေပြီး ကလေးစောင့်ရှောက်တဲ့ မိခင်အရေအတွက်နှုန်းကတော့ မနှစ်ကနဲ့ယှဉ်ရင် ၂ ဒဿမ ၀၄ သန်းရှိရာကနေ ၄၅၀၀၀ ကျဆင်းသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်တော့တဲ့ ဖခင်အရေအတွက်နှုန်းဟာ အရင်ကထက် ၅ရာခိုင်နှုန်း တက်လာပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.