“ယခု တောင်ပေါ်ဒေသမှာ မြန်မာစကား မတတ်လို့ ကျောင်းထွက်ကြတဲ့ အတွက် ၁၀ တန်းရောက်တဲ့ ကလေးနဲ့ တက္ကသိုလ်ရောက်တဲ့ ကလေးတွေ နည်း လာပြီ၊ အဲ့ဒီလိုသာဆို တဖြည်းဖြည်းနဲ့ တိုင်းရင်းသား ကလေးတွေမှာ ပညာမတတ်သူတွေ ပိုများလာပြီး ပိုဖိနှိပ်ခံရနိုင် တယ်။
ပညာရေးမှာ အောင်မြင်ဖို့ အရေးကြီးသလို ကလေးတွေရဲ့ ဘဝ အောင်မြင်မှလည်း အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဖြစ်မယ်။ အဲဒါကြောင့် ကျွန်မတို့ လိုချင်တဲ့ ပညာရေး မရမချင်း တောင်းဆိုသွားမှာပါ” လို့ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကွန်ရက်မှ ကချင်လူမျိုး က ပြောသည်။ “ ဒီလိုမျိုး တိုင်းရင်းသား ဒေသများတွင် မိခင်ဘာသာ အသုံးပြု သင်ကြားခြင်းနှင့် မည်သည့် အတန်းထိ သင်ကြားမည် ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့ ဆောင်ရွက်သင့်ပြီး တိုင်းရင်းသား လူမျိုး စုံသော ဒေသအချို့တွင် ဘုံ ဘာသာစကား ရွေးထုတ် သင်ကြားရေး အတွက်ကို ပညာရေးဝန်ကြီးဌာနက ချုပ်ကိုင်မှာ မဟုတ်ပါဘူး။ အခြေခံပညာ မူလတန်းကျောင်းတွေ မှာ ကျောင်း ချိန်နှင့် ကျောင်းပြင်ပ တိုင်းရင်းသား ဘာသာသင် ကြားရေး အတွက် ဆက်လက် ညှိနှိုင်းသွားမှာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့သည်။
တိုင်းရင်းသား စာပေဖွံ့ဖြိုးရေး နှင့် တိုးတက်ရေးအတွက် အလေးပေးစဉ်းစားရန် အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးဆွေး နွေးပွဲ၌ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ တောင်တန်းဒေသနှင့် မြေပြန့် ဒေသမှကလေးများ မြန်မာစကား တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ ပညာတတ်ဖို့ဆိုသည်မှာ မိခင်ဘာသာစကားကို အခြေပြုပြီး တခြားဘာသာစကားကို သင်ကြားပို့ချမှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မိခင်ဘာသာစကားကို အခြေပြုသည့် ပညာရေးပြုလုပ်ရန် တောင်းဆိုသော်လည်း အစိုးရအနေဖြင့် တိုင်းရင်းသားဘာသာ စကား တစ်ခုကို တာဝန်ကျေ သင်ခိုင်းခြင်းက အကုန်လုံးကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေကြကြောင်းလည်း သိရသည်။
အေးဖြူ | Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon