သားကို နိုင်ငံခြား ပညာသင်လွှတ်မယ့် မေသန်းနု

သား ၁ဝ တန်းဖြေပြီးလျှင် နိုင်ငံခြားကို ပညာသင်ပို့မည် ဖြစ်ကြောင်း မေသန်းနု က ပြောသည်။ ”မိခင်တစ်ယောက် အနေနဲ့ လုပ်ပေးစရာ ရှိတာ လုပ်ပေးရ မှာပဲလေ။ သူ့ကို နိုင်ငံခြား ပို့တယ်ဆိုတာလည်း ပညာသင်ဖို့ အတွက်ပါ” ဟု မေသန်းနု က ပြောသည်။


အင်္ဂလန်မှာ ဗုဒ္ဓစင်တာ ဝယ်ယူဖို့အတွက် အနုပညာ ညီအစ်ကို မောင်နှမများ ရန်ပုံငွေဖျော်ဖြေပွဲ မှာ မေသန်းနုလည်း ပါဝင်ကပြထားကြောင်း သိရသည်။

”သူ့ကို အနုပညာ နဲ့ပတ်သက်ပြီး အရင်နှစ်က ဂစ်တာ သင်တန်းတက်တယ်။ ဒီနှစ်တော့ အကသင်တန်းပို့မယ်။ ပညာ တစ်ခုလည်းရ၊ ကျန်းမာရေး ရှုထောင့် ကလည်း အဆင်ပြေ တယ်လေ”ဟု ၄င်းက ဆက်ပြောသည်။

မေသန်းနုက လတ်တလောတွင် အနုပညာ အလုပ်အပြင် ဗြူတီပါလာ ဆိုင်ကိုလည်း ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသည်ဟု သိရသည်။

”ဗြူတီပါလာ ဖွင့်တာ ဝါသနာပါလို့သာ လုပ်တာပါ။ တကယ့် သူဌေးဖြစ် လောက်တဲ့ အနေအထား မဟုတ်ပါဘူး”ဟု ၄င်းက ဆိုသည်။ ”ဗြူတီပါလာ ဖွင့်တာက အနုပညာနဲ့ ပတ်သက်တဲ့ တစ်စိတ် တစ်ဒေသပေါ့။ ကိုယ်အနုပညာ လောက ထဲ မဝင်ခင် ကတည်း က ဒီပညာရပ်ကို ကိုယ်က တတ်ကျွမ်းထား တယ်လေ” ဟု ၄င်းက ပြောသည်။ မေသန်းနုက ကားရိုက် နားရက်ကို သားနဲ့ အတူ ဖြတ်သန်း သလို ဆိုင်မှာလည်း သွားနေဖြစ်ကြောင်း ၄င်းထံမှ သိရ သည်။

Popular Myanmar Journal

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.