




Zawgyi ဖြင့်ဖတ်ရန်










Unicode ဖြင့်ဖတ်ရန်

မလေးရှားမြေမှာ အောင်ပွဲခံပြီး အိမ်ကွင်း၊ အဝေးကွင်း မရွေးကြောင်း ပြလိုက်တဲ့ တီရဲလ်ထန်

ချင်း အမျိုးသား တီရဲလ်ထန် အနေနဲ့ မွေးရပ်မြေ မြန်မာပြည်ရဲ့ ပြင်ပမှာ ပထမဆုံး အကြိမ် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲကို ကွာလမ်လာပူမှာ ဒီညနေ ထိုးသတ်ခဲ့ရာ ကိုရီးယားပြိုင်ဘက် ကင်မ်ကို ဒိုင်လူကြီး အမှတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ မြေပြင် ချုပ်ကွက်တွေမှာရော၊ လက်သီးထိုးတွေမှာပါ အသာစီးယူနိုင်ခဲ့တဲ့ တီရဲလ်ထန်ကို ဒိုင် ၃ ယောက်လုံးက တညီတညွတ်တည်း အနိုင်ပေးခဲ့ပါတယ်။



ပြီးခဲ့တဲ့ မေလက ရန်ကုန်မှာ ကစားခဲ့တဲ့ သူ့ရဲ့ ONE ချန်ပီယံရှစ် သိုင်းပေါင်းစုံ MMA ပွဲဦးထွက် နိုင်ပွဲနဲ့ နှိုင်းယှဉ်ရင် တီရဲလ်ထန်ဟာ သိသိသာသာ နည်းဗျူဟာပိုင်း တိုးတက်လာတာကို တွေ့ရပါတယ်။တီရဲလ်ထန်ဟာ ONE ချန်ပီယံရှစ်ရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံ မြန်မာ့ စပါးအုံး အောင်လအန်ဆန်၊ ဖယ်သာ ဝိတ် ONE ချန်ပီယံ ဗီယက်နမ် နိုင်ငံသား မာတင်ငုယန်တို့နဲ့ အတူ လေ့ကျင့် ခဲ့သလို ကြိုးဝိုင်းဘေးမှာလည်း သူတို့ ၂ ဦးက အနီးကပ် ကြီးကြပ်ပေးခဲ့တာကို တွေ့ရပါတယ်။


share from:burmese.asia

Previous
Next Post »
Powered by Blogger.