နွစ္သစ္မကူးခင္ ဤအခ်က္ႏွစ္ခ်က္ကို လုပ္မွ သင့္ ဘဝတိုးတက္ပါလိမ့္မည္




Zawgyi ျဖင့္ဖတ္ရန္

ဘဝဆိုတာ တိုေတာင္းတယ္ဆိုေပမဲ့ တစ္ႏွစ္ၿပီးတစ္ႏွစ္ ျဖတ္သန္းေနရတာပါ။ ရွင္သန္ေနစဥ္ကာလအတြင္း လူေတြက ေကာင္းမြန္စြာ ရွင္သန္ဖို႔ လုပ္ေလ့ရွိပါတယ္။ ဘဝရည္မွန္းခ်က္ ႀကီးတဲ့သူေတြ အၿမဲ လုပ္ေလ့ရွိတဲ့ အရာ ရွိပါတယ္။



ရည္မွန္းခ်က္ ႀကီးတဲ့သူေတြပီပီ ဘာလုပ္လုပ္ စနစ္က်တတ္တဲ့သူေတြရဲ႕အက်င့္ေတြကို အတုယူႏိုင္ေစဖို႔ ေဖာ္ျပလိုက္ရပါတယ္။ တကယ္ေတာ့ ကမာၻတစ္ဝွမ္းကလူေတြ အေတာ္မ်ားမ်ား ကလည္း ဒီဇင္ဘာမွာ အခုလိုပဲ လုပ္ေလ့ရွိတာပါ။



သုံးသပ္ျခင္း ဒီဇင္ဘာဆိုတာ ႏွစ္တစ္ႏွစ္ကုန္ဆုံးေတာ့မွာကို ေျပာေနတဲ့ သေကၤတ တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ဘာေတြ ရင္ဆိုင္ခဲ့ရလဲ၊ ဘာေတြႀကဳံေတြ႕ခဲ့ရလဲ၊ ဘာေတြ တိုးတက္မႈ ရွိလဲ၊ ဘာေတြ ဆုံးရႈံးသြားလဲ စတာေတြကို ေတြးရမွာပါ။ တစ္ႏွစ္လုံး ျဖစ္ခဲ့သမွ်ကေန ဘာေတြ သင္ခန္းစာယူရမလဲ။ ဘာေတြက အေရးႀကီးတဲ့အရာေတြ ျဖစ္ခဲ့ၿပီးေတာ့ ဘယ္ေလာက္ ဘဝကို သက္ေရာက္သြားသလဲဆိုတာေတြကို ျပန္ေလ့လာဖို႔ လိုအပ္ပါတယ္။



ဒါ့အျပင္ သင္ကိုယ္တိုင္ေရာ ဘာေတြ ေျပာင္းလဲလာလဲဆိုတာ သိဖို႔လိုအပ္ပါတယ္။ စိတ္ေနစိတ္ထားေတြ ေျပာင္းလဲလာၿပီလား၊ ပိုၿပီးရင့္က်က္လာလား၊ ေဒါသ ပိုႀကီးလာလား၊ မေကာင္းတဲ့အက်င့္ေတြ ရွိေနၿပီလား၊ မူးယစ္ေစတဲ့အရာေတြ စြဲေနၿပီလား စသျဖင့္ ျပန္သုံးသပ္ဖို႔ လိုအပ္ပါတယ္



ျပင္ဆင္ျခင္း ဒီႏွစ္အတြက္ ျပန္လည္ သုံးသပ္တာေတြ လုပ္ၿပီးတဲ့အခါ ေနာက္ႏွစ္အတြက္ ျပင္ဆင္ထားရပါမယ္။ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ထဲက မျဖစ္သင့္တာေတြ ျဖစ္ခဲ့တယ္ဆိုရင္ ေနာက္ႏွစ္မွာ အဲ့လို မျဖစ္ေအာင္ ဆင္ျခင္ရမွာ ျဖစ္ပါတယ္။ မေကာင္းတဲ့အမူအက်င့္ေတြ ရွိခဲ့ရင္လည္း ေနာက္ႏွစ္ကို အဲ့အက်င့္ေတြ အမ်ားႀကီး မပါေအာင္ ဂ႐ုစိုက္ရမွာပါ။ ေနာက္ႏွစ္မွာ ျဖစ္ေအာင္ လုပ္မယ့္ ေရတို ရည္မွန္းခ်က္ေလးေတြ လုပ္ရပါမယ္။



ဥပမာ- ေက်ာင္းၿပီးရမယ္၊ ဘာသာစကားတစ္ခု တတ္ေျမာက္ရမယ္ စသျဖင့္ သတ္မွတ္ထားရပါမယ္။ ကိုယ္ရဲ႕ အမူအက်င့္ပိုင္းဆိုင္ရာနဲ႔ ပတ္သတ္ရင္ ပိုယဥ္ေက်းေအာင္ ျပဳမူရမယ္ ဆဲတာေလွ်ာ့မယ္ ပိုရင့္က်က္ေအာင္ ေနရမယ္ စတဲ့ သတ္မွတ္ေတြ ထားရပါမယ္။ ဒါေပမဲ့ သတ္မွတ္ၿပီးရင္ ျဖစ္ေအာင္ေတာ့ လုပ္ရမွာပါေနာ္။



ႏွစ္တစ္ႏွစ္ေတာ့ ထပ္ကုန္ဆုံးသြားၿပီ ျဖစ္တဲ့အတြက္ အသက္တစ္ႏွစ္လည္း ထပ္ႀကီးလာၾကမွာပါ။ ဘဝကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ၾကပါေစ။Every Time Story ပရိသတ္ ႀကီးေရာ လုပ္ျဖစ္ေအာင္ လုပ္လိုက္ပါဦးေနာ္…

Credit: Every Time Story | E.T.S


Unicode ဖြင့်ဖတ်ရန်

နှစ်သစ်မကူးခင် ဤအချက်နှစ်ချက်ကို လုပ်မှ သင့် ဘဝတိုးတက်ပါလိမ့်မည်




ဘဝဆိုတာ တိုတောင်းတယ်ဆိုပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းနေရတာပါ။ ရှင်သန်နေစဉ်ကာလအတွင်း လူတွေက ကောင်းမွန်စွာ ရှင်သန်ဖို့ လုပ်လေ့ရှိပါတယ်။ ဘဝရည်မှန်းချက် ကြီးတဲ့သူတွေ အမြဲ လုပ်လေ့ရှိတဲ့ အရာ ရှိပါတယ်။



ရည်မှန်းချက် ကြီးတဲ့သူတွေပီပီ ဘာလုပ်လုပ် စနစ်ကျတတ်တဲ့သူတွေရဲ့အကျင့်တွေကို အတုယူနိုင်စေဖို့ ဖော်ပြလိုက်ရပါတယ်။ တကယ်တော့ ကမ္ဘာတစ်ဝှမ်းကလူတွေ အတော်များများ ကလည်း ဒီဇင်ဘာမှာ အခုလိုပဲ လုပ်လေ့ရှိတာပါ။



သုံးသပ်ခြင်း ဒီဇင်ဘာဆိုတာ နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကို ပြောနေတဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဘာတွေ ရင်ဆိုင်ခဲ့ရလဲ၊ ဘာတွေကြုံတွေ့ခဲ့ရလဲ၊ ဘာတွေ တိုးတက်မှု ရှိလဲ၊ ဘာတွေ ဆုံးရှုံးသွားလဲ စတာတွေကို တွေးရမှာပါ။ တစ်နှစ်လုံး ဖြစ်ခဲ့သမျှကနေ ဘာတွေ သင်ခန်းစာယူရမလဲ။ ဘာတွေက အရေးကြီးတဲ့အရာတွေ ဖြစ်ခဲ့ပြီးတော့ ဘယ်လောက် ဘဝကို သက်ရောက်သွားသလဲဆိုတာတွေကို ပြန်လေ့လာဖို့ လိုအပ်ပါတယ်။



ဒါ့အပြင် သင်ကိုယ်တိုင်ရော ဘာတွေ ပြောင်းလဲလာလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာပြီလား၊ ပိုပြီးရင့်ကျက်လာလား၊ ဒေါသ ပိုကြီးလာလား၊ မကောင်းတဲ့အကျင့်တွေ ရှိနေပြီလား၊ မူးယစ်စေတဲ့အရာတွေ စွဲနေပြီလား စသဖြင့် ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်



ပြင်ဆင်ခြင်း ဒီနှစ်အတွက် ပြန်လည် သုံးသပ်တာတွေ လုပ်ပြီးတဲ့အခါ နောက်နှစ်အတွက် ပြင်ဆင်ထားရပါမယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ထဲက မဖြစ်သင့်တာတွေ ဖြစ်ခဲ့တယ်ဆိုရင် နောက်နှစ်မှာ အဲ့လို မဖြစ်အောင် ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့အမူအကျင့်တွေ ရှိခဲ့ရင်လည်း နောက်နှစ်ကို အဲ့အကျင့်တွေ အများကြီး မပါအောင် ဂရုစိုက်ရမှာပါ။ နောက်နှစ်မှာ ဖြစ်အောင် လုပ်မယ့် ရေတို ရည်မှန်းချက်လေးတွေ လုပ်ရပါမယ်။



ဥပမာ- ကျောင်းပြီးရမယ်၊ ဘာသာစကားတစ်ခု တတ်မြောက်ရမယ် စသဖြင့် သတ်မှတ်ထားရပါမယ်။ ကိုယ်ရဲ့ အမူအကျင့်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ရင် ပိုယဉ်ကျေးအောင် ပြုမူရမယ် ဆဲတာလျှော့မယ် ပိုရင့်ကျက်အောင် နေရမယ် စတဲ့ သတ်မှတ်တွေ ထားရပါမယ်။ ဒါပေမဲ့ သတ်မှတ်ပြီးရင် ဖြစ်အောင်တော့ လုပ်ရမှာပါနော်။



နှစ်တစ်နှစ်တော့ ထပ်ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် အသက်တစ်နှစ်လည်း ထပ်ကြီးလာကြမှာပါ။ ဘဝကို အောင်အောင်မြင်မြင်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။Every Time Story ပရိသတ် ကြီးရော လုပ်ဖြစ်အောင် လုပ်လိုက်ပါဦးနော်…

Credit: Every Time Story | E.T.S


Previous
Next Post »
Powered by Blogger.