Zawgyi ဖြင့်ဖတ်ရန်
အသားကင်တွေ
အာလူးကြော်
စည်သွပ်ဗူးတွေ
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
လူကြိုက်များပေမယ့် ကင်ဆာဖြစ်စေနိုင်းလို့ မစားသုံးသင့်တဲ့ အစားအစာ (၄) မျိုး
ခုခေတ်မှာ ထူးဆန်းတဲ့ ရောဂါလက္ခဏာတွေ တဖြည်းဖြည်းပေါများလာနေပါတယ်။ လူတော်တော်များများစားသုံးတတ်တဲ့ အသင့်စား အစားအစာတွေ၊ တခြားသော ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကြောင့် ကင်ဆာတွေ အဖြစ်များလာတတ်ကြပါတယ်။
ဒီလိုအစားအစာတွေကို စားသုံးခြင်းက ကင်ဆာဖြစ်နိုင်ခြေပိုများလို့ ရှောင်ဖယ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်
အသားကင်တွေ
အကင်လို့ပြောလိုက်တာနဲ့ မစားတဲ့သူ မရှိလောက်အောင် စားတတ်ကြတဲ့ အစားအစာတစ်ခုပါ။ ဒီလိုမျိုး အကင်တွေ အထူးသဖြင့် အသားကင်တွေက ကင်ဆာဖြစ်နိုင်ခြေ အရမ်းများပါတယ်။ အသားဆိုတာ သေချာကျက်နေအောင်ချက်မှ
ကျန်းမားရေးနဲ့ ညီညွတ်ပြီး အသားကင်တွေကတော့ လိုအပ်တဲ့အပူချိန်ကို မရရှိနိုင်လို့ ကင်ဆာဖြစ်ပေါ်စေတာပါ။ တကယ့်လို့ အသားကင်စားချင်တယ်ဆိုရင် electric နဲ့ကင်ထားတဲ့ အသားကိုလုံးဝမစားသင့်ပဲ ထင်း ဒါမှမဟုတ် မီးသွေးနဲ့ သေချာကျက်အောင် ကင်ထားတဲ့ အသားကင်ကိုသာ စားသင့်ပါတယ်။
အာလူးကြော်
လူကြိုက်အများဆုံး အစားအစာတွေထဲမှာ အာလူးကြော်ကလည်း တစ်ခုအပါအဝင်ပါ။ လူတော်တော်များများ စားတတ်ကြတဲ့ အာလူးကြော်မှာ ဓာတုပစ္စည်းတွေပါဝင်ပြီး နှလုံးကျန်းမာရေးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြသနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး ကင်ဆာဖြစ်နိုင်ခြေလည်းများတဲ့အတွက် မစားသင့်တဲ့ အစားအစာဖြစ်ပါတယ်။
ပြောင်းဖူးပေါက်ပေါက်
ရုပ်ရှင်ကြည့်တိုင်း မပါမဖြစ်က ပြောင်းဖူးပေါက်ပေါက်ဖြစ်လို့ လူကြိုက်များပြီး အမြဲလိုလို စားတတ်ကြတဲ့ သရေစာတစ်ခုပါ။ ဒါဟာ တကယ့်ကို ဆိုးဝါးစွာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေ အရမ်းများပါတယ်။
သာမာန်ပြောင်းဖူးပေါက်ပေါက်က စားလို့ရပေမယ့်လို့ microwave နဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်က အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာဖြစ်စေတာပါ။ အခုခေတ်မှာ အားလုံးက microwave ်လိုမျိုး အပူပေးစက်အသုံးပြုပြီး ရောင်းချကြတာမို့ မစားသင့်တဲ့ အစားအစာဖြစ်ပါတယ်။
စည်သွပ်ဗူးတွေ
အလုပ်များတဲ့သူတွေ အလုပ်ရှုပ်သက်သာစေတဲ့ စည်သွပ်ဗူးတွေက တာရှည်ခံအောင်ပြုလုပ်ထားတာဖြစ်လို့ ကျန်းမာရေးနဲ့ မညီညွတ်တာကတော့ မထူးဆန်းပါဘူး။
ဒီလိုစည်သွပ်ဗူးတွေမှာပါဝင်တဲ့ ငါးတို့၊ အသားတို့၊ အသီးအရွက်တို့ကို တာရှည်ခံတဲ့ ဓာတုပစ္စည်းတွေများစွာနဲ့ ပြုလုပ်ထားပါတယ်။ ဒီအထဲမှာမှ အန္တရာယ်အဖြစ်နိုင်ဆုံးက ခရမ်းချဉ်သီးပါတဲ့။ ဒါကြောင့် စည်သွပ်ဗူးတွေကိုလည်း မစားသုံးသင့်ပါဘူးနော်။
Credit : အန်တီမေ
Sign up here with your email
ConversionConversion EmoticonEmoticon