မိန္းကေလးငယ္ေလးတို႔ကို ၃၀ ေက်ာ္မမေတြ သိေစခ်င္တဲ့ ဘဝသင္ခန္းစာ (၇) ခု





Zawgyi ျဖင့္ဖတ္ရန္

ဘဝမွာ ရလာတဲ့ အေတြ႕အႀကဳံေတြ၊ သင္ခန္းစာေတြက အခ်ိန္တစ္ခုရင္းႏွီးရပါတယ္။ ငယ္႐ြယ္သူေတြက ကိုယ့္ထက္ အသက္ပိုႀကီးတဲ့ သူေတြရဲ႕ အေတြ႕အႀကဳံေတြကို မွတ္သားသင့္ပါတယ္။ သူတို႔ေျပာတဲ့စကားေတြကို ဂ႐ုတစိုက္နားေထာင္ေပးရပါမယ္။ ဒီလိုဆို ကိုယ္တိုင္ မႀကဳံရေပမယ့္ ေရွ႕လူေတြ ဘယ္လိုေတြမွားခဲ့တယ္ ဘယ္လိုႀကိဳးစားခဲ့တယ္ဆိုတာကို အတုယူႏိုင္မွာပါ။ နဂိုရွိရင္းစြဲအသက္ထက္ ပိုရင့္က်က္လာဖို႔ ကိုယ့္ထက္အသက္ႀကီးတဲ့ မမေတြ ေျပာတဲ့စကားေတြကေန ပညာယူႏိုင္ပါတယ္။ အသက္ ၃၀ ေက်ာ္မမေတြ ကေလးေတြကို သိေစခ်င္တဲ့ သင္ခန္းစာေတြကေတာ့ ဒီလိုပါ-

၁။ အလွအစစ္ဆိုတာ ရင္ဘတ္ထဲက လာတာပါ
မွန္ထဲမွာ ၾကည့္ၿပီး ကိုယ့္ပုံစံကို မေက်မနပ္ျဖစ္ေနၿပီလား။ ကိုယ့္ထက္ လွတဲ့သူေတြကို ၾကည့္ၿပီး အားငယ္မိေနၿပီလား။ ဒါမွမဟုတ္ အလွဂုဏ္နဲ႔႐ူးမူးၿပီး စႏိုးဝႈိက္ကာတြန္းထဲကလို ကိုယ့္ထက္လွတဲ့ သူဘယ္သူရွိမလဲ ဆိုၿပီး မွန္ေရွ႕မွာ ေမးေနရတဲ့ မိဖုရားဘဝေရာက္ေနၿပီလား။ အျပင္ပန္းပုံစံေတြက အေရးပါတာမွန္ပါတယ္။ သပ္သပ္ရပ္ရပ္နဲ႔ၾကည့္ေကာင္းမွ လူေတြေလးစားတာခံရမွာပါ။ ဒါေပမဲ့ သင့္ရဲ႕ ႏွလုံးသား အတြင္းစိတ္က အေရးအႀကီးဆုံးပါ။ အလွစစ္ဆိုတာ ျဖဴစင္တဲ့ ႏွလုံးသားကေန လာတာပါ။



၂။ ကိုယ့္မူလပုံစံအတိုင္းေနပါ

Facebook ေပၚက Love React ေတြဘယ္ႏွစ္ခုရွိလဲ Follower ဘယ္ေလာက္မ်ားလဲ ငါ့ကိုဘယ္သူေတြ ဂ႐ုမစိုက္ၾကဘူးလဲ စတာေတြ ေတြးၿပီး ေျပာင္းလဲေနတဲ့ေခတ္ေနာက္ အမွီလိုက္ေနရၿပီလား။ ခဏတျဖဳတ္ စိတ္ေက်နပ္မႈ၊ ေပ်ာ္႐ႊင္မႈေတြေနာက္လိုက္ၿပီး သင့္ရဲ႕ စစ္မွန္တဲ့ ပုံစံနဲ႔ ေဝးကြာသြားတတ္ပါတယ္။ ကိုယ္က ဘယ္လိုလူလဲဆိုတာေကာ ေမးျဖစ္ရဲ႕လား။ ကိုယ္က ဘယ္ဟာကိုတကယ္ႀကိဳက္လဲ ဘယ္ဟာကိုမုန္းလဲ ေမးမိရဲ႕လား။ လူတစ္ေယာက္ကို အားက်႐ုံနဲ႔ အဲ့လူပုံစံ လိုက္တုစရာမလိုပါဘူး။ ကိုယ့္အႀကိဳက္ ကိုယ့္ပုံစံနဲ႔ ေနထိုင္ပါ။ ဟန္ေဆာင္မႈေတြမ်ားတာက သင့္အတြက္ မေကာင္းပါဘူး။

၃။ ပိုက္ဆံစစုပါ
ဘယ္မုန႔္ေလးက ေကာင္းလို႔ သြားစားလိုက္ရျပန္ေရာ၊ ဘယ္အက်ၤ ီေလးက လွလြန္းလို႔ဆိုၿပီး ဝယ္မိျပန္ေရာ။ အစားအေသာက္ေကာင္းေတြ၊ အလွအပပစၥည္းေတြေနာက္လိုက္ၿပီး ရလာတဲ့လစာေလးေကာ စုမိရဲ႕လား။ ရလာတဲ့ပိုက္ဆံကို သတ္သတ္မွတ္မွတ္ ထားၿပီးစုေပးပါ။ မစားရဘူး မဝယ္ရဘူးလို႔မဆိုလိုပါဘူး။ တစ္လကို ဘယ္ေလာက္စုမယ္ဆိုၿပီး Target ထားပါ။ အဲ့စုတဲ့ေငြကို လုံးဝမထိပါနဲ႔။


၄။ မေကာင္းတဲ့ေယာက်ာ္းေတြက ေကာင္းလာဖို႔မရွိပါဘူး
လိမၼာတဲ့ေကာင္မေလးေတြက ခပ္ဆိုးဆိုးဂ်စ္ကန္ကန္ ေကာင္ေလးေတြကို သေဘာက်တတ္တယ္တဲ့။ မိန္းကေလးေတြရဲ႕ စိတ္ထဲမွာ ယုံၾကည္ထားတာတစ္ခုရွိပါတယ္။ ဒါကေတာ့ လူဆိုးေလးေတြကို လိမၼာေအာင္ ၫႊန္ျပေပးႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္ပါ။ လူတစ္ေယာက္က ကိုယ္ကိုယ္တိုင္ ေျပာင္းလဲခ်င္စိတ္မရွိရင္ ဘယ္သူႀကီးပဲ ျဖစ္ေနပါေစ ေျပာင္းလဲမွာမဟုတ္ပါဘူး။ ကိုယ့္အေပၚ ေကာင္းတဲ့လူတစ္ေယာက္ကိုပဲ စဥ္းစားပါ။ ကိုယ့္အတြက္ မေကာင္းတဲ့လူ ကိုယ့္ကို နာက်င္ေစတဲ့လူကို ေမွ်ာ္လင့္ရင္းေစာင့္မေနပါနဲ႔။ သင့္အေပၚ ဂ႐ုစိုက္ၿပီး ၾကင္နာတဲ့ ေယာက်ာ္းေလးတစ္ေယာက္က ဒီအခ်ိန္မရွိေသးရင္ေတာင္ တစ္ခ်ိန္ခ်ိန္ သင့္ေရွ႕ေရာက္လာမွာပါ။

၅။ သူငယ္ခ်င္းေတြကို ခ်စ္ပါ
သင္က ဘယ္ေလာက္ထိပဲ အဆင္မေျပျဖစ္ေနပါေစ။ သူငယ္ခ်င္းေကာင္းေတြ အနားမွာ ရွိတာက မဂၤလာတစ္ပါးပါပဲ။ ကိုယ့္ရည္းစားကိုပဲ အခ်ိန္ေပးမိၿပီး သူငယ္ခ်င္းေတြကို ေခါက္ထားတာမ်ိဳးမလုပ္ပါနဲ႔။ သူငယ္ခ်င္းေတြအတြက္ အခ်ိန္ေပးပါ။ သူတို႔နဲ႔ အျပင္သြားပါ။ ငယ္တုန္း႐ြယ္တုန္းေပ်ာ္ေပ်ာ္ေနပါ။ ရည္းစားေနာက္လိုက္ရင္း အိမ္ေထာင္ရွင္မႀကီးလို မေနပါနဲ႔။


၆။ ကိုယ့္ရဲ႕ခႏၶာကိုယ္ကို ဂ႐ုစိုက္ပါ
သင္စားတဲ့အရာက သင့္ခႏၶာကိုယ္ပုံစံကို ပုံေဖာ္ေပးပါတယ္။ ေလ့က်င့္ခန္းေတြလုပ္ပါ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ေတြစားေပးပါ။ You Only Live Once ဆိုေပမယ့္ အသက္ရွည္ရွည္လွလွပပ ေနရမွာေပါ့။

၇။ လက္ရွိအခ်ိန္မွာေနထိုင္ပါ
အတိတ္မွာ လုပ္ခဲ့သင့္တယ္လို႔ ေတြးၿပီး အတိတ္အတြက္ ေနာင္တမရပါနဲ႔။ ကိုယ့္အေပၚ မေကာင္းတဲ့ မေမ့ႏိုင္ေသးတဲ့ လူတစ္ေယာက္ကိုလည္း ေမ့လိုက္ပါ။ အနာဂတ္အတြက္လည္း ႀကိဳၿပီး ေတြးပူမေနပါနဲ႔။ လက္ရွိအခ်ိန္ကိုပဲ အေကာင္းဆုံးႀကိဳးစားၿပီး အာ႐ုံစိုက္ပါ။

အေပၚမွာ ေျပာခဲ့တဲ့အခ်က္ေတြက အသက္ ၃၀ ေက်ာ္မမက ညီမေလးေတြကို ေျပာခ်င္တဲ့အရာေတြပါပဲ။ ပ်က္အစဥ္ျပင္ခဏ ဆိုတဲ့အတိုင္း အေပၚက ညီမေလးတို႔ သေဘာက်တဲ့အခ်က္ေတြကို ေ႐ြးထုတ္ၿပီး ျပင္ၾကည့္ပါ။

Credit: aunty may
http://www.auntymay.com/life-tips-from-senior-sisters-mts/


Unicode ဖြင့်ဖတ်ရန်

မိန်းကလေးငယ်လေးတို့ကို ၃၀ ကျော်မမတွေ သိစေချင်တဲ့ ဘဝသင်ခန်းစာ (၇) ခု



ဘဝမှာ ရလာတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေက အချိန်တစ်ခုရင်းနှီးရပါတယ်။ ငယ်ရွယ်သူတွေက ကိုယ့်ထက် အသက်ပိုကြီးတဲ့ သူတွေရဲ့ အတွေ့အကြုံတွေကို မှတ်သားသင့်ပါတယ်။ သူတို့ပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်ပေးရပါမယ်။ ဒီလိုဆို ကိုယ်တိုင် မကြုံရပေမယ့် ရှေ့လူတွေ ဘယ်လိုတွေမှားခဲ့တယ် ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို အတုယူနိုင်မှာပါ။ နဂိုရှိရင်းစွဲအသက်ထက် ပိုရင့်ကျက်လာဖို့ ကိုယ့်ထက်အသက်ကြီးတဲ့ မမတွေ ပြောတဲ့စကားတွေကနေ ပညာယူနိုင်ပါတယ်။ အသက် ၃၀ ကျော်မမတွေ ကလေးတွေကို သိစေချင်တဲ့ သင်ခန်းစာတွေကတော့ ဒီလိုပါ-

၁။ အလှအစစ်ဆိုတာ ရင်ဘတ်ထဲက လာတာပါ
မှန်ထဲမှာ ကြည့်ပြီး ကိုယ့်ပုံစံကို မကျေမနပ်ဖြစ်နေပြီလား။ ကိုယ့်ထက် လှတဲ့သူတွေကို ကြည့်ပြီး အားငယ်မိနေပြီလား။ ဒါမှမဟုတ် အလှဂုဏ်နဲ့ရူးမူးပြီး စနိုးဝှိုက်ကာတွန်းထဲကလို ကိုယ့်ထက်လှတဲ့ သူဘယ်သူရှိမလဲ ဆိုပြီး မှန်ရှေ့မှာ မေးနေရတဲ့ မိဖုရားဘဝရောက်နေပြီလား။ အပြင်ပန်းပုံစံတွေက အရေးပါတာမှန်ပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းမှ လူတွေလေးစားတာခံရမှာပါ။ ဒါပေမဲ့ သင့်ရဲ့ နှလုံးသား အတွင်းစိတ်က အရေးအကြီးဆုံးပါ။ အလှစစ်ဆိုတာ ဖြူစင်တဲ့ နှလုံးသားကနေ လာတာပါ။



၂။ ကိုယ့်မူလပုံစံအတိုင်းနေပါ

Facebook ပေါ်က Love React တွေဘယ်နှစ်ခုရှိလဲ Follower ဘယ်လောက်များလဲ ငါ့ကိုဘယ်သူတွေ ဂရုမစိုက်ကြဘူးလဲ စတာတွေ တွေးပြီး ပြောင်းလဲနေတဲ့ခေတ်နောက် အမှီလိုက်နေရပြီလား။ ခဏတဖြုတ် စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုတွေနောက်လိုက်ပြီး သင့်ရဲ့ စစ်မှန်တဲ့ ပုံစံနဲ့ ဝေးကွာသွားတတ်ပါတယ်။ ကိုယ်က ဘယ်လိုလူလဲဆိုတာကော မေးဖြစ်ရဲ့လား။ ကိုယ်က ဘယ်ဟာကိုတကယ်ကြိုက်လဲ ဘယ်ဟာကိုမုန်းလဲ မေးမိရဲ့လား။ လူတစ်ယောက်ကို အားကျရုံနဲ့ အဲ့လူပုံစံ လိုက်တုစရာမလိုပါဘူး။ ကိုယ့်အကြိုက် ကိုယ့်ပုံစံနဲ့ နေထိုင်ပါ။ ဟန်ဆောင်မှုတွေများတာက သင့်အတွက် မကောင်းပါဘူး။

၃။ ပိုက်ဆံစစုပါ
ဘယ်မုန့်လေးက ကောင်းလို့ သွားစားလိုက်ရပြန်ရော၊ ဘယ်အင်္ကျ ီလေးက လှလွန်းလို့ဆိုပြီး ဝယ်မိပြန်ရော။ အစားအသောက်ကောင်းတွေ၊ အလှအပပစ္စည်းတွေနောက်လိုက်ပြီး ရလာတဲ့လစာလေးကော စုမိရဲ့လား။ ရလာတဲ့ပိုက်ဆံကို သတ်သတ်မှတ်မှတ် ထားပြီးစုပေးပါ။ မစားရဘူး မဝယ်ရဘူးလို့မဆိုလိုပါဘူး။ တစ်လကို ဘယ်လောက်စုမယ်ဆိုပြီး Target ထားပါ။ အဲ့စုတဲ့ငွေကို လုံးဝမထိပါနဲ့။


၄။ မကောင်းတဲ့ယောကျာ်းတွေက ကောင်းလာဖို့မရှိပါဘူး
လိမ္မာတဲ့ကောင်မလေးတွေက ခပ်ဆိုးဆိုးဂျစ်ကန်ကန် ကောင်လေးတွေကို သဘောကျတတ်တယ်တဲ့။ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ယုံကြည်ထားတာတစ်ခုရှိပါတယ်။ ဒါကတော့ လူဆိုးလေးတွေကို လိမ္မာအောင် ညွှန်ပြပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ လူတစ်ယောက်က ကိုယ်ကိုယ်တိုင် ပြောင်းလဲချင်စိတ်မရှိရင် ဘယ်သူကြီးပဲ ဖြစ်နေပါစေ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် ကောင်းတဲ့လူတစ်ယောက်ကိုပဲ စဉ်းစားပါ။ ကိုယ့်အတွက် မကောင်းတဲ့လူ ကိုယ့်ကို နာကျင်စေတဲ့လူကို မျှော်လင့်ရင်းစောင့်မနေပါနဲ့။ သင့်အပေါ် ဂရုစိုက်ပြီး ကြင်နာတဲ့ ယောကျာ်းလေးတစ်ယောက်က ဒီအချိန်မရှိသေးရင်တောင် တစ်ချိန်ချိန် သင့်ရှေ့ရောက်လာမှာပါ။

၅။ သူငယ်ချင်းတွေကို ချစ်ပါ
သင်က ဘယ်လောက်ထိပဲ အဆင်မပြေဖြစ်နေပါစေ။ သူငယ်ချင်းကောင်းတွေ အနားမှာ ရှိတာက မင်္ဂလာတစ်ပါးပါပဲ။ ကိုယ့်ရည်းစားကိုပဲ အချိန်ပေးမိပြီး သူငယ်ချင်းတွေကို ခေါက်ထားတာမျိုးမလုပ်ပါနဲ့။ သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။ သူတို့နဲ့ အပြင်သွားပါ။ ငယ်တုန်းရွယ်တုန်းပျော်ပျော်နေပါ။ ရည်းစားနောက်လိုက်ရင်း အိမ်ထောင်ရှင်မကြီးလို မနေပါနဲ့။


၆။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ
သင်စားတဲ့အရာက သင့်ခန္ဓာကိုယ်ပုံစံကို ပုံဖော်ပေးပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားပေးပါ။ You Only Live Once ဆိုပေမယ့် အသက်ရှည်ရှည်လှလှပပ နေရမှာပေါ့။

၇။ လက်ရှိအချိန်မှာနေထိုင်ပါ
အတိတ်မှာ လုပ်ခဲ့သင့်တယ်လို့ တွေးပြီး အတိတ်အတွက် နောင်တမရပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ မမေ့နိုင်သေးတဲ့ လူတစ်ယောက်ကိုလည်း မေ့လိုက်ပါ။ အနာဂတ်အတွက်လည်း ကြိုပြီး တွေးပူမနေပါနဲ့။ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးကြိုးစားပြီး အာရုံစိုက်ပါ။

အပေါ်မှာ ပြောခဲ့တဲ့အချက်တွေက အသက် ၃၀ ကျော်မမက ညီမလေးတွေကို ပြောချင်တဲ့အရာတွေပါပဲ။ ပျက်အစဉ်ပြင်ခဏ ဆိုတဲ့အတိုင်း အပေါ်က ညီမလေးတို့ သဘောကျတဲ့အချက်တွေကို ရွေးထုတ်ပြီး ပြင်ကြည့်ပါ။

Credit: aunty may 


Previous
Next Post »
Powered by Blogger.