Zawgyi ျဖင့္ဖတ္ရန္
အေနေအးၿပီး၊ သေဘာေကာင္းလြန္းလို႔ ပရိသတ္ေတြရဲ႕သေဘာက်ႏွစ္သက္ျခင္းကို အျပည့္အဝရရွိထားတဲ့ အဆိုေတာ္ သားဂန္းကေတာ့ ခ်ိဳသာၾကည္လင္တဲ့ ပါရမီထူးတဲ့ အသံကို ပိုင္ဆိုင္ထားသူတစ္ဦးပါ။ လတ္တေလာမွာေတာ့ သားဂန္းက အခ်စ္ဦးရဲ႕အဓိပၸါယ္ကို ေလးေလးနက္နက္ဖြင့္ဆိုလာတာ ေတြ႕ရပါတယ္။ အခ်စ္ဦးဆိုတာ ပထမဦးဆုံးခ်စ္တဲ့သူမဟုတ္ပဲ ဘယ္သူ႔ကိုမွ မခ်စ္ဖူးတဲ့ အခ်စ္နဲ႔ ခ်စ္မိသြားတဲ့သူကို ေခၚေဝၚေၾကာင္း ေျပာျပခဲ့တဲ့ သားဂန္းကေတာ့ ခ်စ္သူမမကို အရမ္းခ်စ္တတ္လြန္းသူႀကီးပါပဲေနာ္။
သားဂန္းကေတာ့ “တကယ္ေတာ့ ပထမဦးဆုံးခ်စ္ခဲ့တဲ့အခ်စ္က အခ်စ္ဦးမဟုတ္ပါဘူး မည္သူ႔ကိုမွ် မခ်စ္ဘူးတဲ့အခ်စ္မ်ိဳးနဲ႔ခ်စ္မိၿပီးခ်စ္ေနတဲ့သူကိုသာ အခ်စ္ဦးလို႔ေခၚတာပါဗ် အခ်စ္ဆုံးဆိုလည္းမမွားပါဘူးဗ် ဆိုၿပီး သူ႔ရဲ႕အခ်စ္ဦးလည္းျဖစ္ အခ်စ္ဆုံးလည္းျဖစ္တဲ့ ခ်စ္သူမမကို ရည္႐ြယ္တဲ့ စာေလးကို လူမႈကြန္ယက္မွာ တင္ထားတာပါ။
ေဘဘီေမာင္နဲ႔ သားဂန္းတို႔ ခ်စ္သူစုံတြဲကေတာ့ တစ္ဦးကိုတစ္ဦး နားလည္မႈအျပည့္ေပးၿပီး ေရွ႕ဆက္ေနၾကတဲ့ Ro ဆန္ဆန္စုံတြဲေလးမို႔ ပရိသတ္ေတြကလည္း ေစာင့္ၾကည့္ေနၾကရတာပါ။
သားဂန္းနဲ႔ ေဘဘီေမာင္တို႔ ခ်စ္သူႏွစ္ဦးကေတာ့ တစ္ဦးရဲ႕မိဘေတြနဲ႔လည္း တစ္ဦး ရင္းႏွီးၾကၿပီး၊ ၿပီးျပည့္စုံတဲ့ အနာဂါတ္ေလး ျဖစ္ဖို႔အတြက္ ႏွစ္ေယာက္လုံး အလုပ္ႀကိဳးစားေနၾကတာပါ။ လတ္တေလာမွာေတာ့ သားဂန္းက သီခ်င္းအသစ္ေတြ ဖန္တီးျဖစ္ေနၿပီး မၾကာခင္မွာ ပရိသတ္ေတြဆီ ခ်ျပဖို႔ရွိတယ္လို႔လည္း သိရပါတယ္။
share from:burmese.asia
Unicode ဖြင့်ဖတ်ရန်
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ချစ်မိသွားတဲ့သူကို အချစ်ဦးလို့ခေါ်တယ်ဆိုတဲ့ သားဂန်း
အနေအေးပြီး၊ သဘောကောင်းလွန်းလို့ ပရိသတ်တွေရဲ့သဘောကျနှစ်သက်ခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော် သားဂန်းကတော့ ချိုသာကြည်လင်တဲ့ ပါရမီထူးတဲ့ အသံကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ သားဂန်းက အချစ်ဦးရဲ့အဓိပ္ပါယ်ကို လေးလေးနက်နက်ဖွင့်ဆိုလာတာ တွေ့ရပါတယ်။ အချစ်ဦးဆိုတာ ပထမဦးဆုံးချစ်တဲ့သူမဟုတ်ပဲ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်နဲ့ ချစ်မိသွားတဲ့သူကို ခေါ်ဝေါ်ကြောင်း ပြောပြခဲ့တဲ့ သားဂန်းကတော့ ချစ်သူမမကို အရမ်းချစ်တတ်လွန်းသူကြီးပါပဲနော်။
သားဂန်းကတော့ “တကယ်တော့ ပထမဦးဆုံးချစ်ခဲ့တဲ့အချစ်က အချစ်ဦးမဟုတ်ပါဘူး မည်သူ့ကိုမျှ မချစ်ဘူးတဲ့အချစ်မျိုးနဲ့ချစ်မိပြီးချစ်နေတဲ့သူကိုသာ အချစ်ဦးလို့ခေါ်တာပါဗျ အချစ်ဆုံးဆိုလည်းမမှားပါဘူးဗျ ဆိုပြီး သူ့ရဲ့အချစ်ဦးလည်းဖြစ် အချစ်ဆုံးလည်းဖြစ်တဲ့ ချစ်သူမမကို ရည်ရွယ်တဲ့ စာလေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
ဘေဘီမောင်နဲ့ သားဂန်းတို့ ချစ်သူစုံတွဲကတော့ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်ပေးပြီး ရှေ့ဆက်နေကြတဲ့ Ro ဆန်ဆန်စုံတွဲလေးမို့ ပရိသတ်တွေကလည်း စောင့်ကြည့်နေကြရတာပါ။
သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးရဲ့မိဘတွေနဲ့လည်း တစ်ဦး ရင်းနှီးကြပြီး၊ ပြီးပြည့်စုံတဲ့ အနာဂါတ်လေး ဖြစ်ဖို့အတွက် နှစ်ယောက်လုံး အလုပ်ကြိုးစားနေကြတာပါ။ လတ်တလောမှာတော့ သားဂန်းက သီချင်းအသစ်တွေ ဖန်တီးဖြစ်နေပြီး မကြာခင်မှာ ပရိသတ်တွေဆီ ချပြဖို့ရှိတယ်လို့လည်း သိရပါတယ်။
share from:burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon