Zawgyi ျဖင့္ဖတ္ရန္
ခီေမာင္ႏွံဟာ ဇာတ္ကား ၂ ကား ၃ ကားေလာက္နဲ႔ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ၿပီး ပရိသတ္ အခိုင္အမာ ရရွိလာတဲ့အႏုပညာရွင္ေတြျဖစ္ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံဟာ ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ တသားထဲ ျဖစ္ေစတဲ့ ဇာတ္ကား သုံးကားကို ႐ိုက္ၿပီး ေအာင္ျမင္မႈေတြ တသီႀကီး ရရွိထားသလို ျမန္မာႏိုင္ငံတင္မက ႏိုင္ငံရပ္ျခားေတြက ပရိသတ္ေတြရဲ႕အားေပးမႈေတြပါရရွိထားသူေတြဆိုရင္လည္းမမွားပါဘူး။
လက္ရွိမွာလည္း သူတို႔ဇနီးေမာင္ႏွံရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ ဇာတ္ကား Now and Ever (ထာဝရေႏွာင္ႀကိဳး) ဇာတ္ကားကေတာ့ ေအာင္ျမင္မႈ ႀကီးႀကီးမားမား ရထားၿပီး အေအာင္ျမင္ဆုံးကားလို႔ေတာင္ ေျပာလို႔ရပါတယ္။ ၾကည့္ၿပီးသူတိုင္း ေကာင္းတဲ့ တုန္႔ျပန္မႈေတြသာ ရရွိထားတဲ့ Now and Ever ဟာ အံ့မခန္းဝင္ေငြေတြကိုလည္းရရွိခဲ့တာပါ။ Now and Ever ရဲ႕ ဝင္ေငြကေတာ့ သိန္းေပါင္းႏွစ္ေသာင္းေလးေထာင္ေက်ာ္တယ္လို႔ သိရပါတယ္။ အဲဒီဇာတ္ကားအတြက္ အခြန္ေဆာင္ရတာကေတာ့ သိန္းေပါင္း ေထာင့္ရွစ္ရာေက်ာ္ပါတယ္တဲ့။
ခရစ္စတီးနားခီက အင္တာဗ်ဴးေတြမွာအခြန္ေဆာင္ရတာနဲ႔ပတ္သက္ၿပီးေျပာျပခဲ့သလို မၾကာေသးမီကလည္း Myanmar Celebrity နဲ႔ အင္တာဗ်ဴးတစ္ခုကို share ၿပီး သူမရဲ႕ လူမႈကြန္ယက္ကေန ႐ိုက္ခဲ့ၿပီးတဲ့ကားေတြမွာအခြန္ေဆာင္ခဲ့ရတာနဲ႔ပတ္သက္ၿပီးေသခ်ာရွင္းျပထားခဲ့သလို မုျဒာဇာတ္ကားမွာေတာ့ သင္ခန္းစာအႀကီးအက်ယ္ရခဲ့တယ္လို႔လည္းရင္ဖြင့္ထားခဲ့ပါတယ္။ ခရစ္စတီးနားခီက အခြန္ေဆာင္ရတဲ့လုပ္ငန္းစဥ္ေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့အေတြ႕အႀကဳံေတြကို သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ထားခဲ့တာပါ။
ခရစ္စ္က “Tax အေၾကာင္းကို ေသခ်ာ မေျပာျပလိုက္ႏိုင္ခဲ့ဘူး..အျမန္ေတြေျပာရတာဆိုေတာ့…ဥပါယ္တံမ်ဥ္က လြယ္လြယ္ပဲေပးႏိုင္လိုက္ပါတယ္…မုျဒာမွာေတာ့ သင္ခန္းစာ အႀကီးႀကီးရခဲ့ပါတယ္…ရွယ္ရာရွင္ကို မခြဲေဝေပးခင္ အျမတ္ခြန္ႏူတ္ၿပီးမွ ေပးရတယ္ဆိုတာနားမလည္ခဲ့ဘူး…အခြန္႐ုံးမွာ စာရင္းတင္ဖို႔လုပ္ေတာ့ accountant ဌါးလိုက္မွ ေပးေခ်ရမယ့္ amount ထြက္လာေတာ့ လန္႔သြားရတယ္…လက္ထဲမွာ ကုန္သြယ္ခြန္အတြက္ပဲေကာက္ထားမိတာေလ…သင္ခန္းစာရလိုက္ပါတယ္…အခြန္႐ုံးကိုစာရင္းအပ္ၿပီး ေသခ်ာသြားရွင္းျပရတယ္…အဲ့အခ်ိန္က Now & Ever ႐ိုက္ေနေတာ့ ေငြက အပိုမရွိ..လိုပဲေနတာ…ေနာက္ဆုံးေတာ့ စာရင္းအပ္ၿပီး ႐ုပ္ရွင္ျပရမယ့္အခ်ိန္နဲ႔ ကိုက္ၿပီး ေငြသြင္းမယ့္အခ်ိန္ကိုညႇိရတယ္…ဒါဏ္ေၾကးပါထိပါတယ္…အခု မွေငြသြင္းရမွာ…Now & Ever က်ေတာ့ တခါတည္းေကာက္ထားရတယ္…လုပ္ငန္းအသစ္တခုရဲ႕ အေတြ႕အႀကဳံကို မွ်ေဝေပးျခင္းသာျဖစ္ပါတယ္…ႀကိဳတင္နားလည္သူနဲ႔တိုင္ပင္လုပ္ကိုင္တဲ့အခါ ဝန္ထုပ္ဝန္ပိုးတခုမျဖစ္ေအာင္ပါ”လို႔ ေျပာထားတာေတြ႕ရပါတယ္။
ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ခီေမာင္ႏွံကိုအားေပးၾကလား။ ခီေမာင္ႏွံရဲ႕ ဇာတ္ကားေတြကိုေရာ ၾကည့္ရႈအားေပးျဖစ္ၾကလား။Now and Ever ဇာတ္ကားကိုၾကည့္ရႈၿပီး ခံစားရတဲ့ ခံစားခ်က္ေလးေတြကိုလည္း ေဝမွ်ခဲ့ပါဦး။
share from: theesaychin
Unicode ဖြင့်ဖတ်ရန်
မုဒြာရဲ့ခေါ်သံ မှာ အခွန်ငွေဆောင်ရတဲ့ ပမာဏကြောင့် လန့်သွားတယ်ဆိုတဲ့ ခရစ်စတီးနားခီ
ခီမောင်နှံဟာ ဇာတ်ကား ၂ ကား ၃ ကားလောက်နဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်ပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ တသားထဲ ဖြစ်စေတဲ့ ဇာတ်ကား သုံးကားကို ရိုက်ပြီး အောင်မြင်မှုတွေ တသီကြီး ရရှိထားသလို မြန်မာနိုင်ငံတင်မက နိုင်ငံရပ်ခြားတွေက ပရိသတ်တွေရဲ့အားပေးမှုတွေပါရရှိထားသူတွေဆိုရင်လည်းမမှားပါဘူး။
လက်ရှိမှာလည်း သူတို့ဇနီးမောင်နှံရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကား Now and Ever (ထာဝရနှောင်ကြိုး) ဇာတ်ကားကတော့ အောင်မြင်မှု ကြီးကြီးမားမား ရထားပြီး အအောင်မြင်ဆုံးကားလို့တောင် ပြောလို့ရပါတယ်။ ကြည့်ပြီးသူတိုင်း ကောင်းတဲ့ တုန့်ပြန်မှုတွေသာ ရရှိထားတဲ့ Now and Ever ဟာ အံ့မခန်းဝင်ငွေတွေကိုလည်းရရှိခဲ့တာပါ။ Now and Ever ရဲ့ ဝင်ငွေကတော့ သိန်းပေါင်းနှစ်သောင်းလေးထောင်ကျော်တယ်လို့ သိရပါတယ်။ အဲဒီဇာတ်ကားအတွက် အခွန်ဆောင်ရတာကတော့ သိန်းပေါင်း ထောင့်ရှစ်ရာကျော်ပါတယ်တဲ့။
ခရစ်စတီးနားခီက အင်တာဗျူးတွေမှာအခွန်ဆောင်ရတာနဲ့ပတ်သက်ပြီးပြောပြခဲ့သလို မကြာသေးမီကလည်း Myanmar Celebrity နဲ့ အင်တာဗျူးတစ်ခုကို share ပြီး သူမရဲ့ လူမှုကွန်ယက်ကနေ ရိုက်ခဲ့ပြီးတဲ့ကားတွေမှာအခွန်ဆောင်ခဲ့ရတာနဲ့ပတ်သက်ပြီးသေချာရှင်းပြထားခဲ့သလို မုဒြာဇာတ်ကားမှာတော့ သင်ခန်းစာအကြီးအကျယ်ရခဲ့တယ်လို့လည်းရင်ဖွင့်ထားခဲ့ပါတယ်။ ခရစ်စတီးနားခီက အခွန်ဆောင်ရတဲ့လုပ်ငန်းစဉ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှထားခဲ့တာပါ။
ခရစ်စ်က “Tax အကြောင်းကို သေချာ မပြောပြလိုက်နိုင်ခဲ့ဘူး..အမြန်တွေပြောရတာဆိုတော့…ဥပါယ်တံမျဉ်က လွယ်လွယ်ပဲပေးနိုင်လိုက်ပါတယ်…မုဒြာမှာတော့ သင်ခန်းစာ အကြီးကြီးရခဲ့ပါတယ်…ရှယ်ရာရှင်ကို မခွဲဝေပေးခင် အမြတ်ခွန်နူတ်ပြီးမှ ပေးရတယ်ဆိုတာနားမလည်ခဲ့ဘူး…အခွန်ရုံးမှာ စာရင်းတင်ဖို့လုပ်တော့ accountant ဌါးလိုက်မှ ပေးချေရမယ့် amount ထွက်လာတော့ လန့်သွားရတယ်…လက်ထဲမှာ ကုန်သွယ်ခွန်အတွက်ပဲကောက်ထားမိတာလေ…သင်ခန်းစာရလိုက်ပါတယ်…အခွန်ရုံးကိုစာရင်းအပ်ပြီး သေချာသွားရှင်းပြရတယ်…အဲ့အချိန်က Now & Ever ရိုက်နေတော့ ငွေက အပိုမရှိ..လိုပဲနေတာ…နောက်ဆုံးတော့ စာရင်းအပ်ပြီး ရုပ်ရှင်ပြရမယ့်အချိန်နဲ့ ကိုက်ပြီး ငွေသွင်းမယ့်အချိန်ကိုညှိရတယ်…ဒါဏ်ကြေးပါထိပါတယ်…အခု မှငွေသွင်းရမှာ…Now & Ever ကျတော့ တခါတည်းကောက်ထားရတယ်…လုပ်ငန်းအသစ်တခုရဲ့ အတွေ့အကြုံကို မျှဝေပေးခြင်းသာဖြစ်ပါတယ်…ကြိုတင်နားလည်သူနဲ့တိုင်ပင်လုပ်ကိုင်တဲ့အခါ ဝန်ထုပ်ဝန်ပိုးတခုမဖြစ်အောင်ပါ”လို့ ပြောထားတာတွေ့ရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခီမောင်နှံကိုအားပေးကြလား။ ခီမောင်နှံရဲ့ ဇာတ်ကားတွေကိုရော ကြည့်ရှုအားပေးဖြစ်ကြလား။Now and Ever ဇာတ်ကားကိုကြည့်ရှုပြီး ခံစားရတဲ့ ခံစားချက်လေးတွေကိုလည်း ဝေမျှခဲ့ပါဦး။
share from: theesaychin
Sign up here with your email
ConversionConversion EmoticonEmoticon