ျမတ္စြာဘုရားရွင္ေတာင္ မကယ္ႏိုင္တဲ့ မိသားစု





Zawgyi ျဖင့္ဖတ္ရန္

အရွင္မဟာေမာဂၢလာန္ကိုယ္ေတာ္ျမတ္ ဂိဇၩကုဋ္ေတာင္ဘက္ ႂကြေနစဥ္ လမ္းမွာ ၿပိတၱာေလးေယာက္ကို ေတြ႕လိုက္ေတာ့ တအံ့တၾသနဲ႔ ေမးလိုက္မိတယ္။

“ၿပိတၱာမ၊ ျမင္ရတာ စိတ္မခ်မ္းသာလိုက္တာ။ တစ္ေယာက္က ရဲရဲေတာက္ေနတဲ့ သေလးစပါး ဖ်င္းေတြကို ေခါင္းေပၚမွာ ျဖန႔္ႀကဲၿပီး ပူေလာင္တဲ့ဒဏ္ကို မျပတ္ခံစား ေနရတယ္။ တစ္ေယာက္ကေတာ့ တင္းပုတ္နဲ႔ ကိုယ့္ေခါင္း ကို ျပန္႐ိုက္ခြဲေန တယ္။ တစ္ေယာက္ကေတာ့ ကိုယ့္အသားအေသြးကို ျပန္ဖဲ့စားေနတယ္။ နင္ကေတာ့ ညစ္ပတ္တဲ့ မစင္ေတြကို စားေန တယ္။ ဘယ္လို အကုသိုလ္ေၾကာင့္ ခုလို ခံစားရတာလဲ ေျပာပါဦး”


ၿပိတၱာမိသားစု
မွန္ပါဘုရား။ ဒါ တပည့္ေတာ္တို႔ အရင္က မိသားစုေတြပါ။ ရဲရဲေတာက္ေလာင္ေနတဲ့ သေလးစပါးဖ်င္းေတြ ႀကဲေနတဲ့ သူက သားပါ ဘုရား။ လူ႔ဘဝတုန္းက အေမကို ညဥ္းဆဲခဲ့လို႔ပါ။ တင္းပုတ္နဲ႔ျပန္ထုေနတဲ့ ေကာင္က လင္ပါ။ ေကာက္က်စ္စင္းလဲ တဲ့ ကုန္သည္ေပါ့ဘုရား။ ကိုယ့္အသားကို ဖဲ့စားေနတာက ေခြၽးမပါဘုရား။ သူမကေတာ့ အိမ္မွာ အသားခ်က္ေတာ့ မသိ ေအာင္ အသားေတြ ခိုးစားခဲ့တယ္။ ေမးေတာ့ မစားဘူးလို႔လိမ္တယ္။ အဲဒါေၾကာင့္ ခုလိုျဖစ္ေနတာပါ။




တပည့္ေတာ္မကေတာ့ အဲတုန္းက တစ္အိမ္လုံးကို ဦးစီးတဲ့ အိမ္ရွင္မပါ။ အရမ္းကပ္ေစးနဲခဲ့တယ္။ ဥစၥာရွိသားနဲ႔ မရွိဘူးလို႔ လိမ္ခဲ့တယ္။ ဝွက္ခဲ့တယ္။ သူမ်ားကို ေပးကမ္းကူညီခ်င္းမရွိခဲ့ဘူး။ “ငါ့အိမ္မွာ ဘာပစၥည္းမွ မရွိဘူး။ ရွိရဲ႕သားနဲ႔ လွိူ႔ဝွက္ ခဲ့ရင္ မစင္ စားရပါေစသား” လို႔လိမ္ခဲ့တယ္။ အဲဒီမေကာင္းတဲ့ ကံေတြေၾကာင့္ တပည့္ေတာ္မ ခုလို ပိုးေလာက္ျပည့္ေနတဲ့ မစင္ေတြ စားေနရပါတယ္ဘုရား။

ၿပိတၱာမိသားစု
“အိုး.. တယ္လည္း အျပစ္ႀကီးလွေပတယ္။”

မွန္ပါဘုရား၊ ဒါေၾကာင့္ ကုသိုလ္ကံ၊ အကုသိုလ္ကံဆိုတာ အခ်ည္းအႏွီးမျဖစ္ပါဘူး။ အက်ိဳး ေပးၿမဲပါပဲဘုရား။ အက်ိဳးမေပး ပဲနဲ႔ မေနပါဘူး။ ဒါေၾကာင့္လဲ မေကာင္းတဲ့ ပိုးေလာက္ေတြ ျပည့္ေနတဲ့ မစင္ေတြစားေနရတာ၊ ေသာက္လည္းေသာက္ေနရ တာပါဘုရား။

အရွင္မဟာ ေမာဂၢလာန္ကိုယ္ေတာ္ျမတ္လည္း သက္ျပင္းရွည္ခ်ကာ ၿပိတၱာမိသားစုႏွင့္ ကံ၊ ကံရဲ႕အက်ိဳး၏ ဆန္းၾကယ္မူကို သံေဝဂျဖစ္ၿပီး စိတ္မေကာင္းစြာနဲ႔ပဲ ျပန္ႂကြလာ ပါေတာ့တယ္။

မေကာင္းတာ လုပ္မိသူကို ဘုရားေတာင္ မကယ္ႏိုင္ပါဘူး။ သူ႔လုပ္ရပ္ကို သူကိုယ္တိုင္ပဲ ေပးဆပ္ရၿမဲပါပဲ။ ကိုယ္ေတာ္ျမတ္ လည္း စိတ္မေကာင္းျဖစ္႐ုံကလြဲလို႔ ဘာမွမတက္ႏိုင္။ ဘုရားရွင္ကို အသိေပးေလွ်ာက္ထားၿပီးေတာ့ လက္ရွိလူ႔ဘဝရရွိေန တဲ့ ေနာင္လာေနာက္သားမ်ားကို ဒီၿပိတၱာမိသားစုကို ဥပမာျပၿပီး မေကာင္းတာမလုပ္မိေအာင္ ႏိုးေဆာ္ဖို႔ပဲ ရွိပါတယ္။


ၿပိတၱာမိသားစု
“ပုညံ၀ သုခံ ဇေနတိ၊ အပုညံ ဒုကၡံ ဇေနတိ။
တသၼာ ပုညံ၀ ကာတဗၺံ၊ အပုညံ န စ ကာတဗၺံ။”

“ေကာင္းကံဟာ ေကာင္းက်ိဳးကို ျဖစ္ေစတယ္။
မေကာင္းကံဟာ မေကာင္းက်ိဳးကို ျဖစ္ေစတယ္။
ဒါေၾကာင့္ ေကာင္းကံကို ျပဳရမယ္။
မေကာင္းကံကို မျပဳအပ္ပါဘူး။”

ဒါေၾကာင့္ စာဖတ္သူမ်ားအားလုံးလည္း ဒီၿပိတၱာမိသားစုကို ဆင္ျခင္ သတိဝင္ၿပီး မေကာင္းက်ိဳးကို ျဖစ္ေစတဲ့ကံမ်ားကို အတက္ႏိုင္ဆုံးေရွာင္ပါ။ ေကာင္းက်ိဳးကို ျဖစ္ေစမယ့္ ေကာင္းကံေတြကို တက္ႏိုင္သမွ်ဆည္းပူးပါလို႔ တိုက္တြန္း လိုက္ရ ပါတယ္။

ေရးသားသူ – ေ႐ႊစမ္းေျမ အရွင္ကဝိဓဇသာရ


Unicode ဖြင့်ဖတ်ရန်

မြတ်စွာဘုရားရှင်တောင် မကယ်နိုင်တဲ့ မိသားစု


အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာ ပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။

“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ်မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစား နေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေ တယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေ တယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”


ပြိတ္တာမိသားစု
မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါ ဘုရား။ လူ့ဘဝတုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲ တဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိ အောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။

တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ဝှက်ခဲ့တယ်။ သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။ “ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှိူ့ဝှက် ခဲ့ရင် မစင် စားရပါစေသား” လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။

ပြိတ္တာမိသားစု
“အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။”

မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေး ပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်းသောက်နေရ တာပါဘုရား။

အရှင်မဟာ မောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာ ပါတော့တယ်။

မကောင်းတာ လုပ်မိသူကို ဘုရားတောင် မကယ်နိုင်ပါဘူး။ သူ့လုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘဝရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။


ပြိတ္တာမိသားစု
“ပုညံ၀ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံ၀ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”

“ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”

ဒါကြောင့် စာဖတ်သူများအားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံးရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်း လိုက်ရ ပါတယ်။

ရေးသားသူ – ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ


Previous
Next Post »
Powered by Blogger.