Zawgyi ဖြင့်ဖတ်ရန်
သို့ အ တွက် နိုင်ငံ တ ကာ တွင် သ ရက် သီး ကို ရာ သီ ချိန် မ ဟုတ်ဘဲ ပေါ် အောင် နည်းပ ညာ အ သုံး ချ လာ ကြ သည်။ ရာ သီ ချိန် မ ဟုတ်
ပုံမှုန် ရာသီထက် သရက်သီး စောပေါ် ရန်မှာ သရက်သီး ဆွတ်ခူးပြီး သရက်တုံး သွားသော အပင် ရပ်နား ချိန်တွင် ပိုးကျ ရောဂါရကိုင်း များအား ဖြတ်တောက် ခြင်း၊ ပိုနေသော ကိုင်း များအား သုတ်သင် ခြင်းဖြင့် အပင်ကို သန့်ရှင်းရေး ပြုလုပ်ရမည်။
မိုးသည်းထန်စွာ ရွာသွန်းပါက သုညး၅၂း၂၄ အခြိုး၊ ဓာတ်မြေသြဇာ ၅၀ မွ ၆၀ ဂရမ်ကို ရေ ၂၀ လီတာနွင့်ျေဖာ်၍ အရွက်ျမားကို ဖျန်းပေးရန် လိုအပ်သည်။ မိုးမရွာပါက သုညး၂၅း၄၀ အခြိုးဓာတ်မြေ သြဇာ ၅၀ မွ ၆၀ ဂရမ်ကို ရေ ၂၀ လီတာ နွင့်ျဖာ်၍ ၁၅ ရက်၊ သို့မဟုတ် ၂၀ ရက်၊ သို့မဟုတ် ၃၀ ခြား ဖျန်းပေးရန် လိုအပ်သည်။
၁၅း၃၀း၁၅ ဓာတျမွေ သွဇာကို အနညျးလိုအာဟာရဓာတျမြားနှငျ့ ရော၍ ဓာတျမွသွေဇာအရညျ ၁၀ မီလီမီတာကို ရလေီတာ ၂၀ နှငျ့ရော၍ ပကျဖနျြးပေး ရနျ လိုအပျသညျ။
Unicode ဖြင့်ဖတ်ရန်
သရက်သီးကိုရာသီချိန်မဟုတ်ပဲသီးအောင်လုပ်နည်း
ရာသီချိန်မဟုတ်ပဲသရက်သီးသီးအောင်ဘယ်လိုလုပ်မလဲ
သီချိန်မဟုတ် သရက်သီး၊ သီးစေရန်မြန်မာ နိုင်ငံ တွင် သ ရက် စိုက် ဧ က ၁ ဒ သ မ ၅၅ သန်း ကျော် ခန် ရှိ ပြီး တစ် နှစ်လျှင် သရက်သီး အ လုံး ပေါင်း ၁,၆၅၀ သန်း ကျော် ထွက်ရှိ နေ သည်။
သ ရက် သီး သည် ရာ သီ ချိန် တွင် တစ် ပြိုင် တည်း ပေါ်တတ် သ ဖြင့် ဈေး ကောင်း မ ရ ရှိဘဲ သ ရက်သီး များ ပုပ် ပြီး အ လေ အ လွင့် ဖြစ် ခြင်း များ နှင့် ကြုံ ရ သည်။
သို့ိ အ တွက် နိုင်ငံ တ ကာ တွင် သ ရက် သီး ကို ရာ သီ ချိန် မ ဟုတ်ဘဲ ပေါ် အောင် နည်းပ ညာ အ သုံး ချ လာ ကြ သည်။ ရာ သီ ချိန် မ ဟုတ်
ဘဲ ရာ သီ ထက် စော ၍ သီးခြင်း၊ ရာ သီ ထက် နောက်ကျ သီး ခြင်း နှစ်မျိုး ဖြစ် ပေါ် နိုင်သည်။ ပုံ မှန် ရာ သီ ထက် စော ၍ သ ရက်သီး ပေါ် ခြင်း ကြောင့် ဈေး ကောင်း ရ သည်။
ပေါ် ဦး ပေါ်ဖျား ဖြစ် သ ဖြင့် ဈေး ကွက် တွင် မျက်နှာ ရ သည်။ ရာ သီ ချိန် ထက်နောက်ကျ ၍ သ ရက်သီး ပေါ်ခြင်းသည် ပိုး မွှား ရော ဂါ ကျ ပြီး အ ရည် အ သွေး ပါ ထိ ခိုက်စေ နိုင် သည်
သို့ အ တွက် သ ရက်သီး ကို ပုံမှန်ရာ သီ ထက် စော ၍ သီးအောင် သာ အ လေး ပေး ဆောင်ရွက် လာ ကြ သည်။
ပုံမုှန် ရာသီထက် သရက်သီး စောပေါ် ရန်မှာ သရက်သီး ဆွတ်ခူးပြီး သရက်တုံး သွားသော အပင် ရပ်နား ချိန်တွင် ပိုးကျ ရောဂါရကိုင်း များအား ဖြတ်တောက် ခြင်း၊ ပိုနေသော ကိုင်း များအား သုတ်သင် ခြင်းဖြင့် အပင်ကို သန့်ရှင်းရေး ပြုလုပ်ရမည်။
လာမည့်ရာသီတွင် ပန်းပွင့်ပြီး အသီးသီးပေး နိုင်သော သန်စွမ်းကိုင်းများသာ ကျန်ရှိရန် လိုအပ်သည်။
သရက်အပင်အို၊ အပင်ပျိုများ ကိုင်းဖြတ်တောက်ရှင်းလင်းပြီးပါက ဓာတ်မြေ သြဇာကျွေးရသည်။ လာမည့်ရာသီ သရက် သီးစောရန် အတွက် အားဖြည့် ပေးခြင်း ဖြစ်သည်။
ရာသီချိန်မဟုတ်ပဲသရက်သီးသီးအောင်ဘယ်လိုလုပ်မလဲ
ပေါင်းမြက် ရှင်းလင်း ပြီးပါက သက်တမ်း လေးငါး နှစ်သား အပင် အတွက် နိုက်ထရိုဂျင်၊ ဖော့စ ဖရပ်နှင့် ပိုတက် ဆီယမ် ၃း၁း၁ မြေသြဇာ ကို တစ်ပင်လျှင် နှစ်ကီလို၊ သုံးကီလိုနှုန်း ထည့်ပေးရန်လိုအပ်သည်
သဘာဝမြေသြဇာအဖြစ် ကြက်ချေး၊ နွား ချေး၊ ဝက်ချေး၊ လင်းနို့ချေး၊ ထုံး၊ ဒိုလိုမိုဒ် များကို ရောနှောကျွေးလျှင် ပိုကောင်းသည်။
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ကျွေးရာတွင် အပင်၏ အရွက်အုံးဆိုင်းမှု အောက်တည့်တည့်တွင် လေးငါးနေရာ ကျင်း တူး၍ ထည့်ကျွေးရသည်။ မြေသြဇာ ကျွေးပြီးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်များ ဖုံးပေးရန်လိုအပ်သည်။
သရက်ပင်ကို ကိုင်းဖြတ်၊ မြေသြဇာ ကျွေး ပြုလုပ်ပြီးပါက ရေသွင်းပေးရန် လို အပ်သည်။ ရေသွင်းပြီး ငါးရက်မှ ခုနစ်ရက် အတွင်းရွက်နုများ တိုးလာမည်ဖြစ်သည်။
ပုံမုန်ရာသီ၌ ဇူလိုင်လတွင် ဒုတိယအကြိမ် ရွက်နုထွက်သည်။ ၎င်းင်းအရွက်များသည် မိုးရာသီ မကုန်မီ အရွက်ရင့်များ ဖြစ် သွားပြီး ကြီးထွားမှု ရပ်ဆိုင် သွားသည်။
ရွက်နု ထွက်ချိန် သည် သရက်သီး ချိန်အတွက် အဓိက အချက် ဖြစ်သည်။ ရွက်နုများ မရင့် ခင်အဆင့်တွင် အရွက်များ ကြေးနီရောင် ဖြစ်လာသည်။ အရွက်နုများ အဆင့်ဆင့် ကြီးထွားလာသည်။
၎င်းင်းအချိန်တွင် လှေး ပိုး၊ ရွက်စားပိုး၊ ကျိုင်း၊ ဒက်ပိုးတုနှင့် မှည့် ပျောက်စွန်းရောဂါများ ကျရောက်တတ် သဖြင့် သတိပြုကြိုတင်ဆောင်ရွက်ရန် လို အပ်သည်။
ပုံမှန်မဟုတ်သော ရာသီတွင် သရက် သီးပေါ်စေရန်မှာ ပထမအကြိမ်ထွက်သော ရွက်နုများမရင့်မှီအချိန်တွင် ဆောင်ရွက်ရ သည်။ သရက်ဖူးများ နိုးကြားလာ စေရန်နှင့် အဖူးထွက် ပန်းပွင့်လာစေရန်အတွက် အရွက်ရင့်များအပေါ်တွင် ယမ်းစိမ်းဖျော် ရည်ကို ပက်ဖျန်းပေးရသည်။
တချို့ သရက်မျိုး များသညိ သရက်ဖူး များ နိုးကြား စေရန် ယမ်းစိမ်းဖြင့် အကျိုး သက်ရောက်မှု မရှိသဖြင့် P a c l o b u t r a z ol ကို ကြိုတင် အသုံး ပြု၍ အပင်ပိုင်းကြီးထွားမှုကို ဟန့်တား ထားရန် လိုအပ်သည်။ ဈေးကွက်တွင် Cu l t a r, R u n n e r-p, p re d i e tဟူ၍ ဝယ်ယူနိုင်သည်။p a c l o b u t r a z o l သူသည် အရွက်ထက် အမြစ်က ပို၍ ထိရောက်မှု ရှိသည်။
ဆေးကို အသုံးပြုရာတွင် အညွှန်းပါအတိုင်း တိတိ ကျကျ အသုံးပြုရန်လိုသည်။ သရက်ရွက် များသည် အစိမ်းရင့်ရောင်ဖြစ်ပြီး တောင့် တင်းနေပါက သရက်ဖူးများဖြစ်ပေါ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သရက် ရွက်များပါပြီး နူးညံ့ပျော့ပြောင်း
နေခြင်း၊ သေးငယ်လွန်းခြင်း၊ အဆစ်များရှည် ခြင်း၊ ကိုင်းများသေးသွယ်ခြင်း၊ အရေ အတွက်နည်းလွန်းခြင်းဖြစ်နေပါက နိုက် ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ၉း၂၄း၂၄ ဓာတ်မြေသြဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလို ထည့်သွင်းပေးရန်လိုအပ်သည်။ ထည့်သွင်းရမည့် ဓာတ်မြေ သြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် ကွာခြားသည်။
အထက်ပါနှုန်းထားသည် အပင်သက် ၁၇ နှစ်သားအရွယ်အတွက် ဖြစ်သည်။ နောက်ဆုံးထွက်သော အရွက်နုများ ထွက်ပြီး ရင့် သွားသည့်အချိန်တွင် အချိန် အခါမဟုတ်သော မိုးကြောင့်လည်းကောင်း၊ ရေပေးသွင်းခြင်းဖြင့်လည်းကောင်း၊ နောက် ထပ်ရွက်နု များကို ဟန့်တားရန် လိုအပ် သည်။
မိုးသည်းထန်စွာ ရွာသွန်းပါက သုညး၅၂း၂၄ အၿခိဳး၊ ဓာတ်မြေသြဇာ ၅၀ မွ ၆၀ ဂရမ်ကို ရေ ၂၀ လီတာနှငျ့ဖြျော၍ အရှကျမြားကို ဖနျြးပေးရနျ လိုအပျသညျ။ မိုးမရှာပါက သုညး၂၅း၄၀ အခြိုးဓာတျမွေ သွဇာ ၅၀ မှ ၆၀ ဂရမျကို ရေ ၂၀ လီတာ နှငျ့ ဖျြာ၍ ၁၅ ရကျ၊ သို့မဟုတျ ၂၀ ရကျ၊ သို့မဟုတျ ၃၀ ခွား ဖနျြးပေးရနျ လိုအပ်သည်။
သရက်ရွက်များ ရင့်လာချိန်တွင် ပန်းပွင့်ရန် ဆောင်ရွက်ချိန်ဖြစ်သည်။ အကိုင်း ကြီးများ ကျွတ်ဆတ်နေခြင်း၊ အရွက်များ အစိမ်း ရင့်ရောင်ရှိ၍ ချေကြည့်လျှင် ကြွတ် ဆတ်နေပြီး ရွက်နုများကို မတွေ့ရတော့ သည့်အချိန်တွင် ပန်းပွင်လာစေရန် ဆောင်ရွက်သင့် သည့် အချိန်ဖြစ်သည်။
၎င်း အချိန် သည် P a c l o b u tr a z o l ဖျန်းပြီးနောက် ရက် ၁၂၀ မှ ရက် ၁၃၀ အကြာတွင် ဖြစ်သည်။
ဆောင်ရွက်သင့်သည့်အချိန်သည် မြေအစို ဓာတ်ခြောက်သွေ့နေခြင်း၊ ရာသီဥတုသည် တိမ်ကင်းစင်သာယာနေခြင်း၊ မိုးမရွာသော ကာလဖြစ်ခြင်းများ ဖြစ်သည်။
မြန်မာနိုင်ငံ အောက်ပိုင်း တွင် မိုးရာသီ ကုန်ဆုံး ကာလ သည် အသင့် တော်ဆုံး ဖြဈသည်။ ၎င်းအ ခြိန်တွင် အညှန့်သဈျမားထိန်းျခုပ်ရန် သုညး ၂၅း၂၄ ဓာတ်မြေသြဇာ ၅၀ ဂရမ်မွ ၆၀ ဂရမ်ကို ရေ ၁၂၀ လီတာနွင့်ေျဖာ်၍ ဖျန်းပေး ရန် လိုအပ်သည်။
သရက် ပန်းပွင့် စေရန် အတွက် T h i o u r e a ၇၅ ဂရမ်မှ ၈၀ ဂရမ်ကို ရေလီတာ ၂၀ တွင် ဖျော်၍၊ သို့မဟုတ်ရောစပ်၍ အပင်ပေါ်ဖျန်း ပေးရန် လိုအပ်သည်။
ပက်ဖျန်းပြီး တစ်ပတ်အတွင်း မိုးမရွာလျှင် ပို၍အကျိုး သက်ရောက်မှုရှိစေသည်။ ယမ်းစိမ်းကို အသုံးပြုပါက အရွက်များ လောင်ကျွမ်းနိုင် သဖြင့် နှုန်းထားမှန်ကန်ရန်နှင့် ညနေပိုင်း တွင်သာ ဆေးဖျန်းရန် သတိပြုသင့်သည်။
T h i o u r e a ၊ သို့မဟုတ်K N O 3 ဖျန်းပြီး ခုနဈရက်မွ ၁၀ ရက်ကြာပါက ပထမဦးဆုံး ပန်းခိုင်စထွက်ပန်းပွင့်လာသည်။ အနည်းလိုအာဟာရဓာတ် ဃေယ ြါယဇညယသြ ပါဝင် သည့် ၁၅း၃၀း၁၅ ဓာတ်မြေသြဇာကို ကပ် ဆေးနွင့်ရောပြီး ညနေပိုင်းတွင် ပက်ဖျန်းပေးပါ။
ပန်းမပွင့်မီ ခုနစ်ရက်အလိုတွင် ဝတ် မှုန်ကူးရန် အထောက်အကူဖြစ်စေသော ယင်ကောင်၊ ပျားများလာရောက်စေရန် အပင်ပတ်ဝန်းကျင်တွင် ကြက်ချေးများ ဖြန့်ခင်းပေးခြင်း၊ ငါးအူများကို အပင်ပေါ် တွင် ချိတ်ဆွဲပေးခြင်းများကို ဆောင်ရွက်ရန် လိုအပ်သည်။
ပန်းခိုင်ထွက်ပြီး ၁၄ ရက်အကြာတွင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ၂၁ ရက်အကြာတွင် ပန်းဖူး၏ ၅၀ ရာခိုင်နှုန်း ပန်းပွင့်လာသည်။ ပန်း ဖြိုင်ဖြိုင်ပွင့်ချိန်တွင် အသီးပြည့်စုံစွာ သန္ဓေအောင်စေရန်အတွက် ယင်နှင့်ပျား များ၏ အကူအညီများစွာ လိုအပ်သည်။
ဝတ်မှုှုန်ကူး ရန် သင့်တင့်သော အပူချိန်နှင့် စိုထိုင်း ဆသည် အရေးကြီးသည်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်မှ ၄၄ ဒီဂရီ စင်တီ ဂရိတ် သည် ဝတ်မှုန်ကူး သန္ဓေအောင် စေရန် သင့်တော်သော အခြေအနေဖြစ်သည်။
ပန်းပွင့်သန္ဓေအောင်ပြီး ခုနစ်ရက် အကြာတွင် အသီးငယ်ငရုတ်ကောင်းစေ့ အရွယ် အဆင့်ရောက်ရှိလာသည်။ အသီး ငယ်များ ကြီးထွားရန် အပင်ရှိအာဟာရ များကို မျှဝေသုံးစွဲစပြုလာသည်။ သရက်သီး ပဲပုပ်စေ့အရွယ် အဆင့်ရောက်လာပါ က ကြီးထွားမှုလျင်မြန်လာသည်။
အသီး ငယ်ကြာစေ့ရွယ် အဆင့်သို့ ပန်းပွင့်ပြီး တစ်လအကြာတွင် ရောက်ရှိသည်။ ကိုင်း ငယ်၊ ကိုင်းကြီး၊ ပင် မပင်စည်မှ အစာများ ကို အသီးကြီးထွားဖွံ့ဖြိုးမှုအတွက် စုပ်ယူ အသုံးချသည်။
ပန်းခိုင်တစ်ခုလုံးတွင် အသီး ၁၀ လုံးမှ ၁၅ လုံးသာထား၍ သီး ညှပ်၊ သီးကျပ်များကို ဖယ်ရှားပစ်ရန် အထူး အရေးကြီးသည်။
ပန်းပွင့်ပြီး ၄၅ ရက်သားအရွယ်တွင် အသီးခါဥအရွယ်သို့ ရောက်ရှိသည်။ ဤ အဆင့်တွင် အာဟာရ မလုံလောက်ပါကကြွေကျတတ်သည်။
ပန်းပွင့်ပြီး ရက် ၆၀ သား၌ အသီး တွင် ကြက်ဥအရွယ်အဆင့်သို့ ရောက်ရှိ သည်။ ဤအဆင့်တွင် အစိုဓာတ်ပြတ်ခြင်း၊ အာဟာရမလုံလောက်ခြင်းဖြစ်ပါက ကြွေ ကျတတ်သည်။
အပူချိန်နိမ့်လွန်းခြင်း၊ မြင့် လွန်းခြင်းဖြစ်ပါကလည်း ကြွေကျတတ်သည်။ ဤအဆင့်တွင် ပုံမှန်မဟုတ်သော အသီးများကို ခပေးရန် လိုအပ်သည်။ အသီးကြီးထွားမှု ကောင်းစေရန် ၉း၂၄း၂၄ ဓာတ်မြေသြဇာကို တစ်ပင်လျှင် တစ်ကီလို မှ နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၉၀ တွင် အသီးများ ရင့်ရန် နီးကပ်လာချိန်ဖြစ်သည်။ ဤ အဆင့်တွင် ကြီးထွားမှုပိုမိုလာသည်။ ရေ သွင်းရက်ပို၍ခြားပေးပြီး ရေသွင်းချိန်တွင် ၉း၂၄း၂၄ ဓာတ်မြေသြဇာကျွေးပေးရန် လို အပ်သည်။
၁၀ ရက်ကြာလျှင် သရက်သီး ပေါ်၌ ခပ်ပါးပါးဖယောင်းလွှာပေါ်လာ သည်။ ဖယောင်းလွှာပေါ်လာစေရန် ၉း၂၄း ၂၄ ဓာတ်မြေသြဇာအရည် ၂၀ မီလီမီတာ နှင့် ၃၀ မီလီမီတာကို ရေလီတာ ၂၀ နှင့် ရော၍ ပက်ဖျန်းပေးရန် လိုအပ်သည်။
ဤနည်းဖြင့် ရာသီချိန်မဟုတ် ပန်း ပွင့်ပြီး ရက် ၁၁၀၊ ရက် ၁၁၅ ရက် ကြာတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးသော သရက်သီး များကို စနစ်တကျ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်
Credit: အောင်ဆန်း (စိုက်ပျိုးရေး)R e f;T h e F a r m e r M e d ia
Previous
Next Post »
Powered by Blogger.