ညီနႏၵကို မိမိကိုယ္တိုင္သိန္းေထာင္ခ်ီ ဝင္ၿပီးအဆင္ေျပခဲ့တဲ့ နည္းလမ္းကို ေဝမွ်ေပးခဲ့တယ္ဆိုတဲ့ ဆုပန္ထြာ




Zawgyi ျဖင့္ဖတ္ရန္

႐ုပ္ရွင္သ႐ုပ္ေဆာင္ ဆုပန္ထြာ ဟာဆိုရင္ သူမရဲ႕ ေက်ာ့ရွင္းတဲ့အလွ ၊ လိုက္ဖက္တဲ့ဇာတ္႐ုပ္ေတြကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္သူတစ္ဦးျဖစ္တာေၾကာင့္ ယေန႔တိုင္ ပရိသတ္ရဲ႕ အားေပးမႈကို ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ သူမဟာဆိုရင္ဇာတ္ကားေပါင္းမ်ားစြာကို ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ၊ ပရိသတ္ကိုလည္း သူမတတ္ေျမာက္တဲ့ အႏုပညာနဲ႔ ေဖ်ာ္ေျဖခဲ့သူလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ခ်စ္ခင္ရတဲ့ မိသားစုကို ပိုင္ဆိုင္ထားႏိုင္ၿပီး သာယာဖြယ္ အိမ္ေထာင္ေရးကိုလည္း ရရွိထားသူတစ္ဦးျဖစ္ပါတယ္။



သူမ အေနနဲ႔ အခက္ခဲေပါင္းမ်ားစြာကို ႐ုန္းကန္ရပ္တည္ခဲ့ရေပမယ့္ ဘုရားတရားကိုေတာ့ အၿမဲအာ႐ုံျပဳျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိအေျခအေနတစ္ခုကို ပိုင္ဆိုင္ႏိုင္တာဟာလည္း ဘုရားတရားရဲ႕ ဂုဏ္ေက်းဇူးေတာ္ေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။သူမဟာ ေန႔စဥ္ ေမတၱာသုတ္ နဲ႔ မဟာသမယသုတ္ကို အနည္းဆုံး တစ္ေခါက္ေတာ့႐ြတ္ဖတ္ပူေဇာ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း လက္ရွိမွာ ထိုက္သင့္တဲ့ အေနအထား တစ္ခုကို ရရွိလာတာလို႔လည္း သူမယုံၾကည္ေနပါတယ္။





သူမ အေနနဲ႔ အႏုပညာေမာင္ႏွမျဖစ္တဲ့ သ႐ုပ္ေဆာင္ ညီနႏၵကိုလည္း ယခုကဲ့သို႔ နည္းလမ္းေကာင္းမ်ား ေပးခဲ့ဖူးတယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္ ညီနႏၵလည္း တစ္ေန႔ကို ၄ ေခါက္ ပင္ ႐ြတ္တာေၾကာင့္ သူမထက္ ပိုေတာ္တဲ့သူအျဖစ္လည္းသူမက ခ်ီးမြမ္းေျပာဆိုပါတယ္။ ဒါ့အျပင္ ညီနႏၵက ပိုမိုႏုပ်ိဳေနတာကလည္း ဘုရားတရားေက်းဇူးေၾကာင့္လို႔ သူမက ယုံၾကည္ေနပါတယ္။



သူမ အေနနဲ႔ သိန္းေထာင္ခ်ီနဲ႔ ေငြေၾကးကို မေပးႏိုင္ေပမယ့္ အခုလိုေလး အသိမိတ္ေဆြေတြကို မွ်ေဝေပးႏိုင္တာပဲ ေက်နပ္မိတယ္လို႔ ဆိုပါတယ္။ ပရိသတ္ႀကီးေတြ အေနနဲ႔လည္း ယုံယုံၾကည္ၾကည္႐ြတ္ဖတ္ ပူေဇာ္ႏိုင္ၾကေစဖို႔လည္း သူမက တိုက္တြန္းထားပါတယ္။

share from:burmese.asia


Unicode ဖြင့်ဖတ်ရန်

ညီနန္ဒကို မိမိကိုယ်တိုင်သိန်းထောင်ချီ ဝင်ပြီးအဆင်ပြေခဲ့တဲ့ နည်းလမ်းကို ဝေမျှပေးခဲ့တယ်ဆိုတဲ့ ဆုပန်ထွာ


ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ ဟာဆိုရင် သူမရဲ့ ကျော့ရှင်းတဲ့အလှ ၊ လိုက်ဖက်တဲ့ဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် ယနေ့တိုင် ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာဆိုရင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့သလို ၊ ပရိသတ်ကိုလည်း သူမတတ်မြောက်တဲ့ အနုပညာနဲ့ ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်ခင်ရတဲ့ မိသားစုကို ပိုင်ဆိုင်ထားနိုင်ပြီး သာယာဖွယ် အိမ်ထောင်ရေးကိုလည်း ရရှိထားသူတစ်ဦးဖြစ်ပါတယ်။



သူမ အနေနဲ့ အခက်ခဲပေါင်းများစွာကို ရုန်းကန်ရပ်တည်ခဲ့ရပေမယ့် ဘုရားတရားကိုတော့ အမြဲအာရုံပြုဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတစ်ခုကို ပိုင်ဆိုင်နိုင်တာဟာလည်း ဘုရားတရားရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။သူမဟာ နေ့စဉ် မေတ္တာသုတ် နဲ့ မဟာသမယသုတ်ကို အနည်းဆုံး တစ်ခေါက်တော့ရွတ်ဖတ်ပူဇော်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ ထိုက်သင့်တဲ့ အနေအထား တစ်ခုကို ရရှိလာတာလို့လည်း သူမယုံကြည်နေပါတယ်။



သူမ အနေနဲ့ အနုပညာမောင်နှမဖြစ်တဲ့ သရုပ်ဆောင် ညီနန္ဒကိုလည်း ယခုကဲ့သို့ နည်းလမ်းကောင်းများ ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် ညီနန္ဒလည်း တစ်နေ့ကို ၄ ခေါက် ပင် ရွတ်တာကြောင့် သူမထက် ပိုတော်တဲ့သူအဖြစ်လည်းသူမက ချီးမွမ်းပြောဆိုပါတယ်။ ဒါ့အပြင် ညီနန္ဒက ပိုမိုနုပျိုနေတာကလည်း ဘုရားတရားကျေးဇူးကြောင့်လို့ သူမက ယုံကြည်နေပါတယ်။



သူမ အနေနဲ့ သိန်းထောင်ချီနဲ့ ငွေကြေးကို မပေးနိုင်ပေမယ့် အခုလိုလေး အသိမိတ်ဆွေတွေကို မျှဝေပေးနိုင်တာပဲ ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးတွေ အနေနဲ့လည်း ယုံယုံကြည်ကြည်ရွတ်ဖတ် ပူဇော်နိုင်ကြစေဖို့လည်း သူမက တိုက်တွန်းထားပါတယ်။

share from:burmese.asia




Previous
Next Post »
Powered by Blogger.