တစ္ေနရာစီ ခြဲေနရေပမယ့္ အခ်စ္မေပါ့တဲ့ အိမ္ေထာင္တစ္ခု ျဖစ္ေနေစဖို႔…………




Zawgyi ျဖင့္ဖတ္ရန္

ခုေခတ္အခါမွာ အိမ္ေထာင္ျပဳၿပီးလည္း မိန္းကေလးေတြကပါ အလုပ္လုပ္ေနၾကတာမို႔ ခြဲေနရတဲ့ အိမ္ေထာင္ေတြ မ်ားလာပါတယ္။ အိမ္ေထာင္ျပဳၿပီးရင္ အတူတူေနတာက အေကာင္းဆုံးဆိုေပမယ့္ မလြဲသာတဲ့ အေျခအေနေတြမွာ ခြဲေနရတဲ့အခါတစ္ေယာက္နဲ႔ တစ္ေယာက္ ေသြးမေအးသြားဖို႔ လိုပါတယ္။ အဲ့ဒါေၾကာင့္ အေနေဝးေနလည္း အခ်စ္ေတြ မေအးေစဖို႔ ဘယ္လိုအခ်က္ေတြ လုပ္ရမလဲဆိုတာ ေအာက္မွာဖတ္ၾကည့္လိုက္ပါ…..

(၁) မၾကာခဏ ဖုန္းေျပာေပးပါ

အိမ္ေထာင္သက္ၾကာေနၿပီဆိုရင္ေတာင္ မၾကာခဏ ဖုန္းေျပာေပးဖို႔မေမ့ပါနဲ႔။ တစ္ေန႔တာႀကဳံေတြ႕ရတဲ့ အေၾကာင္းေတြ ေျပာျပပါ။ အခက္အခဲေတြရွိရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ နားေထာင္ေပးၿပီး ကူညီေျဖရွင္းေပးပါ။

(၂) Video call ေျပာဖို႔လည္း မေမ့ပါနဲ႔

ခုေခတ္မွာ video call ေျပာဖို႔ဆိုတာကေတာ့ အလြယ္ေလးပါေနာ္။ ဆိုရွယ္မီဒီယာေတြ အရမ္းမ်ားလာတာ ဒီလိုေဝးေနတဲ့ စုံတြဲေတြအတြက္ေတာ့ ေကာင္းျခင္းတစ္ခုပါပဲ။ အျပင္မွာမဟုတ္ေပမယ့္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ျမင္ႏိုင္တဲ့အတြက္ အလြမ္းေျပေစမွာပါ။

(၃) အေရးႀကီးတဲ့ေန႔ေတြကို သတိတရလက္ေဆာင္ပို႔ေပးပါ
အေရးႀကီးတဲ့ ေမြးေန႔တို႔ ႏွစ္ပတ္လည္ေန႔တို႔ကိုေတာ့ နီးနီးေဝးေဝး မေမ့သင့္ပါဘူး။ အေနေဝးေနရင္ ပိုၿပီးသတိတရနဲ႔လက္ေဆာင္ေလးေတြ ပို႔ေပးသင့္ပါတယ္။ အဲ့ဒါမွ လူခ်င္းေဝးေနေပမယ့္ ႏွလုံးသားခ်င္းနီးေနမွာေလ..။

(၄) တစ္ေယာက္အေပၚတစ္ေယာက္ ယုံၾကည္မႈထားပါ

အေနေဝးေနတဲ့အခါ စိတ္မခ်ျဖစ္ၿပီး သဝန္တိုတာေတြ အယုံၾကည္ကင္းမဲ့တာေတြ ျဖစ္တာဟာႏွစ္ေယာက္လုံး အတြက္ အဆင္မေျပပါဘူး။ မယုံၾကည္တဲ့အခါ တဖက္သားအတြက္ ဂုဏ္သိကၡာထိခိုက္ႏိုင္တာမို႔ အလြန္အကြၽံ စိတ္မခ်ျဖစ္တာေတြေ ရွာင္ၾကဥ္ပါ။

(၅) အနာဂတ္အစီအစဥ္ေတြ မၾကာခဏေျပာပါ


အားလပ္ရက္ ႏွစ္ေယာက္သားေတြ႕ဖို႔ အေျခအေနေပးလာတဲ့အခါ ဘယ္ေနရာေတြ သြားမယ္ ဘာေတြလုပ္ၾကမယ္ ဆိုတာမ်ိဳးကို မၾကာခဏေျပာေပးပါ။ အခ်ိန္ရတိုင္းလည္း ႏွစ္ေယာက္အတူတူ အခ်ိန္ျဖဳန္းေပးပါ။ အဲ့ဒါမွ အေနေဝးလည္း ေသြးမေအးမယ့္ အိမ္ေထာင္တစ္ခုျဖစ္ေနမွာပါ။

Credit: aunty may 

Unicode ဖြင့်ဖတ်ရန်

တစ်နေရာစီ ခွဲနေရပေမယ့် အချစ်မပေါ့တဲ့ အိမ်ထောင်တစ်ခု ဖြစ်နေစေဖို့…………





ခုခေတ်အခါမှာ အိမ်ထောင်ပြုပြီးလည်း မိန်းကလေးတွေကပါ အလုပ်လုပ်နေကြတာမို့ ခွဲနေရတဲ့ အိမ်ထောင်တွေ များလာပါတယ်။ အိမ်ထောင်ပြုပြီးရင် အတူတူနေတာက အကောင်းဆုံးဆိုပေမယ့် မလွဲသာတဲ့ အခြေအနေတွေမှာ ခွဲနေရတဲ့အခါတစ်ယောက်နဲ့ တစ်ယောက် သွေးမအေးသွားဖို့ လိုပါတယ်။ အဲ့ဒါကြောင့် အနေဝေးနေလည်း အချစ်တွေ မအေးစေဖို့ ဘယ်လိုအချက်တွေ လုပ်ရမလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ပါ…..

(၁) မကြာခဏ ဖုန်းပြောပေးပါ

အိမ်ထောင်သက်ကြာနေပြီဆိုရင်တောင် မကြာခဏ ဖုန်းပြောပေးဖို့မမေ့ပါနဲ့။ တစ်နေ့တာကြုံတွေ့ရတဲ့ အကြောင်းတွေ ပြောပြပါ။ အခက်အခဲတွေရှိရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားထောင်ပေးပြီး ကူညီဖြေရှင်းပေးပါ။

(၂) Video call ပြောဖို့လည်း မမေ့ပါနဲ့

ခုခေတ်မှာ video call ပြောဖို့ဆိုတာကတော့ အလွယ်လေးပါနော်။ ဆိုရှယ်မီဒီယာတွေ အရမ်းများလာတာ ဒီလိုဝေးနေတဲ့ စုံတွဲတွေအတွက်တော့ ကောင်းခြင်းတစ်ခုပါပဲ။ အပြင်မှာမဟုတ်ပေမယ့်လည်း တစ်ယောက်မျက်နှာတစ်ယောက် မြင်နိုင်တဲ့အတွက် အလွမ်းပြေစေမှာပါ။

(၃) အရေးကြီးတဲ့နေ့တွေကို သတိတရလက်ဆောင်ပို့ပေးပါ
အရေးကြီးတဲ့ မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့ကိုတော့ နီးနီးဝေးဝေး မမေ့သင့်ပါဘူး။ အနေဝေးနေရင် ပိုပြီးသတိတရနဲ့လက်ဆောင်လေးတွေ ပို့ပေးသင့်ပါတယ်။ အဲ့ဒါမှ လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေမှာလေ..။

(၄) တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုထားပါ

အနေဝေးနေတဲ့အခါ စိတ်မချဖြစ်ပြီး သဝန်တိုတာတွေ အယုံကြည်ကင်းမဲ့တာတွေ ဖြစ်တာဟာနှစ်ယောက်လုံး အတွက် အဆင်မပြေပါဘူး။ မယုံကြည်တဲ့အခါ တဖက်သားအတွက် ဂုဏ်သိက္ခာထိခိုက်နိုင်တာမို့ အလွန်အကျွံ စိတ်မချဖြစ်တာတွေေ ရှာင်ကြဉ်ပါ။

(၅) အနာဂတ်အစီအစဉ်တွေ မကြာခဏပြောပါ


အားလပ်ရက် နှစ်ယောက်သားတွေ့ဖို့ အခြေအနေပေးလာတဲ့အခါ ဘယ်နေရာတွေ သွားမယ် ဘာတွေလုပ်ကြမယ် ဆိုတာမျိုးကို မကြာခဏပြောပေးပါ။ အချိန်ရတိုင်းလည်း နှစ်ယောက်အတူတူ အချိန်ဖြုန်းပေးပါ။ အဲ့ဒါမှ အနေဝေးလည်း သွေးမအေးမယ့် အိမ်ထောင်တစ်ခုဖြစ်နေမှာပါ။

Credit: aunty may 

Previous
Next Post »
Powered by Blogger.