ေက်းဇူးေတာ္ရွင္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ ၃ႏွစ္၃လ၃ရက္ ဂူမဝင္ခင္အမွာစကား




Zawgyi ျဖင့္ဖတ္ရန္

ထူးထူး ျခားျခား မိုင္းဖုန္းဆရာေတာ္ဘုရားႀကီး၏ အမွာစကားမ်ားေက်းဇူးေတာ္ရွင္ မိုင္းဖုန္းဆရာေတာ္ႀကီး၏၃ႏွစ္၃လ၃ရက္ဂူမဝင္ခင္အမွာစကား(၁၇-၄-၂၀၁၉)ရက္ေန႔ႏွစ္ဆန္းတရက္ေန႔ ညဦးပိုင္းအခ်ိန္ မိုင္းဖုန္းေက်ာင္း ေဗာဓိေညာင္ပင္ရင္း၌ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးမွ အဓိဓာန္ ဂူမဝင္ခင္ေဟာၾကားသည့္ တရားေတာ္အား ဘာသာျပန္ဆို တင္ျပေပးလိုက္ပါတယ္။



ေအးခ်မ္းတဲ့ေန႔ရက္ ေကာင္းျမတ္တဲ့ အခ်ိန္အခါသမယ ဆရာဒကာေတြ လာေတြ႕ဆုံၾကတယ္၊ သာသနာႏွစ္၊ ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳသြားတာ ၂၅၆၃ ႏွစ္ထဲမွာ (၆)လ(ရွမ္း လ) လဆန္း(၁၃) (၁၉) ရက္ဆို လျပည့္ေတာ့မယ္၊ ဒီေန႔ ဒီရက္ မိုင္းဖုန္းဆရာေတာ္ဦးဉာဏသံဝရ မေန႔ကညက မိုင္းဖုန္းကိုျပန္ေရာက္လာတယ္၊သာသနာသြားျပဳတယ္ မိုင္းဟဲ့ မိုင္းဖန္က ဂူမွာ ႏွစ္သစ္သြားႀကိဳလာတယ္၊ ေကာင္းျမတ္တဲ့ အလုပ္ကို သြားလုပ္တယ္၊ ေနရာတိုင္း ၿမိဳ႕တိုင္းမွာ ကုသိုလ္ေကာင္းမႈ သြားလုပ္လာတယ္၊ မိုင္းတိ မိုင္းယန္း မိုင္းစဟဲ မွာ ထီးေတာ္ သြားတင္လာတယ္၊ဝမ္ပန္ေနာင္႐ြာမွာ ဌာပနာ သြားထည့္ၿပီး ေရစက္ခ်လာတယ္၊ ပန္ဆန္း ဝ ေဆြမ်ိဳးေတြလည္း ဝိုင္းဝန္း လုပ္ေဆာင္ၾကတယ္၊ ဝေတြေကာ ရွမ္းေတြေကာ အလႉလုပ္ၾကတယ္၊ ဝိုင္းဝန္းလႉဒါန္း ေရစက္ခ်ၾကတယ္၊ ဆက္ၿပီးမိုင္းဟဲ့ မိုင္းဖန္ဂူကို ဆက္ႂကြတယ္၊ တညလုံးမိုင္းေယာင္းကိုခရီးႏွင္လာတယ္၊ မိုင္းကိုးက ဒကာႀကီးလည္း မိုင္းယု မိုင္းေယာင္းအထိ လာပင့္တယ္၊ ဆရာေတာ္ႀကီးေတြကိုဝင္ကန္ေတာ့ၿပီးတညလုံးခရီးဆက္လာခဲ့တယ္၊ သာသနာအလုပ္က အရမ္းမ်ားတယ္၊ ဘယ္လိုမွမတတ္ႏိုင္ဘူး။



အလုပ္ေတြ အားလုံးသိမ္းၿပီးရင္ေတာ့ နားေတာ့မယ္၊ ၿပီးရင္ အတိတ္ နိမိတ္ ရွိထားတဲ့အတိုင္း အဓိဌာန္ဝင္မယ္၊မနက္ျဖန္ေန႔ပိုင္း တနာရီ ႏွစ္နာရီဆိုရင္ မိုင္းၾကတ္ဂူကို ခရီးဆက္ေတာ့မယ္၊ မိုင္းဖုန္းကိုထပ္မႂကြလာေတာ့ဘူး၊ သုံးႏွစ္သုံးလ ဂူထဲမွာေသရင္လည္း မေျပာႏိုင္ေတာ့ဘူး၊ မလာေတာ့ဘူး။

ကုသိုလ္ကံ ပါရမီရွိရင္နင္တို႔မ်က္ႏွာကိုျမင္ရအုံးမယ္ ဂူထဲမွာ ေသရင္ေတာ့ မတတ္ႏိုင္ေတာ့ဘူး၊ အဲ့မွာေသရင္လည္း အဲ့မွာ ဌာပနာလိုက္ေတာ့၊ လူေတြရဲ႕ သခၤါရ တရားက ဘယ္လိုမွ မတည္ၿမဲ မခိုင္ၿမဲဘူး၊ ဆရာဆမ္ရဲ႕ အမ်ိဳးသမီးပဲ ၾကည့္ေလ အသက္ (၅၈/၅၉) ပဲရွိေသးတာ ေသသြားတာပဲ၊ ဟိုတေန႔ကလည္းေက်ာက္အရားရဲ႕ အကိုလည္း ေသသြားတာပဲ၊ အဲ့ဒါလည္းေရစက္ခ်ေပးလိုက္တယ္၊ ခံစားရတယ္ဆိုလဲ ဘာမွ မတတ္ႏိုင္ဘူး၊ အိုက္အရားလို မ်ားမ်ားေရစက္ခ်ေပး၊ ေသသြားလည္း ေမ့ေဖ်ာက္လို႔ မရဘူး၊ ေသသြားတဲ့က်ိဳင္းႏြံ(အားဖါ)လည္း ေရစက္ ခ်ေပးရတာပဲ၊ တာခ်ီလိတ္ကေ႐ႊဦးထုပ္ေဆာင္းတဲ့စိုင္းရွန္လည္းနီေပါ ထိုင္ဝမ္ႂကြတဲ့အခ်ိန္ ေသသြားတာပဲ၊ ေ႐ႊဦးထုပ္ေဆာင္းၿပီး မေသႏိုင္ဘူး ဆိုတာ မဟုတ္ဘူး၊



လူေတြကမေကာင္းမႈ လုပ္ရင္ ျမန္ျမန္ ေသႏိုင္တာပဲ၊ လူေတြက သတိတရား သီလတရား ရွိဖို႔ လိုအပ္တယ္၊ ငါက နင္တို႔ကို တကယ္ခ်စ္တာ တကယ္ သနားတာ၊ လူတိုင္း လူတိုင္း ရွမ္း မေျပာဘူး ဗမာ မေျပာဘူး လူႀကီး လူငယ္ မေျပာဘူး ဘာသာ မေျပာဘူး အားလုံးက ငါရဲ႕ ေဆြမ်ိဳး သားခ်င္းေတြပဲ။

ဒီေန႔လည္း ေနာက္ဆုံး စကားေတြ မွာၾကားမယ္၊ ကုသိုလ္ ဘုန္းကံ ရွိေသးရင္ေတာ့ ျပန္ၿပီးေတြ႕ဆုံၾကရမယ္၊ နင္တို႔ရဲ႕ ေမတၱာဂ႐ုဏာႀကီးႀကီးမားမားကို ေတာင္းခံတယ္၊ နင္တို႔ကိုလည္းႀကီးႀကီးမားမားေတာင္းပန္တယ္၊ နင္တို႔ငါ့ကိုမေတာင္းပန္လည္းရတယ္ငါကနင္တို႔ကိုေတာင္းပန္မွာပဲ၊နင္တို႔အေပၚေျပာမွားဆိုမွား ေဝယ်ာဝစၥလုပ္တာတို႔ အမ်ိဳးမ်ိဳးလုပ္ေပးတာတို႔ ကာယကံ (၃)ပါး ဝစီကံ (၄)ပါး မေနာကံ (၃)ပါး ေျပာမွားဆိုမွားရွိရင္ တဦးနဲ႔ တဦး ခြင့္လႊတ္ေပးၾကပါ၊ ငါလည္း သားေတြ သမီးေတြကို ဘယဒါနအားလုံးခြင့္လႊတ္ေပးလိုက္တယ္၊ အႀကီးအကဲေတြကအစ အကုန္လုံး ခြင့္လႊတ္ေပးတယ္။

အခုအခ်ိန္မွာ တေယာက္နဲ႔တေယာက္ ္အာဃာတ မထားဖို႔ အျပစ္အနာေတြမရွိဖို႔၊ အေရွ႕မွာလည္း အာဃာတ မထားဖို႔ အေနာက္မွာလည္းအၿငိဳးအေတးေတြ မထားဖို႔ တေယာက္နဲ႔ တေယာက္အမုန္းတရားမထားဖို႔၊ လူေတြကအတြင္းစိတ္မွာမေက်နပ္စိတ္ အမုန္းတရားေတြထားတတ္ၾကတယ္၊ တေယာက္နဲ႔တေယာက္အေပၚ ေမတၱာ ဂ႐ုဏာ မုဒိတာထားရမယ္၊ သနားၾကင္နာမႈ ထားရမယ္၊ ဒီေလာက ကမာၻမွာ ပိုပို ပူေလာင္ လာတယ္၊ ေနရာတိုင္းမွာ ပူေလာင္လာတယ္ ဘယ္လိုမွေနလို႔မေကာင္းေတာ့ဘူး၊ ဒီလူ႔ေလာကႀကီးမွာအတြင္းလည္းပူ အျပင္လည္းပူ ေနလို႔ မေကာင္းေတာ့ဘူး၊ ခႏၶာကိုယ္ ပူေလာင္႐ုံတင္မကဘူး စိတ္ပါ ပူေလာင္တယ္၊ အသက္ရႈရခက္တယ္၊ တိုင္းျပည္မွာလည္းေနရခက္တယ္။

လူေတြကေတာေတာင္ေတြလည္းမီးရႈိ႕ၾကတယ္၊ အသက္ရႈလည္းၾကပ္၊ မ်က္လုံးေတြလည္းစပ္ကုန္ၿပီ၊ အသက္ရႈလို႔လည္း မရဘူး၊ ဒီကမာၻေလာကမွာမိုးေတြလည္း မ႐ြာဘူး ဒီႏွစ္သစ္မွာ အရမ္းထူးဆန္းတယ္၊ အရမ္း ပူေလာင္တယ္ တကယ္ တကယ္ ပူေလာင္တာ၊ သီလတရား မရွိတဲ့ တိုင္းျပည္က ပိုပို ဆိုးတယ္၊ ပိုၿပီး စိတ္ပင္ပန္းဖို႔ ေကာင္းတယ္၊ ငါတို႔ တိုင္းျပည္မွာ ဗုဒၶသာသနာ မကုန္ေသးတာေတာင္ဒီေလာက္ျဖစ္ေနတာ သာသနာကုန္ရင္ ဘယ္လိုလုပ္ၾကမတုန္း၊ ရင္ေလးဖို႔ ေကာင္းတယ္၊ ေလာကႀကီးက ေမွာင္ေနၿပီ၊ မ်က္လုံးဖြင့္ၿပီးၾကည့္တာေတာင္ အကိုေမာင္ႏွမလည္း မျမင္ရ၊ ကိုယ့္လက္ကိုလည္း မျမင္ရသလို ျဖစ္ေနၿပီး၊ အခ်ိဳ႕က ေအးခ်မ္းတဲ့ေနရာသြားၾကၿပီငါပဲ အၿပီး မိုက္မဲၿပီး ေနတာ ၊ ထုံအတဲ့သူ ေျပာရခက္တဲ့သူ အေနလို႔ ပစၥည္းအေလးကို ထမ္းေနရတယ္၊ စိတ္ဒုကၡႀကီးစြာ ျဖစ္ရတယ္၊ ဒီခႏၶာႀကီးကို ထမ္းေနရတယ္၊ ေမြးရတယ္ အို ရတယ္ နာရတယ္ ေသရတယ္ ဒီေလာကထဲမွာ ေနေနရတယ္ ဘယ္မွ မသြားႏိုင္ဘူး၊ တက္တက္ ဆင္းဆင္း ဒီမိုင္းဖုန္းထဲမွာပဲ ေနေနရတယ္ ဘယ္မွမသြားရဘူး၊တာခ်ီလိတ္မွာပဲ လည္ပတ္ေနတယ္၊ နိဗၺာန္က ေဝးေနၿပီ။

ေကာင္းတာမလုပ္ ျမတ္တာ မလုပ္ပဲ ပါးစပ္က ဆုေတာင္းေန႐ုံနဲ႔ မေရာက္ႏိုင္ဘူး၊ စိတ္ေကာင္း ေစတနာ ထားဖို႔ စိတ္ကို ေအးေအး ခ်မ္းခ်မ္း ထားဖို႔ ေစတနာ သဒၵါ တရားေတြကို ျဖဴျဖဴစင္စင္ လွလွပပ ထားဖို႔ ၊ ငါတို႔ လာဆုံေတြ႕ၿပီး ျမတ္တဲ့ရတနာ ဘုရားျမတ္ တရားျမတ္ သံဃာျမတ္ မိဘျမတ္ ဆရာသမားျမတ္ မယူတတ္ရင္ မျမတ္တဲ့ အလုပ္လုပ္ရင္ လူလည္းမုန္း နတ္လည္းမုန္း ျဖစ္ေနမွာပဲ။

ေစတနာ သဒၵါ တရားကို ေကာင္းေကာင္း မြန္မြန္ ထားၾက၊ ငရဲႀကီးမယ့္ အကုသိုလ္ အလုပ္ ကာယကံ ဝစီကံ မေနာကံ ေတြကို ေရွာင္ရွားၾက၊ မေကာင္းတဲ့ အလုပ္ေတြဆို မလုပ္သင့္ဘူး၊ အားလုံး ေကာင္းတဲ့ အလုပ္ ျမတ္တဲ့ အလုပ္ ဒါန အလုပ္ သီလ အလုပ္ ဘာဝနာ အလုပ္ သမထ ကမ႒ာန္း ဝိပႆနာဉာဏ္ ႐ုပ္ နာမ္ ခႏၶာကို ေစာင့္ၾကည့္၊ အာယတနဓါတ္ ပဋိစၥသမုပၸ ဓမၼ တရား ျမတ္စြာဘုရား သြန္သင္ ဆုံးမထားတာေတြကို မေမ့မေလွ်ာ့ အၿမဲတမ္း မေသမခ်င္း မွတ္ထားၾက၊ မေသမခ်င္း အၿမဲလုပ္၊ ေသရင္ တကယ္ေသတာ ခဏမေသဘူး အရင္ေသသြားခဲ့တဲ့သူေတြလိုပဲ ကိုယ္လည္း သူမ်ားနည္းတူ ေသရမွာ။

ငါ့ကိုပဲၾကည့္ ဒီဆရာေတာ္ အိုကိုပဲၾကည့္ ေရွ႕ေနာက္ ေမ့ေနၿပီ ဆရာသမားေတြကိုလည္း ေရွ႕ေနာက္ စဥ္းစားရင္ အကုန္ မမွတ္မိႏိုင္ေတာ့ဘူး။ ေရွ႕ေနာက္ အကုန္ေမ့ၿပီ ၄၀ ေရွ႕ကို ေမ့တယ္ ၅၀ ေနာက္ကို ေမ့တယ္၊ အိုလာရင္ တုန္တုန္ လူပ္လူပ္နဲ႔ ထမင္းစားရင္လည္း ႏွာေခါင္းေပါက္ထဲကို ထိုးထည့္တယ္၊ ၈၀ ေရာက္လာရင္ ေျမႀကီးထဲ ျမဳပ္ရင္ျမဳပ္ မျမဳပ္ရင္ မီးရႈိ႕ဖို႔ပဲ ရွိေတာ့တယ္၊ ဘာမွမထူးဘူး။

သခၤါရတရားဆိုတာ မတည္ၿမဲဘူး။ လဲလို႔ရရင္ သူက တည္ၿမဲ ေနမွာေပါ့၊ သူက အနိစၥ ဒုကၡ အနတၱ အၿမဲတမ္းျပေနတာ၊ တရားက ျပေနတာ ေန႔ေကာ ညေကာ ခဏေန ေသးေပါက္ခ်င္တယ္၊ ခဏေန ခ်ီးပါခ်င္တယ္၊ ခဏေန စားခ်င္တယ္၊ ဟိုနား နာလိုက္ ဒီနားစပ္လိုက္ ဟိုနားေအာင့္လိုက္ ခဏေန ေခါင္းကိုက္လိုက္ မ်က္စိနာလိုက္ သြားကိုက္လိုက္ ေရာဂါေတြက တမ်ိဳးၿပီး တမ်ိဳး ျဖစ္ေနတယ္၊ သူကေရာဂါမဟုတ္ဘူး ေရာလာတာ ကိုယ့္ဆီ နီးနီးလာလို႔ ေရာလာလို႔ ေျပာတာ၊ မီးေလာင္သလိုမ်ိဳးပဲ တျဖည္းျဖည္း အနားကို ေလာင္ၿမိဳက္လာတာ၊ အစတုန္းက ကစားသလိုပဲ ၾကာလာေတာ့ နီးနီးလာၿပီး တကယ္ ျဖစ္လာတာ။

သူမ်ားေသတာျမင္ရင္လည္း ကိုယ္လည္း ေသရမွာ ဟန္ေဆာင္ၿပီး ေသရတာ မဟုတ္ဘူး တကယ္ေသရမွာ၊ ေသသြားရင္ ေ႐ႊ ေငြ ဥစၥာ ဘာတခုမွ လိုက္မသြားဘူး ေနာက္မွာအကုန္ ပစ္ထားခဲ့ရမွာ၊ သားေတာ္ က်ိဳင္းႏြံ(အားဖါ)ပဲ ၾကည့္လိုက္ ေသသြားေတာ့ ေ႐ႊ ေငြ ဥစၥာေတြ ေနာက္မွာ အကုန္ ထားခဲ့ရတာ၊ ကုသိုလ္ အကုသိုလ္ပဲ ကိုယ္နဲ႔ အတူ ပါသြားတာ၊ ေကာင္းတဲ့ အလုပ္ကို သတိရ ဇြဲ ဝီရိယနဲ႔ ႀကိဳးစားၿပီးလုပ္ ေသမယ့္ရက္ဆိုတာ ကိုယ္ မသိႏိုင္ဘူး သတၱဝါ အားလုံးက ေမြးေန႔ရွိရင္ ေသေန႔ဆိုတာ ရွိတယ္ ေနထြက္ခ်ိန္ရွိရင္ ေနဝင္ခ်ိန္ ရွိမွာပဲ။

သတိတရားမရွိရင္ အလကား ပစ္လိုက္သလိုပဲ၊ ထမင္းစားရင္လည္း ထမင္းက အလကား ျဖစ္သြားတယ္၊ ဟင္းစားရင္လည္း ဟင္းက အလကား ျဖစ္သြားတယ္၊ ေသရည္ေသာက္ ကြမ္းဝါး ေဆးရႈ အလပ သလပ ေျပာဆို အလကားပဲ၊ ဆူဆူညံညံ ေပ်ာ္ပါးေနရင္ အလကား အဓိပၸါယ္ မရွိဘူး၊ ဘယ္ေန႔ ေသမယ္ဆိုတာ မသိႏိုင္ဘူး၊ ေလာကမွာ ေပ်ာ္တယ္ဆိုတာ ခဏတျဖဳတ္ပဲ၊ ဘာမွ မထူးဘူး ေစတနာ ေကာင္းေကာင္းထား၊ မ်က္လႊာခ် မ်က္ႏွာငုံ႔ၿပီး ေကာင္းျမတ္တဲ့အလုပ္ကို သူသူ ငါငါ လုပ္၊ ဒါန သီလ ဘာဝနာ သမထ ကမၼဌာန္း ဝိပႆနာ ႐ုပ္ နာမ္ ခႏၶာ အာယတနဓါတ္ ပဋိစၥ သမုပၸတရား အရိယ သစၥာ ေလးပါး အေပၚမွာ တစိုက္ မတ္မတ္ၾကည့္၊ သစၥာေလးပါးကို မေတြ႕ပဲ ေသသြားရင္ အလကား ရႈံးမယ္။

ေနရတာလည္း ဘာမွ မေကာင္းဘူး လူလာျဖစ္ရတာ အရမ္းခက္ခဲတယ္၊ ရင္ေလးစရာလည္း ေကာင္းတယ္၊ အဲ့ဒါေၾကာင့္ ကိုယ့္ကိုကိုယ္ ခ်စ္ပါ ၊ မေအာင္ခင္မွာ ေႁမြေလးေကာင္ ရန္မျဖစ္ခင္ ေျမ ေရ ေလ မီး မပ်က္ဆီးခင္ ထပ္ခါ ထပ္ခါ လုပ္ၾက၊ ဒါန သီလ ဘာဝနာ ျမတ္စြာဘုရား သြန္သင္ဆုံးမတဲ့ အတိုင္း မလြန္ဆန္နဲ႔ မေမ့ မေလွ်ာ့ပဲ ဝိုင္းဝန္းၿပီး က်င့္ႀကံ ပြါးမ်ားၾက။

ဗုဒၶႏုႆတိ ဓမၼာႏုႆတိ သံဃာႏုႆတိ စာဂႏုႆတိ ေဒဝတာႏုႆတိ မရဏႏုႆတိ ေသရမယ္ဆိုတာ သတိရွိၾက၊ လူေတြက ေသရမယ္လို႔ သတိရွိထားရင္ ေလာဘ ေဒါသ ေမာဟေတြ ေပ်ာက္ကုန္တယ္၊ ေသရမယ္လို႔ သတိမရွိရင္ မာန္မာနက စိတ္ထဲမွာ ကိန္းေအာင္းေနမယ္ မေကာင္းတဲ့စိတ္ ေလာဘ ေဒါသ ေမာဟ မာန္မာန စိတ္ေတြ အဝိဇၨတဏွာစိတ္ေတြ ပိုပို မ်ားလာမယ္ ဒုကၡေတြလည္း ပိုမ်ားလာမယ္၊ ေသဖို႔ သတိရရင္ တေန႔ ငါလည္း ေသရမယ္ တေန႔ သူမ်ား ေမြးသလို ငါလည္း ေမြးရမယ္ သူမ်ား အိုသလို ငါလည္း အိုရမယ္ သူမ်ားနာရင္ ငါလည္း နာရမယ္ သူမ်ားေသတာျမင္ရင္ တေန႔ ငါလည္း ေသရမယ္ဆိုတာ သိလာမယ္၊ မေသခင္မွာ ကိုယ္လုပ္ရမယ့္ အလုပ္ကို ထပ္ခါ ထပ္ခါ လုပ္ သူမ်ား အလုပ္ၿပီးတာ မၿပီးတာ စိတ္မဝင္စားနဲ႔ ကိုယ့္အလုပ္ ၿပီးမၿပီးပဲၾကည့္၊ ငါအားကိုးရွိၿပီးလား ေနရာေကာင္း ရွိၿပီးလား ငါေသသြားရင္ ေကာင္းတဲ့ဖက္ကို သြားမွာလား ဆိုးတဲ့ဖက္ကို သြားမွာလား မ်က္စိမွိတ္ၿပီး တစိုက္ မတ္မတ္ၾကည့္။

ေကာင္းတာလုပ္ရင္ေတာ့ ေကာင္းတဲ့ဖက္ကို သြားရမယ္၊ မေကာင္းတာ လုပ္ရင္လည္း မေကာင္းတဲ့ဖက္ကို သြားရမွာ ဘယ္သူမွ ကိုယ့္ကို မကူညီႏိုင္ဘူး၊ မိဘ ေဆြမ်ိဳး သားခ်င္းေတြဆိုတာ သခ်ႋဳင္းထိပဲ ပို႔ေပးႏိုင္တာ ႏွစ္ရက္သုံးရက္ဆို ေမ့ေပ်ာက္ၿပီ၊ မ်က္ရည္ေတြပဲ သုပ္ၿပီး ၿပီးသြားၿပီ ကိုယ္ပဲ သခ်ႋဳင္းမွာ ပုပ္သိုးၿပီး က်န္ခဲ့ၿပီ၊ ကုသိုလ္ အကုသိုလ္ပဲ ကိုယ့္ရဲ႕ မွီခိုရာျဖစ္မွာ၊
အဲ့ဒါေၾကာင့္ တန္ဖိုးရွိတဲ့ အခ်ိန္ကာလမွာပဲ လုယက္ၿပီး အလႉအတန္း ေကာင္းမႈကုသိုလ္လုပ္ သာသနာအလုပ္ေတြ ေကာင္းတဲ့ အလုပ္ေတြ တည္ေဆာက္သြား။

အခု မိုင္းဖုန္းဆရာေတာ္ အစပ်ိဳး တည္ေထာင္ခဲ့တဲ့ သာသနာလုပ္ငန္းေတြ တည္ေဆာက္ခဲ့တဲ့ အရာေတြ ပဋိယတၱိ သာသနာ ပဋိပတၱိသာသနာ အလုပ္ေတြကို မေမ့မေပ်ာက္ပဲ စုေပါင္းၿပီး လုပ္ေဆာင္သြားၾကပါ၊ ငါရွိေနသည္ျဖစ္ေစ ေသသြားသည္ ျဖစ္ေစ ငါျပဳလုပ္ခဲ့တဲ့ သာသနာ ပါရမီေတြ အဲ့ဒါေတြက မေသႏိုင္ မေပ်ာက္သြားႏိုင္ဘူး၊ ငါလုပ္ခဲ့တဲ့ ပါရမီ ေက်ာင္းေဆာင္ေတြ ေစတီေတြ အရာအားလုံးေတြက နင္တို႔မ်က္စိေအာက္မွာ ျမင္ေတြ႕ေနသလိုပဲ စုေပါင္းၿပီး ဆက္လက္တည္ေဆာက္ ထိန္းသိမ္း ျပဳျပင္သြား ငါ့ဟာ တခုမွ မဟုတ္ဘူး၊ ဒီေက်ာင္း ဒီေနရာေတြကို လာမလုနဲ႔၊ နင္တို႔ လာလုလည္း တေန႔ေသသြားၾကရမွာပဲ၊ ေက်ာင္းထဲမွာ မေကာင္းတာလုပ္ရင္လည္း လာလုယူရင္လည္း ဆရာေတာ္က ဘာမွ ဧရိယာ သတ္မွတ္ထားတာ မရွိဘူး ဘယ္သူမဆို လိုခ်င္တဲ့ ေနရာ ယူၾက ေသသြားရင္ ယူလို႔ ရမွာ မဟုတ္ဘူး။

ဆရာေတာ္ကေတာ့ ဘာမွ မေျပာႏိုင္ဘူး ဘယ္သူမဆို လိုခ်င္တဲ့ ေနရာ လာယူသြားၾကတာ တိုင္းျပည္ရဲ႕ စည္းကမ္း ဥပေဒက အရင္အတိုင္း မဟုတ္ဘူး သက္ဆိုင္ရာ ဥပေဒကို အပ္ေပးလိုက္ၿပီ ဆရာေတာ္နဲ႔ ဘာမွ မသက္ဆိုင္ဘူး၊ နင္တို႔ သူမ်ားပစၥည္း သြားထိၿပီး အဖမ္းခံရရင္လည္း ဆရာေတာ္ မသိေတာ့ဘူး သာသနာလုပ္ငန္း ေက်ာင္းကန္ လုပ္ငန္းေတြ အကုန္လုံးကို အပ္ေပးလိုက္ၿပီး ဆရာေတာ္နဲ႔ ဘာမွ မသက္ဆိုင္ဘူး လူႀကီးေတြကို ဒီေန႔ အပ္ေပးလိုက္ၿပီ၊
ဒီေနရာကို ေရာက္လာတာ ဝမ္းေျမာက္တယ္ လာေရာက္သူေတြကို ျပန္ေပးစရာမရွိဘူး တရားပဲ ေပးစရာရွိတယ္၊ ဓမၼတရားက ေ႐ႊ ေငြ ရတနာထက္ပိုတယ္၊ ဓမၼတရားကို ရင္ထဲ နက္နက္ နဲနဲမွာ ဌာပနာထားၿပီး က်င့္ႀကံ ပြါးမ်ားၾက၊ ျမတ္စြာဘုရားကို ရွစ္ခိုးပူေဇာ္တာ သူဓေလ့ ထုံးစံအတိုင္း ရွစ္ခိုးပူေဇာ္ၾက မေမ့နဲ႔ ကိုယ့္ဓေလ့ေတြကိုလည္း ေလ့လာသင္ယူၾက၊ ဗမာစကားလည္း တတ္ရမယ္ ငါကေတာ့ ေနာက္က်သြားၿပီ ငါမတတ္ခဲ့လို႔ ပညာ မတတ္ခဲ့ဘူး၊ ပညာမရွိရင္ သူမ်ားကို ပါးစပ္ အေဟာင္းသားနဲ႔ ေငးၾကည့္ေနရမယ္။

တခ်ိဳ႕ဆို ၿမိဳ႕ႀကီးဆီသြားၿပီး ေ႐ႊေဒါင္းမယ္ေတာ္ကို ရွစ္ခိုးၾကတယ္ တၿမိဳ႕လုံးေတာင္ ရွစ္ခိုးၾကတယ္၊ အဲ့လိုပဲ မိန္းမေတြလည္း သီလတရားဓမၼေတြရွိရင္ မယ္ေတာ္ အရာမွာ ထားၿပီး ရွစ္ခိုးတယ္၊ သီလတရားမရွိရင္ လူအိုေတြကိုလည္း မရွစ္ခိုးသင့္ဘူး ဘုန္းႀကီးေတြလည္း မရွစ္ခိုးသင့္ဘူး၊ သူမ်ားအေပၚ ေမတၱာမရွိ ေလာဘ ေဒါသ ေမာဟစိတ္ ျဖစ္ၿပီး သူမ်ားနဲ႔ ရန္ျဖစ္ေနရင္ အသက္ႀကီးၿပီး အလကားပဲ၊ ေသသြားရင္လည္း အလကားပဲ၊ လူက တရက္ပဲ အသက္ရွင္ၿပီး ေကာင္းတာလုပ္ရင္ တကယ္ ျမတ္တယ္၊
အဲ့ဒါေၾကာင့္ မ်ားမ်ားေျပာရင္လည္း ရင္ထဲမွာ ၾကပ္တယ္ နည္းနည္းေျပာရင္လည္း မထိေရာက္ျပန္ဘူး၊ အမ်ားႀကီးလည္း ေဟာလာၿပီ ေရတြက္လို႔ေတာင္ မရဘူး ေနရာတိုင္း ၿမိဳ႕တိုင္း စုံေနၿပီ အခုခ်ိန္က သူ႔အခ်ိန္က်လာၿပီ နားရေတာ့မယ္။

အသက္ကလည္း (၅၅)(၅၆)ရွိလာၿပီ ႏွစ္သစ္ေက်ာ္သြားရင္ (၅၇)ျဖစ္ၿပီ တျဖည္းျဖည္း (၆၀) နားကပ္လာၿပီ၊ အခုဂူဝင္ၿပီး ထြက္လာရင္ မ်က္ႏွာလာၾကည့္ၿပီးေတာ့ ဟိမဝႏၲာမွာ ထပ္ဝင္အုံးမယ္၊ ဘူတန္မွာ သြားေသမလား မေျပာႏိုင္ဘူး၊ ဆရာေတာ္ ၾသဂႋုလ္မယ့္ ေက်ာက္အိုးလည္း ဒီမွာ ေရာက္ေနၿပီ၊ မိုင္းဖုန္းမွာေသရင္ ဒီမွာ ဌာပနာလိုက္ ဘူတန္မွာ ေသရင္လည္း သူတို႔ျပဳစု ေစာင့္ေရွာက္သြားလိမ့္မယ္၊ ဘာမွစိတ္မပူေတာ့ဘူး ဒီအပုပ္ေကာင္ႀကီးကို အားလုံးကို စြန္႔လႊတ္လႉဒါန္းၿပီးၿပီ၊ အဲ့ဒါေၾကာင့္ ေဟာၾကားခဲ့တဲ့ ဓမၼတရား ေဒသနာေတာ္ေတြကို အကုန္လုံးကို သံဃာေတာ္ေတြကို အပ္ေပးခဲ့လိုက္ၿပီ၊ တပည့္တပန္းေတြလည္း ဝိုင္းဝန္းေစာင့္ေရွာက္ ထိန္းသိမ္းၾက၊ ေနာင္မွာ ဘယ္လိုမ်ိဳး တိုးတက္ဖြံၿဖိဳး ေအာင္ျမင္မယ္ဆိုတာ တပည့္တပန္းေတြက ဝိုင္းဝန္းထိန္းသိမ္း တည္ေထာင္တဲ့ အေပၚမွာ မူတည္တယ္။

အခ်င္းခ်င္း ဘာသာေပါင္းစုံ ခ်စ္ခင္စည္းလုံးၾက၊ တေယာက္နဲ႔ တေယာက္အေပၚ ခိုက္ရန္ မျဖစ္ပြားပဲ ေမတၱာ ဂ႐ုဏာ မုဒိတာ ကာယကံ ဝစီကံ မေနာကံ ေမတၱာမ်ား ထားရွိၾကပါ၊ သနားၾကင္နာၾကပါ အေကာင္းျမင္စိတ္ ထားၾကပါ၊ တေယာက္နဲ႔ တေယာက္ မေကာင္းေျပာေနရင္ ေပါင္းသင္းလို႔ မရဘူး လင္မယား ေမာင္ႏွမ ဆရာတပည့္ေတြေတာင္ ေပါင္းသင္းဖို႔ မလြယ္ဘူး၊ ေလာကထဲမွာ ေနရင္ တဦးနဲ႔ တဦး မွီခို ေနရတာ တေယာက္တည္း ေနလို႔ မရဘူး အျပန္အလွန္ မွီခိုၿပီး ေနထိုင္ၾကရတယ္၊
အညမည ပစၥေယာ အျပန္အလွန္ ေစတနာထားၾကပါ၊ ကိုယ္သူမ်ားကိုဆဲမယ္ ႐ိုက္မယ္ သတ္မယ္ ဆိုရင္ ကိုယ့္ကို သူမ်ားကလည္း ဆဲမယ္ ႐ိုက္မယ္ သတ္မွာပဲ ေလာကသဘာဝ သေဘာတရားေတြပဲ၊ ဓမၼတရားနဲ႔ ကိုယ့္စိတ္ကို သြန္သင္ရမယ္၊ ဓမၼတရားက အေဝးႀကီး ၾကည့္စရာ မလိုဘူး သစ္ပင္ ပန္းမန္ အေကာင္ တိရိစာၦန္ေတြ အကုန္လုံးက တရားျပေနၾကတာပဲ အဲ့ဒါေတြက ကိုယ့္စိတ္ကို ဆုံးမတဲ့ တရားေတြပဲ ကိုယ္က မၾကည့္လို႔ အ ၿပီး မသိၾကတာ၊ ေမြးတာ အိုတာ နာတာ ေသတာ ေန႔တိုင္း သင္ျပေနတာ။

ဘယ္ႏွစ္ႀကိမ္ သခ်ႋဳင္းကို မၿပီး ဝင္သြားတာလည္း မမွတ္ထားၾကဘူး ကိုယ္တိုင္ ေသမွ သိၾကမွာ ေသၾကည့္လိုက္ပါ ၊ သူမ်ားေသတာကိုျမင္ၿပီး တခစ္ခစ္နဲ႔ ရီေနၾကတာ ကိုယ္တိုင္ေသမွ သိမယ္၊ ကုသိုလ္ ပါရမီ ဓမၼတရားအလုပ္က ေလာကသစၥာတရားေတြက ကိုယ့္ကို သင္ျပေနတာ၊ ကမာၻေလာကမွာ သဲပြင့္ ေက်ာက္ပြင့္ ပု႐ြက္ ျခ ေကာင္ ပုတုံး ေတြကိုၾကည့္ သူတို႔ေတာင္ အိမ္ေတြ တည္ေဆာက္ၾကတယ္ ပန္းပြင့္ေတြက ဝတ္ရည္ေတြယူလာၿပီး သူတို႔ သားသမီးေတြကို လာေကြၽးႏိုင္ေသးတာ လူေတြမွာ သတိတရားရွိရင္ အကုန္လုံးက ကိုယ့္စိတ္ကို သင္ျပတဲ့ တရားေတြႀကီးပဲ၊ မပ်င္းနဲ႔ အရႈံးမေပးနဲ႔ အလဟႆ မေနနဲ႔ အခ်ိန္ေတြ ေန႔ရက္ေတြကို မရႈံးေစနဲ႔၊ အလကားေနရင္ ဒီဘဝမွာ ေမြးလာၿပီး လူလာျဖစ္ရတာ ဘာမွ အက်ိဳး မရွိဘူး။

မိုင္းဖုန္းဆရာေတာ္လည္း မ်ားမ်ားေျပာရင္ ရင္ထဲမွာ ၾကပ္ေနတယ္ နည္းနည္းေျပာရင္လည္း တန္ဖိုးမထားဘူး ဒီေလာက္ဆိုရင္ေတာ့ လုံေလာက္ၿပီထင္တယ္၊ တန္ဖိုးရွိတဲ့ ေန႔ရက္မွာ လာေတြ႕ဆုံၾကတာ ႏွစ္ေဟာင္းလည္း ကုန္သြားၿပီ မေကာင္းတဲ့အရာေတြ ႏွစ္ေဟာင္းမွာ ကုန္သြားၿပီ အကုသိုလ္ မေကာင္းတဲ့အရာေတြ မေကာင္းတဲ့စိတ္ေတြ အကုန္လုံး ေဆးေၾကာပစ္လိုက္ပါ ျပန္ၿပီးေတာ့ သန္႔ရွင္းေအာင္ ျပဳျပင္ ေဆးေၾကာ ခႏၶာနဲ႔ စိတ္ကိုလည္း ျပဳျပင္ ေဆးေၾကာ ႏွစ္သစ္မွာ ေကာင္းျမတ္တဲ့ အလုပ္လုပ္ၿပီး စိတ္သစ္ ကိုယ္သစ္ ျပဳျပင္ၾက၊ လင္မယား ေမာင္ႏွမေတြ ရန္မျဖစ္ၾကနဲ႔ ဆူဆူညံညံ မလုပ္ၾကနဲ႔ အခ်င္းခ်င္း ရန္မျဖစ္ၾကနဲ႔ အျငင္းအခုံ မလုပ္နဲ႔ မသတ္ျဖတ္ၾကနဲ႔ ၊ သူမ်ားေျပာတယ္ မဟုတ္လား “ပါနာတိပါနာ ေဝရာမဏိ” ဆိုေပမယ့္ “ပါနာတိပါတိုင္”(ရွမ္းလို တိုင္ဆိုတာ ေသတာ) ျဖစ္ၿပီး အခ်င္းခ်င္း ေသေအာင္ သတ္ေနၾကတယ္၊ “အာမဘေႏၲ” မဟုတ္ဘဲ “အာမဘန္တိုင္” ျဖစ္ၿပီး တေယာက္နဲ႔ တေယာက္ ေသေအာင္ လုပ္ေနၾကတယ္။

ေက်ာက္ပန္ဖ လာဆုံးမတယ္ ေက်ာက္႐ြက္ဆစ္ ပုတီးယူသြားတယ္ နင္တို႔မဆူနဲ႔ ဆူရင္ ရွမ္းျပည္မွာ မေနေတာ့ဘူးလို႔ ေျပာခဲ့တယ္၊ ရွမ္းေတြ ဗမာေတြကို ခ်စ္လို႔ ျပန္လာတာ နင္တို႔ကို သနားလို႔ ပဌာန္းဆက္ေတြမ်ားလို႔ ၊ ဘူတန္ဘုရင္က ပင့္ထားၿပီးၿပီ ျမန္မာျပည္ကို လုံးဝမလာလည္းရတယ္၊ ပ႒ာန္းဆက္ေတြ ဒီမွာရွိလို႔ ေမတၱာျပန္လာေပးရတာ၊ မိုင္းၾကပ္ဂူမွာ အဓိ႒ာန္ဝင္မယ္လို႔ ေျပာထားတာလည္းရွိလို႔ ရွင္ရင္လည္း မိုင္းၾကပ္ဂူမွာပဲ ေနမယ္ ေသရင္လည္း မိုင္းၾကပ္ဂူမွာပဲ ေသမယ္ သုံးႏွစ္သုံးလ ဘယ္မွ မသြားေတာ့ဘူး လူေတြ နတ္ေတြ သတၱဝါေတြကို ေမတၱာ ပို႔သေတာ့မယ္၊ မနက္ျဖန္သြားၿပီး မဂၤလာ ယူလိုက္အုံးမယ္ ။

(၂၇)ရက္ေန႔ကေတာ့ ဆရာေတာ္ကို ပို႔ေဆာင္ၿပီးရင္ ကိုယ္ပိုင္ အခ်ိန္ပဲ၊ (၁၉)ရက္ေန႔က ကန္ေတာ့ပြဲႀကီး ကန္ေတာ့ၿပီးေတာ့ ဟိုရန္းေစတီမွာ ထီးတင္မယ္၊ ၿပီးရင္ က်ိဳင္းေတာင္း ေရတံခြန္၊ ၿပီးရင္ နန္႔ရီဆန္ေတာ္မွာ ေရစက္ခ် ထီးတင္ ၿပီးေတာ့ နားေကာင္းမႈမွာ ေရစက္ခ် မိုင္းတုံမွာ ဌာပနာ၊ မိုင္းလီ မိုင္းေကာ့ မိုင္းလုံး မွာ ေရစက္ခ် ဆရာေတာ္ႀကီးေတြကို ကန္ေတာ့ၿပီး (၂၆)ရက္ မိုင္းၾကပ္ဂူကို ျပန္မယ္ မိုင္းဖုန္းကို မဝင္ေတာ့ဘူး (၂၇)မွာ ၿပီးဆုံးမယ္၊ လာမရႈပ္နဲ႔ေတာ့ အေႏွာင့္အယွက္ လာမေပးၾကနဲ႔ေတာ့ ဘယ္သူေသေသ ရွင္ရွင္ ဘာစာမွ မေရးနဲ႔ ဘာသတင္းမွ လာမေပးနဲ႔ တရားနဲ႔ပဲ ေအးခ်မ္းစြား ေနေတာ့မယ္၊ အေၾကာင္းကိစၥရွိရင္ စာေရးၿပီး ပါးလိုက္မယ္ လူတိုင္းကို ေမတၱာပို႔သေပးမယ္ ဒီေလာက္ပဲ မွာထားမယ္။

ေနေကာင္း က်န္းမာ ဥစၥာေပါမ်ား သီလတရားရွိၿပီး နိဗၺာန္ကို အျမန္ေရာက္ရွိၾကပါေစ၊ နိဗၺာန္မေရာက္မွီ စပ္ၾကား သံသရာမွာ က်င္လည္ရမည္ ဆိုလည္း လူျဖစ္ရင္လည္း လူေကာင္း နတ္ျဖစ္ရင္လည္း နတ္ျမတ္ နတ္ေကာင္း အာယုဝန သုခဗလ ပတၱိဗာန အက်ိဳးငါးပါး ျပည့္ဝ ျပည့္စုံ ေလာကီ ေလာကုတၱရာ ဥစၥာ အလုံးစုံျပည့္စုံၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျမန္ျမန္ဆန္ဆန္ ေကာင္းျမတ္တဲ့အလုပ္ ဒါန သီလ ဘာဝနာ ဘဝတိုင္း ဘဝတိုင္း ေကာင္းျမတ္ၿပီး ပါရမီ ဆယ္ပါး မျပည့္ခင္ ကိုယ့္ရဲ႕ ဒါန သီလ စာဂ ပညာ ဝီရိယ ဟီရိ ၾသတၱပ သန္႔ရွင္းျဖဴစင္ၿပီး ပါရမီဆယ္ပါး ျပည့္စုံပါက မဂ္ဉာဏ္ ဖိုလ္ဉာဏ္ ရရွိၿပီး ေအးခ်မ္းတဲ့ နိဗၺာန္ကို လူတိုင္း အေယာက္တိုင္း ရရွိႏိုင္ၾကပါေစ သတည္း။။

share from: theesaychin


Unicode ဖြင့်ဖတ်ရန်

ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ကြီး၏ ၃နှစ်၃လ၃ရက် ဂူမဝင်ခင်အမှာစကား




ထူးထူး ခြားခြား မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ အမှာစကားများကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ကြီး၏၃နှစ်၃လ၃ရက်ဂူမဝင်ခင်အမှာစကား(၁၇-၄-၂၀၁၉)ရက်နေ့နှစ်ဆန်းတရက်နေ့ ညဦးပိုင်းအချိန် မိုင်းဖုန်းကျောင်း ဗောဓိညောင်ပင်ရင်း၌ မိုင်းဖုန်းဆရာတော်ဘုရားကြီးမှ အဓိဓာန် ဂူမဝင်ခင်ဟောကြားသည့် တရားတော်အား ဘာသာပြန်ဆို တင်ပြပေးလိုက်ပါတယ်။



အေးချမ်းတဲ့နေ့ရက် ကောင်းမြတ်တဲ့ အချိန်အခါသမယ ဆရာဒကာတွေ လာတွေ့ဆုံကြတယ်၊ သာသနာနှစ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားတာ ၂၅၆၃ နှစ်ထဲမှာ (၆)လ(ရှမ်း လ) လဆန်း(၁၃) (၁၉) ရက်ဆို လပြည့်တော့မယ်၊ ဒီနေ့ ဒီရက် မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ မနေ့ကညက မိုင်းဖုန်းကိုပြန်ရောက်လာတယ်၊သာသနာသွားပြုတယ် မိုင်းဟဲ့ မိုင်းဖန်က ဂူမှာ နှစ်သစ်သွားကြိုလာတယ်၊ ကောင်းမြတ်တဲ့ အလုပ်ကို သွားလုပ်တယ်၊ နေရာတိုင်း မြို့တိုင်းမှာ ကုသိုလ်ကောင်းမှု သွားလုပ်လာတယ်၊ မိုင်းတိ မိုင်းယန်း မိုင်းစဟဲ မှာ ထီးတော် သွားတင်လာတယ်၊ဝမ်ပန်နောင်ရွာမှာ ဌာပနာ သွားထည့်ပြီး ရေစက်ချလာတယ်၊ ပန်ဆန်း ဝ ဆွေမျိုးတွေလည်း ဝိုင်းဝန်း လုပ်ဆောင်ကြတယ်၊ ဝတွေကော ရှမ်းတွေကော အလှူလုပ်ကြတယ်၊ ဝိုင်းဝန်းလှူဒါန်း ရေစက်ချကြတယ်၊ ဆက်ပြီးမိုင်းဟဲ့ မိုင်းဖန်ဂူကို ဆက်ကြွတယ်၊ တညလုံးမိုင်းယောင်းကိုခရီးနှင်လာတယ်၊ မိုင်းကိုးက ဒကာကြီးလည်း မိုင်းယု မိုင်းယောင်းအထိ လာပင့်တယ်၊ ဆရာတော်ကြီးတွေကိုဝင်ကန်တော့ပြီးတညလုံးခရီးဆက်လာခဲ့တယ်၊ သာသနာအလုပ်က အရမ်းများတယ်၊ ဘယ်လိုမှမတတ်နိုင်ဘူး။



အလုပ်တွေ အားလုံးသိမ်းပြီးရင်တော့ နားတော့မယ်၊ ပြီးရင် အတိတ် နိမိတ် ရှိထားတဲ့အတိုင်း အဓိဌာန်ဝင်မယ်၊မနက်ဖြန်နေ့ပိုင်း တနာရီ နှစ်နာရီဆိုရင် မိုင်းကြတ်ဂူကို ခရီးဆက်တော့မယ်၊ မိုင်းဖုန်းကိုထပ်မကြွလာတော့ဘူး၊ သုံးနှစ်သုံးလ ဂူထဲမှာသေရင်လည်း မပြောနိုင်တော့ဘူး၊ မလာတော့ဘူး။

ကုသိုလ်ကံ ပါရမီရှိရင်နင်တို့မျက်နှာကိုမြင်ရအုံးမယ် ဂူထဲမှာ သေရင်တော့ မတတ်နိုင်တော့ဘူး၊ အဲ့မှာသေရင်လည်း အဲ့မှာ ဌာပနာလိုက်တော့၊ လူတွေရဲ့ သင်္ခါရ တရားက ဘယ်လိုမှ မတည်မြဲ မခိုင်မြဲဘူး၊ ဆရာဆမ်ရဲ့ အမျိုးသမီးပဲ ကြည့်လေ အသက် (၅၈/၅၉) ပဲရှိသေးတာ သေသွားတာပဲ၊ ဟိုတနေ့ကလည်းကျောက်အရားရဲ့ အကိုလည်း သေသွားတာပဲ၊ အဲ့ဒါလည်းရေစက်ချပေးလိုက်တယ်၊ ခံစားရတယ်ဆိုလဲ ဘာမှ မတတ်နိုင်ဘူး၊ အိုက်အရားလို များများရေစက်ချပေး၊ သေသွားလည်း မေ့ဖျောက်လို့ မရဘူး၊ သေသွားတဲ့ကျိုင်းနွံ(အားဖါ)လည်း ရေစက် ချပေးရတာပဲ၊ တာချီလိတ်ကရွှေဦးထုပ်ဆောင်းတဲ့စိုင်းရှန်လည်းနီပေါ ထိုင်ဝမ်ကြွတဲ့အချိန် သေသွားတာပဲ၊ ရွှေဦးထုပ်ဆောင်းပြီး မသေနိုင်ဘူး ဆိုတာ မဟုတ်ဘူး၊



လူတွေကမကောင်းမှု လုပ်ရင် မြန်မြန် သေနိုင်တာပဲ၊ လူတွေက သတိတရား သီလတရား ရှိဖို့ လိုအပ်တယ်၊ ငါက နင်တို့ကို တကယ်ချစ်တာ တကယ် သနားတာ၊ လူတိုင်း လူတိုင်း ရှမ်း မပြောဘူး ဗမာ မပြောဘူး လူကြီး လူငယ် မပြောဘူး ဘာသာ မပြောဘူး အားလုံးက ငါရဲ့ ဆွေမျိုး သားချင်းတွေပဲ။

ဒီနေ့လည်း နောက်ဆုံး စကားတွေ မှာကြားမယ်၊ ကုသိုလ် ဘုန်းကံ ရှိသေးရင်တော့ ပြန်ပြီးတွေ့ဆုံကြရမယ်၊ နင်တို့ရဲ့ မေတ္တာဂရုဏာကြီးကြီးမားမားကို တောင်းခံတယ်၊ နင်တို့ကိုလည်းကြီးကြီးမားမားတောင်းပန်တယ်၊ နင်တို့ငါ့ကိုမတောင်းပန်လည်းရတယ်ငါကနင်တို့ကိုတောင်းပန်မှာပဲ၊နင်တို့အပေါ်ပြောမှားဆိုမှား ဝေယျာဝစ္စလုပ်တာတို့ အမျိုးမျိုးလုပ်ပေးတာတို့ ကာယကံ (၃)ပါး ဝစီကံ (၄)ပါး မနောကံ (၃)ပါး ပြောမှားဆိုမှားရှိရင် တဦးနဲ့ တဦး ခွင့်လွှတ်ပေးကြပါ၊ ငါလည်း သားတွေ သမီးတွေကို ဘယဒါနအားလုံးခွင့်လွှတ်ပေးလိုက်တယ်၊ အကြီးအကဲတွေကအစ အကုန်လုံး ခွင့်လွှတ်ပေးတယ်။

အခုအချိန်မှာ တယောက်နဲ့တယောက် ်အာဃာတ မထားဖို့ အပြစ်အနာတွေမရှိဖို့၊ အရှေ့မှာလည်း အာဃာတ မထားဖို့ အနောက်မှာလည်းအငြိုးအတေးတွေ မထားဖို့ တယောက်နဲ့ တယောက်အမုန်းတရားမထားဖို့၊ လူတွေကအတွင်းစိတ်မှာမကျေနပ်စိတ် အမုန်းတရားတွေထားတတ်ကြတယ်၊ တယောက်နဲ့တယောက်အပေါ် မေတ္တာ ဂရုဏာ မုဒိတာထားရမယ်၊ သနားကြင်နာမှု ထားရမယ်၊ ဒီလောက ကမ္ဘာမှာ ပိုပို ပူလောင် လာတယ်၊ နေရာတိုင်းမှာ ပူလောင်လာတယ် ဘယ်လိုမှနေလို့မကောင်းတော့ဘူး၊ ဒီလူ့လောကကြီးမှာအတွင်းလည်းပူ အပြင်လည်းပူ နေလို့ မကောင်းတော့ဘူး၊ ခန္ဓာကိုယ် ပူလောင်ရုံတင်မကဘူး စိတ်ပါ ပူလောင်တယ်၊ အသက်ရှုရခက်တယ်၊ တိုင်းပြည်မှာလည်းနေရခက်တယ်။

လူတွေကတောတောင်တွေလည်းမီးရှို့ကြတယ်၊ အသက်ရှုလည်းကြပ်၊ မျက်လုံးတွေလည်းစပ်ကုန်ပြီ၊ အသက်ရှုလို့လည်း မရဘူး၊ ဒီကမ္ဘာလောကမှာမိုးတွေလည်း မရွာဘူး ဒီနှစ်သစ်မှာ အရမ်းထူးဆန်းတယ်၊ အရမ်း ပူလောင်တယ် တကယ် တကယ် ပူလောင်တာ၊ သီလတရား မရှိတဲ့ တိုင်းပြည်က ပိုပို ဆိုးတယ်၊ ပိုပြီး စိတ်ပင်ပန်းဖို့ ကောင်းတယ်၊ ငါတို့ တိုင်းပြည်မှာ ဗုဒ္ဓသာသနာ မကုန်သေးတာတောင်ဒီလောက်ဖြစ်နေတာ သာသနာကုန်ရင် ဘယ်လိုလုပ်ကြမတုန်း၊ ရင်လေးဖို့ ကောင်းတယ်၊ လောကကြီးက မှောင်နေပြီ၊ မျက်လုံးဖွင့်ပြီးကြည့်တာတောင် အကိုမောင်နှမလည်း မမြင်ရ၊ ကိုယ့်လက်ကိုလည်း မမြင်ရသလို ဖြစ်နေပြီး၊ အချို့က အေးချမ်းတဲ့နေရာသွားကြပြီငါပဲ အပြီး မိုက်မဲပြီး နေတာ ၊ ထုံအတဲ့သူ ပြောရခက်တဲ့သူ အနေလို့ ပစ္စည်းအလေးကို ထမ်းနေရတယ်၊ စိတ်ဒုက္ခကြီးစွာ ဖြစ်ရတယ်၊ ဒီခန္ဓာကြီးကို ထမ်းနေရတယ်၊ မွေးရတယ် အို ရတယ် နာရတယ် သေရတယ် ဒီလောကထဲမှာ နေနေရတယ် ဘယ်မှ မသွားနိုင်ဘူး၊ တက်တက် ဆင်းဆင်း ဒီမိုင်းဖုန်းထဲမှာပဲ နေနေရတယ် ဘယ်မှမသွားရဘူး၊တာချီလိတ်မှာပဲ လည်ပတ်နေတယ်၊ နိဗ္ဗာန်က ဝေးနေပြီ။

ကောင်းတာမလုပ် မြတ်တာ မလုပ်ပဲ ပါးစပ်က ဆုတောင်းနေရုံနဲ့ မရောက်နိုင်ဘူး၊ စိတ်ကောင်း စေတနာ ထားဖို့ စိတ်ကို အေးအေး ချမ်းချမ်း ထားဖို့ စေတနာ သဒ္ဒါ တရားတွေကို ဖြူဖြူစင်စင် လှလှပပ ထားဖို့ ၊ ငါတို့ လာဆုံတွေ့ပြီး မြတ်တဲ့ရတနာ ဘုရားမြတ် တရားမြတ် သံဃာမြတ် မိဘမြတ် ဆရာသမားမြတ် မယူတတ်ရင် မမြတ်တဲ့ အလုပ်လုပ်ရင် လူလည်းမုန်း နတ်လည်းမုန်း ဖြစ်နေမှာပဲ။

စေတနာ သဒ္ဒါ တရားကို ကောင်းကောင်း မွန်မွန် ထားကြ၊ ငရဲကြီးမယ့် အကုသိုလ် အလုပ် ကာယကံ ဝစီကံ မနောကံ တွေကို ရှောင်ရှားကြ၊ မကောင်းတဲ့ အလုပ်တွေဆို မလုပ်သင့်ဘူး၊ အားလုံး ကောင်းတဲ့ အလုပ် မြတ်တဲ့ အလုပ် ဒါန အလုပ် သီလ အလုပ် ဘာဝနာ အလုပ် သမထ ကမဋ္ဌာန်း ဝိပဿနာဉာဏ် ရုပ် နာမ် ခန္ဓာကို စောင့်ကြည့်၊ အာယတနဓါတ် ပဋိစ္စသမုပ္ပ ဓမ္မ တရား မြတ်စွာဘုရား သွန်သင် ဆုံးမထားတာတွေကို မမေ့မလျှော့ အမြဲတမ်း မသေမချင်း မှတ်ထားကြ၊ မသေမချင်း အမြဲလုပ်၊ သေရင် တကယ်သေတာ ခဏမသေဘူး အရင်သေသွားခဲ့တဲ့သူတွေလိုပဲ ကိုယ်လည်း သူများနည်းတူ သေရမှာ။

ငါ့ကိုပဲကြည့် ဒီဆရာတော် အိုကိုပဲကြည့် ရှေ့နောက် မေ့နေပြီ ဆရာသမားတွေကိုလည်း ရှေ့နောက် စဉ်းစားရင် အကုန် မမှတ်မိနိုင်တော့ဘူး။ ရှေ့နောက် အကုန်မေ့ပြီ ၄၀ ရှေ့ကို မေ့တယ် ၅၀ နောက်ကို မေ့တယ်၊ အိုလာရင် တုန်တုန် လူပ်လူပ်နဲ့ ထမင်းစားရင်လည်း နှာခေါင်းပေါက်ထဲကို ထိုးထည့်တယ်၊ ၈၀ ရောက်လာရင် မြေကြီးထဲ မြုပ်ရင်မြုပ် မမြုပ်ရင် မီးရှို့ဖို့ပဲ ရှိတော့တယ်၊ ဘာမှမထူးဘူး။

သင်္ခါရတရားဆိုတာ မတည်မြဲဘူး။ လဲလို့ရရင် သူက တည်မြဲ နေမှာပေါ့၊ သူက အနိစ္စ ဒုက္ခ အနတ္တ အမြဲတမ်းပြနေတာ၊ တရားက ပြနေတာ နေ့ကော ညကော ခဏနေ သေးပေါက်ချင်တယ်၊ ခဏနေ ချီးပါချင်တယ်၊ ခဏနေ စားချင်တယ်၊ ဟိုနား နာလိုက် ဒီနားစပ်လိုက် ဟိုနားအောင့်လိုက် ခဏနေ ခေါင်းကိုက်လိုက် မျက်စိနာလိုက် သွားကိုက်လိုက် ရောဂါတွေက တမျိုးပြီး တမျိုး ဖြစ်နေတယ်၊ သူကရောဂါမဟုတ်ဘူး ရောလာတာ ကိုယ့်ဆီ နီးနီးလာလို့ ရောလာလို့ ပြောတာ၊ မီးလောင်သလိုမျိုးပဲ တဖြည်းဖြည်း အနားကို လောင်မြိုက်လာတာ၊ အစတုန်းက ကစားသလိုပဲ ကြာလာတော့ နီးနီးလာပြီး တကယ် ဖြစ်လာတာ။

သူများသေတာမြင်ရင်လည်း ကိုယ်လည်း သေရမှာ ဟန်ဆောင်ပြီး သေရတာ မဟုတ်ဘူး တကယ်သေရမှာ၊ သေသွားရင် ရွှေ ငွေ ဥစ္စာ ဘာတခုမှ လိုက်မသွားဘူး နောက်မှာအကုန် ပစ်ထားခဲ့ရမှာ၊ သားတော် ကျိုင်းနွံ(အားဖါ)ပဲ ကြည့်လိုက် သေသွားတော့ ရွှေ ငွေ ဥစ္စာတွေ နောက်မှာ အကုန် ထားခဲ့ရတာ၊ ကုသိုလ် အကုသိုလ်ပဲ ကိုယ်နဲ့ အတူ ပါသွားတာ၊ ကောင်းတဲ့ အလုပ်ကို သတိရ ဇွဲ ဝီရိယနဲ့ ကြိုးစားပြီးလုပ် သေမယ့်ရက်ဆိုတာ ကိုယ် မသိနိုင်ဘူး သတ္တဝါ အားလုံးက မွေးနေ့ရှိရင် သေနေ့ဆိုတာ ရှိတယ် နေထွက်ချိန်ရှိရင် နေဝင်ချိန် ရှိမှာပဲ။

သတိတရားမရှိရင် အလကား ပစ်လိုက်သလိုပဲ၊ ထမင်းစားရင်လည်း ထမင်းက အလကား ဖြစ်သွားတယ်၊ ဟင်းစားရင်လည်း ဟင်းက အလကား ဖြစ်သွားတယ်၊ သေရည်သောက် ကွမ်းဝါး ဆေးရှု အလပ သလပ ပြောဆို အလကားပဲ၊ ဆူဆူညံညံ ပျော်ပါးနေရင် အလကား အဓိပ္ပါယ် မရှိဘူး၊ ဘယ်နေ့ သေမယ်ဆိုတာ မသိနိုင်ဘူး၊ လောကမှာ ပျော်တယ်ဆိုတာ ခဏတဖြုတ်ပဲ၊ ဘာမှ မထူးဘူး စေတနာ ကောင်းကောင်းထား၊ မျက်လွှာချ မျက်နှာငုံ့ပြီး ကောင်းမြတ်တဲ့အလုပ်ကို သူသူ ငါငါ လုပ်၊ ဒါန သီလ ဘာဝနာ သမထ ကမ္မဌာန်း ဝိပဿနာ ရုပ် နာမ် ခန္ဓာ အာယတနဓါတ် ပဋိစ္စ သမုပ္ပတရား အရိယ သစ္စာ လေးပါး အပေါ်မှာ တစိုက် မတ်မတ်ကြည့်၊ သစ္စာလေးပါးကို မတွေ့ပဲ သေသွားရင် အလကား ရှုံးမယ်။

နေရတာလည်း ဘာမှ မကောင်းဘူး လူလာဖြစ်ရတာ အရမ်းခက်ခဲတယ်၊ ရင်လေးစရာလည်း ကောင်းတယ်၊ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ပါ ၊ မအောင်ခင်မှာ မြွေလေးကောင် ရန်မဖြစ်ခင် မြေ ရေ လေ မီး မပျက်ဆီးခင် ထပ်ခါ ထပ်ခါ လုပ်ကြ၊ ဒါန သီလ ဘာဝနာ မြတ်စွာဘုရား သွန်သင်ဆုံးမတဲ့ အတိုင်း မလွန်ဆန်နဲ့ မမေ့ မလျှော့ပဲ ဝိုင်းဝန်းပြီး ကျင့်ကြံ ပွါးများကြ။

ဗုဒ္ဓနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ စာဂနုဿတိ ဒေဝတာနုဿတိ မရဏနုဿတိ သေရမယ်ဆိုတာ သတိရှိကြ၊ လူတွေက သေရမယ်လို့ သတိရှိထားရင် လောဘ ဒေါသ မောဟတွေ ပျောက်ကုန်တယ်၊ သေရမယ်လို့ သတိမရှိရင် မာန်မာနက စိတ်ထဲမှာ ကိန်းအောင်းနေမယ် မကောင်းတဲ့စိတ် လောဘ ဒေါသ မောဟ မာန်မာန စိတ်တွေ အဝိဇ္ဇတဏှာစိတ်တွေ ပိုပို များလာမယ် ဒုက္ခတွေလည်း ပိုများလာမယ်၊ သေဖို့ သတိရရင် တနေ့ ငါလည်း သေရမယ် တနေ့ သူများ မွေးသလို ငါလည်း မွေးရမယ် သူများ အိုသလို ငါလည်း အိုရမယ် သူများနာရင် ငါလည်း နာရမယ် သူများသေတာမြင်ရင် တနေ့ ငါလည်း သေရမယ်ဆိုတာ သိလာမယ်၊ မသေခင်မှာ ကိုယ်လုပ်ရမယ့် အလုပ်ကို ထပ်ခါ ထပ်ခါ လုပ် သူများ အလုပ်ပြီးတာ မပြီးတာ စိတ်မဝင်စားနဲ့ ကိုယ့်အလုပ် ပြီးမပြီးပဲကြည့်၊ ငါအားကိုးရှိပြီးလား နေရာကောင်း ရှိပြီးလား ငါသေသွားရင် ကောင်းတဲ့ဖက်ကို သွားမှာလား ဆိုးတဲ့ဖက်ကို သွားမှာလား မျက်စိမှိတ်ပြီး တစိုက် မတ်မတ်ကြည့်။

ကောင်းတာလုပ်ရင်တော့ ကောင်းတဲ့ဖက်ကို သွားရမယ်၊ မကောင်းတာ လုပ်ရင်လည်း မကောင်းတဲ့ဖက်ကို သွားရမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ဘူး၊ မိဘ ဆွေမျိုး သားချင်းတွေဆိုတာ သင်္ချိုင်းထိပဲ ပို့ပေးနိုင်တာ နှစ်ရက်သုံးရက်ဆို မေ့ပျောက်ပြီ၊ မျက်ရည်တွေပဲ သုပ်ပြီး ပြီးသွားပြီ ကိုယ်ပဲ သင်္ချိုင်းမှာ ပုပ်သိုးပြီး ကျန်ခဲ့ပြီ၊ ကုသိုလ် အကုသိုလ်ပဲ ကိုယ့်ရဲ့ မှီခိုရာဖြစ်မှာ၊
အဲ့ဒါကြောင့် တန်ဖိုးရှိတဲ့ အချိန်ကာလမှာပဲ လုယက်ပြီး အလှူအတန်း ကောင်းမှုကုသိုလ်လုပ် သာသနာအလုပ်တွေ ကောင်းတဲ့ အလုပ်တွေ တည်ဆောက်သွား။

အခု မိုင်းဖုန်းဆရာတော် အစပျိုး တည်ထောင်ခဲ့တဲ့ သာသနာလုပ်ငန်းတွေ တည်ဆောက်ခဲ့တဲ့ အရာတွေ ပဋိယတ္တိ သာသနာ ပဋိပတ္တိသာသနာ အလုပ်တွေကို မမေ့မပျောက်ပဲ စုပေါင်းပြီး လုပ်ဆောင်သွားကြပါ၊ ငါရှိနေသည်ဖြစ်စေ သေသွားသည် ဖြစ်စေ ငါပြုလုပ်ခဲ့တဲ့ သာသနာ ပါရမီတွေ အဲ့ဒါတွေက မသေနိုင် မပျောက်သွားနိုင်ဘူး၊ ငါလုပ်ခဲ့တဲ့ ပါရမီ ကျောင်းဆောင်တွေ စေတီတွေ အရာအားလုံးတွေက နင်တို့မျက်စိအောက်မှာ မြင်တွေ့နေသလိုပဲ စုပေါင်းပြီး ဆက်လက်တည်ဆောက် ထိန်းသိမ်း ပြုပြင်သွား ငါ့ဟာ တခုမှ မဟုတ်ဘူး၊ ဒီကျောင်း ဒီနေရာတွေကို လာမလုနဲ့၊ နင်တို့ လာလုလည်း တနေ့သေသွားကြရမှာပဲ၊ ကျောင်းထဲမှာ မကောင်းတာလုပ်ရင်လည်း လာလုယူရင်လည်း ဆရာတော်က ဘာမှ ဧရိယာ သတ်မှတ်ထားတာ မရှိဘူး ဘယ်သူမဆို လိုချင်တဲ့ နေရာ ယူကြ သေသွားရင် ယူလို့ ရမှာ မဟုတ်ဘူး။

ဆရာတော်ကတော့ ဘာမှ မပြောနိုင်ဘူး ဘယ်သူမဆို လိုချင်တဲ့ နေရာ လာယူသွားကြတာ တိုင်းပြည်ရဲ့ စည်းကမ်း ဥပဒေက အရင်အတိုင်း မဟုတ်ဘူး သက်ဆိုင်ရာ ဥပဒေကို အပ်ပေးလိုက်ပြီ ဆရာတော်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ နင်တို့ သူများပစ္စည်း သွားထိပြီး အဖမ်းခံရရင်လည်း ဆရာတော် မသိတော့ဘူး သာသနာလုပ်ငန်း ကျောင်းကန် လုပ်ငန်းတွေ အကုန်လုံးကို အပ်ပေးလိုက်ပြီး ဆရာတော်နဲ့ ဘာမှ မသက်ဆိုင်ဘူး လူကြီးတွေကို ဒီနေ့ အပ်ပေးလိုက်ပြီ၊
ဒီနေရာကို ရောက်လာတာ ဝမ်းမြောက်တယ် လာရောက်သူတွေကို ပြန်ပေးစရာမရှိဘူး တရားပဲ ပေးစရာရှိတယ်၊ ဓမ္မတရားက ရွှေ ငွေ ရတနာထက်ပိုတယ်၊ ဓမ္မတရားကို ရင်ထဲ နက်နက် နဲနဲမှာ ဌာပနာထားပြီး ကျင့်ကြံ ပွါးများကြ၊ မြတ်စွာဘုရားကို ရှစ်ခိုးပူဇော်တာ သူဓလေ့ ထုံးစံအတိုင်း ရှစ်ခိုးပူဇော်ကြ မမေ့နဲ့ ကိုယ့်ဓလေ့တွေကိုလည်း လေ့လာသင်ယူကြ၊ ဗမာစကားလည်း တတ်ရမယ် ငါကတော့ နောက်ကျသွားပြီ ငါမတတ်ခဲ့လို့ ပညာ မတတ်ခဲ့ဘူး၊ ပညာမရှိရင် သူများကို ပါးစပ် အဟောင်းသားနဲ့ ငေးကြည့်နေရမယ်။

တချို့ဆို မြို့ကြီးဆီသွားပြီး ရွှေဒေါင်းမယ်တော်ကို ရှစ်ခိုးကြတယ် တမြို့လုံးတောင် ရှစ်ခိုးကြတယ်၊ အဲ့လိုပဲ မိန်းမတွေလည်း သီလတရားဓမ္မတွေရှိရင် မယ်တော် အရာမှာ ထားပြီး ရှစ်ခိုးတယ်၊ သီလတရားမရှိရင် လူအိုတွေကိုလည်း မရှစ်ခိုးသင့်ဘူး ဘုန်းကြီးတွေလည်း မရှစ်ခိုးသင့်ဘူး၊ သူများအပေါ် မေတ္တာမရှိ လောဘ ဒေါသ မောဟစိတ် ဖြစ်ပြီး သူများနဲ့ ရန်ဖြစ်နေရင် အသက်ကြီးပြီး အလကားပဲ၊ သေသွားရင်လည်း အလကားပဲ၊ လူက တရက်ပဲ အသက်ရှင်ပြီး ကောင်းတာလုပ်ရင် တကယ် မြတ်တယ်၊
အဲ့ဒါကြောင့် များများပြောရင်လည်း ရင်ထဲမှာ ကြပ်တယ် နည်းနည်းပြောရင်လည်း မထိရောက်ပြန်ဘူး၊ အများကြီးလည်း ဟောလာပြီ ရေတွက်လို့တောင် မရဘူး နေရာတိုင်း မြို့တိုင်း စုံနေပြီ အခုချိန်က သူ့အချိန်ကျလာပြီ နားရတော့မယ်။

အသက်ကလည်း (၅၅)(၅၆)ရှိလာပြီ နှစ်သစ်ကျော်သွားရင် (၅၇)ဖြစ်ပြီ တဖြည်းဖြည်း (၆၀) နားကပ်လာပြီ၊ အခုဂူဝင်ပြီး ထွက်လာရင် မျက်နှာလာကြည့်ပြီးတော့ ဟိမဝန္တာမှာ ထပ်ဝင်အုံးမယ်၊ ဘူတန်မှာ သွားသေမလား မပြောနိုင်ဘူး၊ ဆရာတော် သြင်္ဂိုလ်မယ့် ကျောက်အိုးလည်း ဒီမှာ ရောက်နေပြီ၊ မိုင်းဖုန်းမှာသေရင် ဒီမှာ ဌာပနာလိုက် ဘူတန်မှာ သေရင်လည်း သူတို့ပြုစု စောင့်ရှောက်သွားလိမ့်မယ်၊ ဘာမှစိတ်မပူတော့ဘူး ဒီအပုပ်ကောင်ကြီးကို အားလုံးကို စွန့်လွှတ်လှူဒါန်းပြီးပြီ၊ အဲ့ဒါကြောင့် ဟောကြားခဲ့တဲ့ ဓမ္မတရား ဒေသနာတော်တွေကို အကုန်လုံးကို သံဃာတော်တွေကို အပ်ပေးခဲ့လိုက်ပြီ၊ တပည့်တပန်းတွေလည်း ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြ၊ နောင်မှာ ဘယ်လိုမျိုး တိုးတက်ဖွံဖြိုး အောင်မြင်မယ်ဆိုတာ တပည့်တပန်းတွေက ဝိုင်းဝန်းထိန်းသိမ်း တည်ထောင်တဲ့ အပေါ်မှာ မူတည်တယ်။

အချင်းချင်း ဘာသာပေါင်းစုံ ချစ်ခင်စည်းလုံးကြ၊ တယောက်နဲ့ တယောက်အပေါ် ခိုက်ရန် မဖြစ်ပွားပဲ မေတ္တာ ဂရုဏာ မုဒိတာ ကာယကံ ဝစီကံ မနောကံ မေတ္တာများ ထားရှိကြပါ၊ သနားကြင်နာကြပါ အကောင်းမြင်စိတ် ထားကြပါ၊ တယောက်နဲ့ တယောက် မကောင်းပြောနေရင် ပေါင်းသင်းလို့ မရဘူး လင်မယား မောင်နှမ ဆရာတပည့်တွေတောင် ပေါင်းသင်းဖို့ မလွယ်ဘူး၊ လောကထဲမှာ နေရင် တဦးနဲ့ တဦး မှီခို နေရတာ တယောက်တည်း နေလို့ မရဘူး အပြန်အလှန် မှီခိုပြီး နေထိုင်ကြရတယ်၊
အညမည ပစ္စယော အပြန်အလှန် စေတနာထားကြပါ၊ ကိုယ်သူများကိုဆဲမယ် ရိုက်မယ် သတ်မယ် ဆိုရင် ကိုယ့်ကို သူများကလည်း ဆဲမယ် ရိုက်မယ် သတ်မှာပဲ လောကသဘာဝ သဘောတရားတွေပဲ၊ ဓမ္မတရားနဲ့ ကိုယ့်စိတ်ကို သွန်သင်ရမယ်၊ ဓမ္မတရားက အဝေးကြီး ကြည့်စရာ မလိုဘူး သစ်ပင် ပန်းမန် အကောင် တိရိစ္ဆာန်တွေ အကုန်လုံးက တရားပြနေကြတာပဲ အဲ့ဒါတွေက ကိုယ့်စိတ်ကို ဆုံးမတဲ့ တရားတွေပဲ ကိုယ်က မကြည့်လို့ အ ပြီး မသိကြတာ၊ မွေးတာ အိုတာ နာတာ သေတာ နေ့တိုင်း သင်ပြနေတာ။

ဘယ်နှစ်ကြိမ် သင်္ချိုင်းကို မပြီး ဝင်သွားတာလည်း မမှတ်ထားကြဘူး ကိုယ်တိုင် သေမှ သိကြမှာ သေကြည့်လိုက်ပါ ၊ သူများသေတာကိုမြင်ပြီး တခစ်ခစ်နဲ့ ရီနေကြတာ ကိုယ်တိုင်သေမှ သိမယ်၊ ကုသိုလ် ပါရမီ ဓမ္မတရားအလုပ်က လောကသစ္စာတရားတွေက ကိုယ့်ကို သင်ပြနေတာ၊ ကမ္ဘာလောကမှာ သဲပွင့် ကျောက်ပွင့် ပုရွက် ခြ ကောင် ပုတုံး တွေကိုကြည့် သူတို့တောင် အိမ်တွေ တည်ဆောက်ကြတယ် ပန်းပွင့်တွေက ဝတ်ရည်တွေယူလာပြီး သူတို့ သားသမီးတွေကို လာကျွေးနိုင်သေးတာ လူတွေမှာ သတိတရားရှိရင် အကုန်လုံးက ကိုယ့်စိတ်ကို သင်ပြတဲ့ တရားတွေကြီးပဲ၊ မပျင်းနဲ့ အရှုံးမပေးနဲ့ အလဟဿ မနေနဲ့ အချိန်တွေ နေ့ရက်တွေကို မရှုံးစေနဲ့၊ အလကားနေရင် ဒီဘဝမှာ မွေးလာပြီး လူလာဖြစ်ရတာ ဘာမှ အကျိုး မရှိဘူး။

မိုင်းဖုန်းဆရာတော်လည်း များများပြောရင် ရင်ထဲမှာ ကြပ်နေတယ် နည်းနည်းပြောရင်လည်း တန်ဖိုးမထားဘူး ဒီလောက်ဆိုရင်တော့ လုံလောက်ပြီထင်တယ်၊ တန်ဖိုးရှိတဲ့ နေ့ရက်မှာ လာတွေ့ဆုံကြတာ နှစ်ဟောင်းလည်း ကုန်သွားပြီ မကောင်းတဲ့အရာတွေ နှစ်ဟောင်းမှာ ကုန်သွားပြီ အကုသိုလ် မကောင်းတဲ့အရာတွေ မကောင်းတဲ့စိတ်တွေ အကုန်လုံး ဆေးကြောပစ်လိုက်ပါ ပြန်ပြီးတော့ သန့်ရှင်းအောင် ပြုပြင် ဆေးကြော ခန္ဓာနဲ့ စိတ်ကိုလည်း ပြုပြင် ဆေးကြော နှစ်သစ်မှာ ကောင်းမြတ်တဲ့ အလုပ်လုပ်ပြီး စိတ်သစ် ကိုယ်သစ် ပြုပြင်ကြ၊ လင်မယား မောင်နှမတွေ ရန်မဖြစ်ကြနဲ့ ဆူဆူညံညံ မလုပ်ကြနဲ့ အချင်းချင်း ရန်မဖြစ်ကြနဲ့ အငြင်းအခုံ မလုပ်နဲ့ မသတ်ဖြတ်ကြနဲ့ ၊ သူများပြောတယ် မဟုတ်လား “ပါနာတိပါနာ ဝေရာမဏိ” ဆိုပေမယ့် “ပါနာတိပါတိုင်”(ရှမ်းလို တိုင်ဆိုတာ သေတာ) ဖြစ်ပြီး အချင်းချင်း သေအောင် သတ်နေကြတယ်၊ “အာမဘန္တေ” မဟုတ်ဘဲ “အာမဘန်တိုင်” ဖြစ်ပြီး တယောက်နဲ့ တယောက် သေအောင် လုပ်နေကြတယ်။

ကျောက်ပန်ဖ လာဆုံးမတယ် ကျောက်ရွက်ဆစ် ပုတီးယူသွားတယ် နင်တို့မဆူနဲ့ ဆူရင် ရှမ်းပြည်မှာ မနေတော့ဘူးလို့ ပြောခဲ့တယ်၊ ရှမ်းတွေ ဗမာတွေကို ချစ်လို့ ပြန်လာတာ နင်တို့ကို သနားလို့ ပဌာန်းဆက်တွေများလို့ ၊ ဘူတန်ဘုရင်က ပင့်ထားပြီးပြီ မြန်မာပြည်ကို လုံးဝမလာလည်းရတယ်၊ ပဋ္ဌာန်းဆက်တွေ ဒီမှာရှိလို့ မေတ္တာပြန်လာပေးရတာ၊ မိုင်းကြပ်ဂူမှာ အဓိဋ္ဌာန်ဝင်မယ်လို့ ပြောထားတာလည်းရှိလို့ ရှင်ရင်လည်း မိုင်းကြပ်ဂူမှာပဲ နေမယ် သေရင်လည်း မိုင်းကြပ်ဂူမှာပဲ သေမယ် သုံးနှစ်သုံးလ ဘယ်မှ မသွားတော့ဘူး လူတွေ နတ်တွေ သတ္တဝါတွေကို မေတ္တာ ပို့သတော့မယ်၊ မနက်ဖြန်သွားပြီး မင်္ဂလာ ယူလိုက်အုံးမယ် ။

(၂၇)ရက်နေ့ကတော့ ဆရာတော်ကို ပို့ဆောင်ပြီးရင် ကိုယ်ပိုင် အချိန်ပဲ၊ (၁၉)ရက်နေ့က ကန်တော့ပွဲကြီး ကန်တော့ပြီးတော့ ဟိုရန်းစေတီမှာ ထီးတင်မယ်၊ ပြီးရင် ကျိုင်းတောင်း ရေတံခွန်၊ ပြီးရင် နန့်ရီဆန်တော်မှာ ရေစက်ချ ထီးတင် ပြီးတော့ နားကောင်းမှုမှာ ရေစက်ချ မိုင်းတုံမှာ ဌာပနာ၊ မိုင်းလီ မိုင်းကော့ မိုင်းလုံး မှာ ရေစက်ချ ဆရာတော်ကြီးတွေကို ကန်တော့ပြီး (၂၆)ရက် မိုင်းကြပ်ဂူကို ပြန်မယ် မိုင်းဖုန်းကို မဝင်တော့ဘူး (၂၇)မှာ ပြီးဆုံးမယ်၊ လာမရှုပ်နဲ့တော့ အနှောင့်အယှက် လာမပေးကြနဲ့တော့ ဘယ်သူသေသေ ရှင်ရှင် ဘာစာမှ မရေးနဲ့ ဘာသတင်းမှ လာမပေးနဲ့ တရားနဲ့ပဲ အေးချမ်းစွား နေတော့မယ်၊ အကြောင်းကိစ္စရှိရင် စာရေးပြီး ပါးလိုက်မယ် လူတိုင်းကို မေတ္တာပို့သပေးမယ် ဒီလောက်ပဲ မှာထားမယ်။

နေကောင်း ကျန်းမာ ဥစ္စာပေါများ သီလတရားရှိပြီး နိဗ္ဗာန်ကို အမြန်ရောက်ရှိကြပါစေ၊ နိဗ္ဗာန်မရောက်မှီ စပ်ကြား သံသရာမှာ ကျင်လည်ရမည် ဆိုလည်း လူဖြစ်ရင်လည်း လူကောင်း နတ်ဖြစ်ရင်လည်း နတ်မြတ် နတ်ကောင်း အာယုဝန သုခဗလ ပတ္တိဗာန အကျိုးငါးပါး ပြည့်ဝ ပြည့်စုံ လောကီ လောကုတ္တရာ ဥစ္စာ အလုံးစုံပြည့်စုံပြီး ပျော်ပျော်ရွှင်ရွှင် မြန်မြန်ဆန်ဆန် ကောင်းမြတ်တဲ့အလုပ် ဒါန သီလ ဘာဝနာ ဘဝတိုင်း ဘဝတိုင်း ကောင်းမြတ်ပြီး ပါရမီ ဆယ်ပါး မပြည့်ခင် ကိုယ့်ရဲ့ ဒါန သီလ စာဂ ပညာ ဝီရိယ ဟီရိ သြတ္တပ သန့်ရှင်းဖြူစင်ပြီး ပါရမီဆယ်ပါး ပြည့်စုံပါက မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိပြီး အေးချမ်းတဲ့ နိဗ္ဗာန်ကို လူတိုင်း အယောက်တိုင်း ရရှိနိုင်ကြပါစေ သတည်း။။

share from: theesaychin


Previous
Next Post »
Powered by Blogger.