Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သင့်ကို ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့်နည်းလမ်း ( 7 ) ခု
1964 မှာရန်ဒီဂါဒ်နာဆိုတဲ့လူသည်၁၁ရက်နဲ့၂၅မိနစ်မအိပ်ဘဲနေခဲ့တယ်။သူသည်မအိပ်ဘဲအကြာဆုံးနေနိုင်ခဲ့တဲ့လူအဖြစ်မှတ်တမ်းတင်ခံခဲ့ရတယ်လူတွေဟာဘဝရဲ့အချိန်ကာလတစ်ခုခုမှာအိပ်မပျော်တဲ့ရောဂါကိုခံစားဖူးကြပါတယ်။အိပ်မပျော်တဲ့ရောဂါကိုဘယ်လိုတွန်းလှန်ရမလဲဆိုတာသိထားဖို့လိုပါတယ်။
၁။မွေ့ယာအဟောင်းတွေကိုဖယ်ရှားပါမကောင်းတဲ့မွေ့ယာမှာအိပ်မိရင်လည်း
အိပ်မပျော်တဲ့ရောဂါဖြစ်နိုင်တယ်။ပညာရှင်တွေကရနှစ်ကျော်ကြာပြီဖြစ်တဲ့မွေ့ယာဟာခန္ဓာကိုယ်အတွက်သက်တောင့်သက်သာမရှိတော့တဲ့အတွက်သုံးသင့်မ
သုံးသင့်စစ်ဆေးသင့်တယ်လို့ဆိုထားတယ်
၂။ညဘက်အိပ်မပျော်တာမျိုး(သို့) ညလယ်ရောက်မှအိပ်နေရင်းရုတ်တရက်လန့်နိုးတာမျိုးဆိုရင်cane sugar နဲ့sea salt ကိုရောပြီးလျှာပေါ်မှာတင်စားကြည့်ပါ။အိပ်ပျော်သွားရန်ကူညီပေးပါလိမ့်မယ်။
၃။လူအများစုကနေ့ခင်းအိပ်တာဟာညဘက်မှာအိပ်ရေးပျက်ခဲ့တာတွေအတွက်
အစားထိုးပေးနိုင်ပြီးကောင်းတယ်လို့ထင်ကြတယ်။တကယ်တော့နေ့ခင်းအိပ်တာဟာညဘက်မှာအိပ်တဲ့အချိန်တွေကိုလျော့သွားစေပါတယ်။ဒါကြောင့်နေခင်းအိပ်ရင်၂နာရီထက်ပိုမအိပ်သင့်ဘူး။ညနေ၆နာရီမှ၉နာရီကြားမအိပ်သင့်ပါဘူး။
၄။ညအိပ်တဲ့အခါအတွေးတွေအများကြီးမတွေးသင့်ဘူး။
အတွေးလွန်ခြင်းကအိပ်မပျော်ဖြစ်စေပြီးစိတ်ဖိစီးစေတယ်ဒါကြောင့်အိပ်ရာမဝင်ခင်တစ်နေ့တာမှာဖြစ်ပျက်ခဲ့သမျှကောင်းတာတွေကိုချရေးပြီးမှအိပ်ပါ။စိတ်ဖိစီးမှုကိုလျော့ချပေးပြီးအိပ်ပျော်စေပာတယ်။
၅။အိပ်တဲ့အခါနာရီနဲ့နှိုးစက်တွေကိုအနားမှာမထားပါနဲ။
အခန်းထဲမှာအလင်းရောင်တွေ၊ဆူညံသံတွေရှိမနေဘဲသက်သက်သာသာအိပ်လို့ရမယ့်အခန်းဖန်တီးအိပ်စက်ပါ။
၆။အိပ်တဲ့အခါသင့်ကိုပျော်ရွှင်ပြီးစိတ်သက်တောင့်သက်သာဖြစ်စေမယ့်နေရာတွေ၊ပုံရိပ်တွေကိုကိုပဲတွေးပါ။ဒီလိုတွေးခြင်းကစိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေကိုလျော့ချပေးပြီးအိပ်ပျော်စေပါတယ်။
၇။အိပ်ပျော်ဖို့အတင်းမကြိုးစားပါနဲ့အိပ်မပျော်ရင်နိုးနေလိုက်ပါ။
စာအုပ်တစ်အုပ်အုပ်ကောက်ဖတ်လိုက်ပါ(သို့) သီချင်းနားထောင်လိုက်ပါ။သိပ်မကြာမီအိပ်ပျော်သွားသည်ကိုသတိထားမိမှာပါ။
Writer – Min Thu ( YGN Times )
Previous
Next Post »
Powered by Blogger.