ပ်ိဳေမတို႔ ဝိတ္က်ဖို႔အတြက္ လြယ္ကူတဲ့နည္းလမ္း (12) ခု




Zawgyi ျဖင့္ဖတ္ရန္

အလြယ္တကူဝိတ္က်ခ်င္တာကေတာ့ လူတိုင္းရဲ႕အိပ္မက္ပါပဲ။ ဒါေပမဲ့ ဝိတ္က်လာတဲ့ရလဒ္ေတြက လြယ္လြယ္နဲ႔ေတာ့ မရႏိုင္ပါဘူး။ ေအာက္မွာေျပာထားတဲ့ လြယ္ကူတဲ့အခ်က္ေတြကို ေန႔တိုင္းလိုက္နာေပးရင္ေတာ့ သင္လိုခ်င္တဲ့ ခႏၶာကိုယ္ပုံစံကို အခ်ိန္တစ္ခုအတြင္းမွာ ရလာမွာပါ။

၁။ ေန႔လည္စာကို သယ္သြားပါ



သင္က ေန႔လည္စာကို ႀကိဳမစီစဥ္တတ္ရင္ေတာ့ ဗိုက္ဆာတဲ့အခ်ိန္ အဆီမ်ားတဲ့အစားအစာေတြပိုစားမိမွာပါ။ ဒီေတာ့ ေန႔လည္စာကို ႀကိဳျပင္ဆင္ထားပါ။ သင္က ႐ုံးတက္ရသူဆိုရင္ ပိုၿပီးေတာ့အေရးႀကီးပါတယ္။ အျပင္စာေတြက ဝိတ္တက္ေစပါတယ္။ ေန႔လည္စာကို ႀကိဳျပင္ဆင္ၿပီး သယ္သြားပါ။

၂။ ေရေသာက္ပါ



ေရေသာက္တာက အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။ ဗိုက္ျပည့္ေနေစၿပီး အသားအေရအတြက္လည္း ေကာင္းပါတယ္။ ေရေသာက္နည္းတဲ့အက်င့္ရွိရင္ ေရမ်ားမ်ားေသာက္ျဖစ္ေအာင္အက်င့္လုပ္ပါ။

၃။ အိပ္ေရးဝေအာင္အိပ္ပါ



အိပ္တာေနာက္က်တာက သေရစာေတြ၊ အသင့္စား အစားအေသာက္ေတြကို ပိုစားမိေစပါတယ္။ ညဘက္ေစာေစာအိပ္ၿပီး မနက္ေစာေစာထတာက က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအစာေတြစားျဖစ္ဖို႔ တြန္းအားျဖစ္ေစပါတယ္။

၄။ စားခ်ိန္ေက်ာ္ျခင္း



ဝိတ္က်ဖို႔ မနက္စာ မစားတာ ညစာ မစားတာေတြ လုပ္စရာမလိုပါဘူး။ ဒီလိုလုပ္လိုက္တာက ဇီဝျဖစ္စဥ္ကို ေႏွးေကြးသြားေစပါတယ္။ သင္က ေနာင္တစ္ခ်ိန္ တစ္ခုခုစားတဲ့အခါ ဇီဝျဖစ္စဥ္က ဒီအစားအစာကို လြယ္လြယ္နဲ႔ မၿဖိဳခြင္းႏိုင္ေတာ့ပါဘူး။ ဒီလိုဆိုရင္ စားမိတဲ့အစားအေသာက္က အဆီနဲ႔ေျပာင္းလဲသြားပါေတာ့တယ္။

၅။ ထမင္းစားခန္းမွာ မွန္ထားပါ



ဒီလိုလုပ္လိုက္တာက တစ္ခုခုစားတဲ့အခ်ိန္ သင့္ပုံစံကို ျမင္လာရေစပါတယ္။ သင့္ရဲ႕ ပုံစံကို ျပန္ၾကည့္ၿပီး အစာေလွ်ာ့စားဖို႔ သတိေပးေနသလို ျဖစ္ပါလိမ့္မယ္။

၆။ မနက္ပိုင္းမွာ ခ်ိဳတာေလးေတြစားပါ



သင္က အခ်ိဳႀကိဳက္သူဆိုရင္ မနက္ပိုင္းမွာစားႏိုင္ပါတယ္။ မနက္စာစားတဲ့အခ်ိန္ကိုပဲ က်န္းမာေရးနဲ႔မညီၫြတ္တာေတြ စားဖို႔ သတ္မွတ္ထားလိုက္ပါ။ က်န္တဲ့အခ်ိန္ေတြကိုေတာ့ အသီးအ႐ြက္နဲ႔ က်န္းမာေရးနဲ႔ညီၫြတ္တာေတြပဲ စားပါ။

၇။ ႀကိဳးစည္းတဲ့နည္းလမ္း



ဒီနည္းလမ္းကေတာ့ အထူးအဆန္းပါပဲ။ သင္က ဗိုက္အရမ္းဆာတယ္ ညစာမစားဘဲမေနႏိုင္ဘူးဆိုရင္ သင့္ခါးမွာ ႀကိဳးတစ္ေခ်ာင္းနဲ႔စည္းထားလိုက္ပါ။ အရမ္းက်ပ္တဲ့အထိေတာ့မစည္းပါနဲ႔။ ဒါေပမဲ့ စည္းထားတယ္ဆိုတာ သိတဲ့အေနအထားေတာ့ ေနေပးပါ။ သင္စားေနတဲ့အခ်ိန္ ခါးေပၚက ႀကိဳးကို သတိရၿပီး အစားေလွ်ာ့လာပါလိမ့္မယ္။



၈။ အဆီမ်ားတဲ့အစားအေသာက္ေတြကို စားတဲ့အခ်ိန္ ေသးေသးေလးေတြလုပ္လိုက္ပါ



လူတိုင္းေတာ့ ကိုယ္ႀကိဳက္တာကို မစားဘဲ မေနႏိုင္ၾကပါဘူး။ နည္းနည္းေတာ့စားခ်င္ၾကမွာပါ။ အဲ့လိုစားတဲ့အခ်ိန္ သင္စားတဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာကို ေသးေသးေလးေတြျဖစ္ေအာင္ ဖန္တီးပါ။ ဒီလိုဆို ကိုယ့္ကိုကိုယ္ အမ်ားႀကီးစားတယ္လို႔ ထင္လာရေစပါတယ္။ ပမာဏနည္းရင္ေတာင္မွေပါ့။

၉။ စားၿပီး အက်န္ခ်န္ထားပါ



တစ္ခုခုစားတိုင္း ေျပာင္ေအာင္မစားပါနဲ႔။ နည္းနည္းေလးအၿမဲခ်န္ထားပါ။ ဒီလိုလုပ္တာက ဗိုက္တင္းသြားၿပီလို႔ ထင္ရေစသလို အစာစားတာလည္း ပိုနည္းသြားေစပါတယ္။

၁၀။ အစာစားၿပီးေနာက္သြားတိုက္ပါ



သြားတိုက္လိုက္တဲ့အခ်ိန္ ေနာက္ထပ္မစားမိေအာင္ ကာကြယ္လိုက္သလိုျဖစ္ပါတယ္။

၁၁။ စားေနတဲ့အခ်ိန္ တျခားအလုပ္ေတြမလုပ္ပါနဲ႔



အစာစားရင္း တီဗီမၾကည့္ပါနဲ႔။ ဖုန္းမသုံးပါနဲ႔။ သင္မသိလိုက္ဘဲ ပိုစားမိေနပါလိမ့္မယ္။

၁၂။ ကိုယ္စားမယ့္အရာေတြကို ႀကိဳစီစဥ္ပါ



ကိုယ္စားမယ့္အစားအေသာက္ေတြကို ႀကိဳစဥ္းစားထားပါ။ ဘယ္ဟာက ကယ္လိုရီပိုနည္းမလဲ ဘာစားရင္ အဆင္ေျပမလဲ ႀကိဳစဥ္းစားထားပါ။သင္ေကာဝိတ္က်ဖို႔အတြက္ ဘယ္လိုနည္းလမ္းေတြ ျပဳလုပ္ေသးလဲ။ အားလုံးသိေအာင္ ေဝမွ်ခဲ့ပါဦးေနာ္။

share from:theesaychin



Unicode ဖြင့်ဖတ်ရန်

ပျိုမေတို့ ဝိတ်ကျဖို့အတွက် လွယ်ကူတဲ့နည်းလမ်း (12) ခု


အလွယ်တကူဝိတ်ကျချင်တာကတော့ လူတိုင်းရဲ့အိပ်မက်ပါပဲ။ ဒါပေမဲ့ ဝိတ်ကျလာတဲ့ရလဒ်တွေက လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး။ အောက်မှာပြောထားတဲ့ လွယ်ကူတဲ့အချက်တွေကို နေ့တိုင်းလိုက်နာပေးရင်တော့ သင်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို အချိန်တစ်ခုအတွင်းမှာ ရလာမှာပါ။

၁။ နေ့လည်စာကို သယ်သွားပါ



သင်က နေ့လည်စာကို ကြိုမစီစဉ်တတ်ရင်တော့ ဗိုက်ဆာတဲ့အချိန် အဆီများတဲ့အစားအစာတွေပိုစားမိမှာပါ။ ဒီတော့ နေ့လည်စာကို ကြိုပြင်ဆင်ထားပါ။ သင်က ရုံးတက်ရသူဆိုရင် ပိုပြီးတော့အရေးကြီးပါတယ်။ အပြင်စာတွေက ဝိတ်တက်စေပါတယ်။ နေ့လည်စာကို ကြိုပြင်ဆင်ပြီး သယ်သွားပါ။

၂။ ရေသောက်ပါ



ရေသောက်တာက အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဗိုက်ပြည့်နေစေပြီး အသားအရေအတွက်လည်း ကောင်းပါတယ်။ ရေသောက်နည်းတဲ့အကျင့်ရှိရင် ရေများများသောက်ဖြစ်အောင်အကျင့်လုပ်ပါ။

၃။ အိပ်ရေးဝအောင်အိပ်ပါ



အိပ်တာနောက်ကျတာက သရေစာတွေ၊ အသင့်စား အစားအသောက်တွေကို ပိုစားမိစေပါတယ်။ ညဘက်စောစောအိပ်ပြီး မနက်စောစောထတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေစားဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။

၄။ စားချိန်ကျော်ခြင်း



ဝိတ်ကျဖို့ မနက်စာ မစားတာ ညစာ မစားတာတွေ လုပ်စရာမလိုပါဘူး။ ဒီလိုလုပ်လိုက်တာက ဇီဝဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ သင်က နောင်တစ်ချိန် တစ်ခုခုစားတဲ့အခါ ဇီဝဖြစ်စဉ်က ဒီအစားအစာကို လွယ်လွယ်နဲ့ မဖြိုခွင်းနိုင်တော့ပါဘူး။ ဒီလိုဆိုရင် စားမိတဲ့အစားအသောက်က အဆီနဲ့ပြောင်းလဲသွားပါတော့တယ်။

၅။ ထမင်းစားခန်းမှာ မှန်ထားပါ



ဒီလိုလုပ်လိုက်တာက တစ်ခုခုစားတဲ့အချိန် သင့်ပုံစံကို မြင်လာရစေပါတယ်။ သင့်ရဲ့ ပုံစံကို ပြန်ကြည့်ပြီး အစာလျှော့စားဖို့ သတိပေးနေသလို ဖြစ်ပါလိမ့်မယ်။

၆။ မနက်ပိုင်းမှာ ချိုတာလေးတွေစားပါ



သင်က အချိုကြိုက်သူဆိုရင် မနက်ပိုင်းမှာစားနိုင်ပါတယ်။ မနက်စာစားတဲ့အချိန်ကိုပဲ ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားဖို့ သတ်မှတ်ထားလိုက်ပါ။ ကျန်တဲ့အချိန်တွေကိုတော့ အသီးအရွက်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ စားပါ။

၇။ ကြိုးစည်းတဲ့နည်းလမ်း



ဒီနည်းလမ်းကတော့ အထူးအဆန်းပါပဲ။ သင်က ဗိုက်အရမ်းဆာတယ် ညစာမစားဘဲမနေနိုင်ဘူးဆိုရင် သင့်ခါးမှာ ကြိုးတစ်ချောင်းနဲ့စည်းထားလိုက်ပါ။ အရမ်းကျပ်တဲ့အထိတော့မစည်းပါနဲ့။ ဒါပေမဲ့ စည်းထားတယ်ဆိုတာ သိတဲ့အနေအထားတော့ နေပေးပါ။ သင်စားနေတဲ့အချိန် ခါးပေါ်က ကြိုးကို သတိရပြီး အစားလျှော့လာပါလိမ့်မယ်။

၈။ အဆီများတဲ့အစားအသောက်တွေကို စားတဲ့အချိန် သေးသေးလေးတွေလုပ်လိုက်ပါ



လူတိုင်းတော့ ကိုယ်ကြိုက်တာကို မစားဘဲ မနေနိုင်ကြပါဘူး။ နည်းနည်းတော့စားချင်ကြမှာပါ။ အဲ့လိုစားတဲ့အချိန် သင်စားတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာကို သေးသေးလေးတွေဖြစ်အောင် ဖန်တီးပါ။ ဒီလိုဆို ကိုယ့်ကိုကိုယ် အများကြီးစားတယ်လို့ ထင်လာရစေပါတယ်။ ပမာဏနည်းရင်တောင်မှပေါ့။

၉။ စားပြီး အကျန်ချန်ထားပါ



တစ်ခုခုစားတိုင်း ပြောင်အောင်မစားပါနဲ့။ နည်းနည်းလေးအမြဲချန်ထားပါ။ ဒီလိုလုပ်တာက ဗိုက်တင်းသွားပြီလို့ ထင်ရစေသလို အစာစားတာလည်း ပိုနည်းသွားစေပါတယ်။

၁၀။ အစာစားပြီးနောက်သွားတိုက်ပါ



သွားတိုက်လိုက်တဲ့အချိန် နောက်ထပ်မစားမိအောင် ကာကွယ်လိုက်သလိုဖြစ်ပါတယ်။

၁၁။ စားနေတဲ့အချိန် တခြားအလုပ်တွေမလုပ်ပါနဲ့



အစာစားရင်း တီဗီမကြည့်ပါနဲ့။ ဖုန်းမသုံးပါနဲ့။ သင်မသိလိုက်ဘဲ ပိုစားမိနေပါလိမ့်မယ်။

၁၂။ ကိုယ်စားမယ့်အရာတွေကို ကြိုစီစဉ်ပါ



ကိုယ်စားမယ့်အစားအသောက်တွေကို ကြိုစဉ်းစားထားပါ။ ဘယ်ဟာက ကယ်လိုရီပိုနည်းမလဲ ဘာစားရင် အဆင်ပြေမလဲ ကြိုစဉ်းစားထားပါ။သင်ကောဝိတ်ကျဖို့အတွက် ဘယ်လိုနည်းလမ်းတွေ ပြုလုပ်သေးလဲ။ အားလုံးသိအောင် ဝေမျှခဲ့ပါဦးနော်။

share from:theesaychin

Previous
Next Post »
Powered by Blogger.