Rock Week မွာ ဂုဏ္ထူးထြက္သြားခဲ့တဲ့ Benjamin Sum



Zawgyi ျဖင့္ဖတ္ရန္

ျမန္မာတစ္ႏိုင္လုံး ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ Myanmar Idol Top 10 (rock week) Live ေဖ်ာ္ေျဖတင္ဆက္မႈႀကီးကို ယမန္ေန႔ ႏိုဝင္ဘာ ၇ ရက္ေန႔မွာ ၿပိဳင္ပြဲဝင္တစ္ဦးခ်င္းစီရဲ႕ သူမတူနဲ႔ ေဖ်ာ္ေျဖတင္ဆက္မႈေတြနဲ႔အတူ က်င္းပျပဳလုပ္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ Top 10 စာရင္းဝင္ေရာက္သြားတဲ့ ၿပိဳင္ပြဲဝင္ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ သူတို႔ကာ႐ိုက္တာနဲ႔ မတူညီကြဲထြက္ေနတဲ့ Rocker ပုံစံ သီဆိုသြားဟန္ေတြကိုပရိတ္သတ္ သိျမင္ခဲ့ၿပီပဲျဖစ္ပါတယ္။



Top 10 ၿပိဳင္ပြဲဝင္ေတြထဲက ခ်င္းလူမ်ိဳး အသက္ ၁၈ ႏွစ္အ႐ြယ္ ေကာင္ေလး Benjamin Sum ကေတာ့ Rock Week မွာအကယ္ဒမီ ေက်ာ္ဟိန္းရဲ႕ ‘သြားမယ္ မတားနဲ႔’ သီခ်င္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္လာပါတယ္။ Benjamin Sum ဟာ ၿပီးခဲ့တဲ့ Top 11 Finalists ေဖ်ာ္ေျဖတင္ဆက္မႈတုန္းက ထူးအိမ္သင္ရဲ႕ ‘ေနေကာင္းလား ေမေမ’ သီခ်င္းနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့‌ၿပီး low key နဲ႔ high key အကူးအေျပာင္းမွာ အနည္းငယ္ ခြၽတ္ေခ်ာ္တာေလးေတြ ရွိသြားခဲ့တဲ့အတြက္ ဒိုင္လူႀကီးေတြ အေနနဲ႔ Benjamin ကို စိတ္ပူခဲ့ၾကပါတယ္။



 ‘သြားမယ္ မတားနဲ႔’ သီခ်င္းမွာ Benjamin က အရမ္းျမင့္တဲ့ high note ေတြကို ဆိုဖို႔လိုတာေၾကာင့္ မေမာ္က “သား အရင္အပတ္ေတြတုန္းက High note ေတြကိုဆိုတဲ့ အခါမ်ိဳးမွာ အေနာက္လွည့္ၿပီးဆိုတာေတြ ႀကဳံခဲ့ဖူးတယ္ေနာ္ ဟို green mile တို႔ဘာတို႔ မတိုင္ခင္တုန္းကေလ အခုက်ေတာ့ သားက ငါလုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ေလးနဲ႔ ႀကိဳးစားသြားကိုလည္း ေတြ႕တယ္ ေမာင္ေလး အရင္တုန္းက စိုးရိမ္ေနတာေတြ ေပ်ာက္သြားၿပီဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ရတယ္” ဆိုၿပီး ဒိုင္လူႀကီးထဲက တစ္ဦးအပါအဝင္ျဖစ္တဲ့ မတင္ဇာေမာ္က မွတ္ခ်က္ေပးသြားပါတယ္။



မျဖဴကေတာ့ Rock Week မွာ အေကာင္းဆုံးေဖ်ာ္ေျဖတင္ဆက္သြားႏိုင္ခဲ့တဲ့ Benjamin ကို “ျဖဴျဖဴေက်ာ္သိန္းေပါက္စေလးကို ျမင္ေနရသလိုပဲ အဲ့ဒီ (စတိတ္) ေပၚမွာ ႐ူးသြပ္ေနတာ” ဆိုၿပီး ေျပာသြားပါတယ္။ ၿပိဳင္ပြဲဝင္ Benjamin ဟာ အရင္တုန္းက အကယ္ဒမီ ေက်ာ္ဟိန္းရဲ႕ ‘သြားမယ္ မတားနဲ႔’ ကို သီခ်င္းရဲ႕ မူရင္း အရသာမေပ်ာက္ေစသလို သူ႔ရဲ႕ ကိုယ္ပိုင္ဟန္ေလးကိုလည္း မေပ်ာက္ေစတာကို ေတြ႕ရတာေၾကာင့္ “I’m really proud of you ဂုဏ္ထူးထြက္တယ္” ဆိုၿပီး ဒိုင္လူႀကီးေတြထဲ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

https://www.facebook.com/105050030893604/videos/2486512611674498/


ဒိုင္လူႀကီးထဲက ဝါအရင့္ဆုံး အသက္အႀကီးဆုံး ဦးေအာင္ကိုလတ္ကလည္း Benjamin ကို “မင္းက အမ်ိဳးမ်ိဳးသက္ဝင္လို႔ရတဲ့အတြက္ မင္းရဲ႕ ႐ူးသြပ္မႈဟာ အစိမ္းေရာင္နဲ႔ေတြ႕ရင္ အစိမ္းအတိုင္းသက္ဝင္လိုက္တယ္ ႏွင္းဆီပန္းေလးနဲ႔ေတြ႕ရင္ ႏွင္းဆီပန္းေလးလို ဝင္စားလိုက္တယ္ ဒီေန႔ည မင္းက မင္းရဲ႕ rock ပန္းေလးေတြနဲ႔အတူ ဝင္စားလိုက္တယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။



Benjamin ‘သြားမယ္ မတားနဲ႔’ သီခ်င္းကို စတိတ္ေပၚ မေဖ်ာ္ေျဖခင္တုန္းက အာသီးေရာင္ခဲ့ၿပီး လည္ေခ်ာင္း အနည္းငယ္ နာေနခဲ့ေပမယ့္ high note ေတြကို အမွားနည္းနည္း (ခြၽတ္ေခ်ာ္ တိမ္းေစာင္းမႈ နည္းနည္း) နဲ႔ ‘သြားမယ္ မတားနဲ႔’ ဆိုတဲ့ သီခ်င္းေခါင္းစဥ္နဲ႔လိုက္ေအာင္ သီဆိုသြားႏိုင္ခဲ့ပါတယ္။


Credit : popolay 


Unicode ဖြင့်ဖတ်ရန်
 
Rock Week မှာ ဂုဏ်ထူးထွက်သွားခဲ့တဲ့ Benjamin Sum



မြန်မာတစ်နိုင်လုံး မျှော်လင့်စောင့်စားနေကြတဲ့ Myanmar Idol Top 10 (rock week) Live ဖျော်ဖြေတင်ဆက်မှုကြီးကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြိုင်ပွဲဝင်တစ်ဦးချင်းစီရဲ့ သူမတူနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ကျင်းပပြုလုပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Top 10 စာရင်းဝင်ရောက်သွားတဲ့ ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ သူတို့ကာရိုက်တာနဲ့ မတူညီကွဲထွက်နေတဲ့ Rocker ပုံစံ သီဆိုသွားဟန်တွေကိုပရိတ်သတ် သိမြင်ခဲ့ပြီပဲဖြစ်ပါတယ်။



Top 10 ပြိုင်ပွဲဝင်တွေထဲက ချင်းလူမျိုး အသက် ၁၈ နှစ်အရွယ် ကောင်လေး Benjamin Sum ကတော့ Rock Week မှာအကယ်ဒမီ ကျော်ဟိန်းရဲ့ ‘သွားမယ် မတားနဲ့’ သီချင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်လာပါတယ်။ Benjamin Sum ဟာ ပြီးခဲ့တဲ့ Top 11 Finalists ဖျော်ဖြေတင်ဆက်မှုတုန်းက ထူးအိမ်သင်ရဲ့ ‘နေကောင်းလား မေမေ’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့‌ပြီး low key နဲ့ high key အကူးအပြောင်းမှာ အနည်းငယ် ချွတ်ချော်တာလေးတွေ ရှိသွားခဲ့တဲ့အတွက် ဒိုင်လူကြီးတွေ အနေနဲ့ Benjamin ကို စိတ်ပူခဲ့ကြပါတယ်။



 ‘သွားမယ် မတားနဲ့’ သီချင်းမှာ Benjamin က အရမ်းမြင့်တဲ့ high note တွေကို ဆိုဖို့လိုတာကြောင့် မမော်က “သား အရင်အပတ်တွေတုန်းက High note တွေကိုဆိုတဲ့ အခါမျိုးမှာ အနောက်လှည့်ပြီးဆိုတာတွေ ကြုံခဲ့ဖူးတယ်နော် ဟို green mile တို့ဘာတို့ မတိုင်ခင်တုန်းကလေ အခုကျတော့ သားက ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးနဲ့ ကြိုးစားသွားကိုလည်း တွေ့တယ် မောင်လေး အရင်တုန်းက စိုးရိမ်နေတာတွေ ပျောက်သွားပြီဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရတယ်” ဆိုပြီး ဒိုင်လူကြီးထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ မတင်ဇာမော်က မှတ်ချက်ပေးသွားပါတယ်။



မဖြူကတော့ Rock Week မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့တဲ့ Benjamin ကို “ဖြူဖြူကျော်သိန်းပေါက်စလေးကို မြင်နေရသလိုပဲ အဲ့ဒီ (စတိတ်) ပေါ်မှာ ရူးသွပ်နေတာ” ဆိုပြီး ပြောသွားပါတယ်။ ပြိုင်ပွဲဝင် Benjamin ဟာ အရင်တုန်းက အကယ်ဒမီ ကျော်ဟိန်းရဲ့ ‘သွားမယ် မတားနဲ့’ ကို သီချင်းရဲ့ မူရင်း အရသာမပျောက်စေသလို သူ့ရဲ့ ကိုယ်ပိုင်ဟန်လေးကိုလည်း မပျောက်စေတာကို တွေ့ရတာကြောင့် “I’m really proud of you ဂုဏ်ထူးထွက်တယ်” ဆိုပြီး ဒိုင်လူကြီးတွေထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။



ဒိုင်လူကြီးထဲက ဝါအရင့်ဆုံး အသက်အကြီးဆုံး ဦးအောင်ကိုလတ်ကလည်း Benjamin ကို “မင်းက အမျိုးမျိုးသက်ဝင်လို့ရတဲ့အတွက် မင်းရဲ့ ရူးသွပ်မှုဟာ အစိမ်းရောင်နဲ့တွေ့ရင် အစိမ်းအတိုင်းသက်ဝင်လိုက်တယ် နှင်းဆီပန်းလေးနဲ့တွေ့ရင် နှင်းဆီပန်းလေးလို ဝင်စားလိုက်တယ် ဒီနေ့ည မင်းက မင်းရဲ့ rock ပန်းလေးတွေနဲ့အတူ ဝင်စားလိုက်တယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။



Benjamin ‘သွားမယ် မတားနဲ့’ သီချင်းကို စတိတ်ပေါ် မဖျော်ဖြေခင်တုန်းက အာသီးရောင်ခဲ့ပြီး လည်ချောင်း အနည်းငယ် နာနေခဲ့ပေမယ့် high note တွေကို အမှားနည်းနည်း (ချွတ်ချော် တိမ်းစောင်းမှု နည်းနည်း) နဲ့ ‘သွားမယ် မတားနဲ့’ ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့လိုက်အောင် သီဆိုသွားနိုင်ခဲ့ပါတယ်။


Credit : popolay 

Previous
Next Post »
Powered by Blogger.