Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ခရီးသွားသူမှန်သမျှ အမြန်လမ်း ရောက်ရင် ဒါမျိုးတွေ သတိထားကြပါ
ရန်ကုန်-မန္တလေးအမြန်လမ်းသစ်ကြီးပေါ်လာတဲ့ အခါ ယခင်ထက်ပိုပြီးတော့ လမ်းပန်းဆက်သွယ်ရေး လျင်မြန်လွယ်ကူလာခဲ့တာပဲ ဖြစ်ပါတယ်…. ဒီလို အကျိုးတွေ ခံစားခဲ့ရပေမဲ့လည်း အရှိန်မြှင့်မောင်းလို့ ယာဉ်တိမ်းမှောက်တာတွေ…ယာဉ်ခဏရပ်နားစဉ် မသမာသူတွေက လာရောက်လုယက်တတ်တာတွေ…. ကားလမ်းပေါ် သံချောင်းတွေ ကျောက်ခဲတွေ ချထားပြီး ကားတခုခုဖြစ်အောင်လုပ်တာတွေ စတာတွေလည်း တစ်ခါတစ်ရံမှာ ဖြစ်ပေါ်တတ်တာပဲ ဖြစ်ပါတယ်…
ဒီ့အတွက်လည်း အမြန်လမ်းပေါ်မှာ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့ အတွက် တာဝန်ရှိသူတွေကလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးလျက်ရှိတာကိုလည်းတွေ့ရပါတယ်… ဒါပေမဲ့လည်း တခါတရံမှာတော့ မသမာသူတွေလက်ချက်ကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်မလိုဖြစ်ရတဲ့ အခိုက်အတန့်တွေလည်း ကြုံနေရပါသေးတယ်… ခုဖော်ပြပေးချင်တာကတော့ အမြန်လမ်း မိုင်တိုင် ၄၄ နားမှာ လမ်းပေါ် ကျောက်တုံးတွေချထားတဲ့ ဖြစ်ရပ်လေးပါပဲ…ဒါကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ခရီးသွားပြည်သူတစ်ဦးက ခုလိုပြောပြထားပါတယ်….
“အမြန်လမ်းပေါ် ခရီးသွားနေသူများ မိုင်တိုင် ၄၄ နားရောက်ရင် သတိထားကြပါ…
၂၉-၁၀-၂၀၁၉ ပုဂံမှ ပြန်လာသောခရီး ည ၉:၂၅ ခန့်မှာ မိုင်တိုင် ၄၄/၃ အရောက် လမ်းပေါ်မှာ လိပ်သဲကျောက် ၁၀ ” ခန့်ရှိ ကျောက်တုံးနှင့် အရွယ်ငယ်များစွာ လမ်းပေါ်မှာ စီစီရီရီချထားခြင်းကြောင့် ရှောင်တိမ်းချိန်မရဘဲ ကားအောက်ပိုင်းနှင့် တိုက်မိပါတယ်။ကျောက်တုံးအကြီးကြောင့်ကားအင်ဂျင်အောက်ပိုင်းကွဲအက်ပြီးဆီများယိုကျလာ။ သေချာစစ်ကြည့်တော့အင်ဂျင်ဝိုင်မဟုတ်ဘဲဂီယာဝိုင်များဖြစ်ကြောင်းတွေ့ရ။
အမြန်လမ်းရဲခေါ်၊ ရဲရောက်လာ၊ ဖြစ်စဉ်ပြော၊ရဲမှလမ်းပြင်ကားမှကျသောကျောက်ဟုပြော။ ကိုယ်ကကျသည့်ပုံစံမဟုတ်ကြောင်းရှင်းပြ။ရည်ရွယ်ချက်ရှိရှိလုပ်ကြံခြင်းဖြစ်ကြောင်းပြော။ ရဲမှလမ်းဆောက်လုပ်ရေးအဖွဲ့ကိုခေါ်။တာဝန်ခံအင်ဂျင်နီယာအဖွဲ့ရောက်လာ၊ ၎င်းတို့အဖွဲ့ညဘက်အလုပ်မလုပ်ကြောင်း။ လုပ်သည့်အလုပ်မှာလဲ၎င်းကျောက်များမပါဝင်ကြောင်း ၊ လမ်းလယ်ကပ်တုံးများ ဖြုတ်သည့်အလုပ်သာဖြစ်ကြောင်း ၊အနေအထားအရရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ထားခြင်းဖြစ်နိုင်ကြောင်း ပြန်ပြောပါသည်။
ရဲမှဤနေရာဝန်းကျင်တွင်လူနေထိုင်ခြင်းမရှိကြောင်း၊ ရဲကင်းမှာ မိုင်တိုင် ၄၆ တွင်ရှိကြောင်း ၊ ည ၇ နာရီဝန်းကျင်ကင်းလှည့်ချိန်ထိ ဘာမှမတွေ့ရကြောင်းပြော။
ရဲမှအဆောက်ဦးဟောင်းဖျက်ရာတွင် ပါရှိသည့် အုတ်ကျိုးတခုရှာဖွေပြီးပြ။ လမ်းလုပ်ငန်းကားမှကျခြင်းဖြစ်သည်ဟုပြော။ ဆောက်လုပ်ရေးအဖွဲ့မှမဟုတ်ဟုငြင်း။ လိပ်သဲကျောက်တုံးများယူပြီးပြန်။ ငြင်းနေ၍မပြီး။ ရဲအဖွဲ့အား ကားဆွဲရန်ကူညီပါဟုပြော။ ရဲအဖွဲ့မှကားခေါ်ပေး။ သူတို့လဲအဆက်အသွယ်အတော်ကောင်းပုံရ။ ကိုယ်လဲဒီနေရာကြာကြာမနေချင်တော့တာနဲ့ ဈေးတောင်မဆစ်တော့ဘဲခေါ်ခိုင်းလိုက်။ စဖြစ်ပြီးကားပေါ်ကဆင်းထဲကကို ဘီးဖြုတ်တဲ့ ဂေါက်လက်ထဲကိုင်ထားတာ။
ဖြစ်တဲ့နေရာ ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့ လုံးဝ လူသူမရှိ၊ ဒါ့အပြင် လမ်းပခုံးသားမရှိ၊ ၁၀” လောက်ဇောက် လမ်းဘေးမှာ၊ ကျောက်တုံးကို တဲ့တဲ့နင်းမိရင်ဖြစ်ဖြစ်၊ အမှတ်တမဲ့ဆွဲရှောင်လိုက်ရင်ဘဲဖြစ်ဖြစ် မတွေးရဲစရာ။fit ကားလောက်ဆိုရင်တော့သွားပြီ။ ဆိုတော့ကာ….သုံးသပ်ကြည့်လိုက်ရင် တရားခံဖြစ်နှိုင်ခြေက……?အားလုံးသတိရှိရှိ ခရီးသွားကြပါ။ ဘေးရန်ကင်းကြပါစေ။” ဆိုပြီး ရေးသားထားတာပါ….
ဒီအဖြစ်အပျက်လေးကိုကြည့်ပြီး အမြန်လမ်းပေါ်သွားလာနေကြတဲ့ ကားတွေ ခရီးသွားပြည်သူတွေ သတိထားနိုင်အောင်လို့ ခုလို ပြန်လည်ဝေမျှပေးလိုက်ရတာပဲ ဖြစ်ပါတယ်…..
Writer – HW (Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon