Zawgyiျဖင့္ဖတ္ရန္
မိုက္ကယ္ဂ်က္ဆင္နဲ႔တူေအာင္ ပံုဖမ္းထားသူတစ္ေယာက္ဟာ မိုက္ကယ္နဲ႔ တူလြန္းတဲ့အတြက္ DNA စစ္ေပးဖို႔ ပရိသတ္ေတြရဲ႕ ေတာင္းဆိုခံေနရေၾကာင္း ladbible သတင္းအရ သိရပါတယ္။ အဆိုပါ အမ်ိဳးသားဟာ စပိန္ႏုိင္ငံ ဘာစီလိုနာမွ မိုက္ကယ္ဂ်က္ဆင္အတုခိုးသမားတစ္ဦးျဖစ္ၿပီး ဆာဂ်ီအိုေကာတက္စ္ အမည္ရပါတယ္။ ေကာတက္စ္ဟာ (၂၀၀၉) ခုႏွစ္ ဇြန္လတုန္းက ကြယ္လြန္သြားခဲ့တဲ့ မိုက္ကယ္ဂ်က္ဆင္ကို တုပၿပီး ၄င္းရဲ႕ ဟန္ပန္အမူအရာ၊ အသံအေနအထားအတိုင္း ျပဳလုပ္ကာ အသက္ေမြး၀မ္းေၾကာင္းေနတာ ျဖစ္ပါတယ္။
ေကာတက္စ္ဟာ မိုက္ကယ္ဂ်က္ဆင္နဲ႔ ရုပ္ရည္တင္မကပဲ အသံပါတူေအာင္ တုပထားတာပါ။ ပရိသတ္ေတြက ေကာတက္စ္ဟာ မိုက္ကယ္ဂ်က္ဆင္ပဲလို႔ေတာင္ တခ်ိဳ႕က ထင္ေနၾကပါတယ္။ ေကာတက္စ္က သူဟာ မၾကာခင္ ထိုင္းႏိုင္ငံကို လာေရာက္ေဖ်ာ္ေျဖမွာျဖစ္ေၾကာင္း အင္စတာဂရမ္ေပၚကေန ေျပာျပခဲ့ပါတယ္။
ေကာတက္စ္ရဲ႕ ဗီဒီယိုထဲမွာေတာ့ သူ႔ပရိသတ္ေတြကို သူဘယ္ေနရာမွွာ ေဖ်ာ္ေျဖတင္ဆက္မယ္ဆိုတာ အေသးစိတ္ေျပာျပထားပါတယ္။ ေကာတက္စ္က သူ႔ရဲ႕ ေဖ်ာ္ေျဖပြဲကို ဒီဇင္ဘာ(၂၃) ရက္ေန႔ Hollywood Pattaya မွာ က်င္းပမွာျဖစ္တဲ့အတြက္ မိုက္ကယ္ဂ်က္ဆင္ရဲ႕ ပရိသတ္အားလံုးကို ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက မၾကာခင္ က်င္းပမယ့္ သူ႔ရဲ႕ ရိႈးထက္စာရင္ သူ႔ကိုပဲ ဘာလို႔ မိုက္ကယ္ဂ်က္ဆင္နဲ႔ ဒီေလာက္ေတာင္ တူရတာလဲဆိုၿပီး စိတ္၀င္စားၾကပါတယ္။ မိုက္ကယ္ဂ်က္ဆင္ တကယ္ဟုတ္၊ မဟုတ္ဆိုတာကို DNA စစ္ခိုင္းၾကည့္သင့္တယ္ဆိုၿပီး ေျပာသူကလည္း ေျပာေနပါတယ္။
ေပါ့ပ္ဂီတေလာကရဲ႕ ဘုရင္တစ္ပါးျဖစ္တဲ့ မိုက္ကယ္ဂ်က္ဆင္ကို အတုခိုးထားတဲ့သူဟာ အခု ေတြ႔ျမင္ရတဲ့ ေကာတက္စ္တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ အဂၤလန္ႏိုင္ငံက အက္စ္ဆက္စ္ေကာင္တီမွာ ေနထိုင္သူ ေရာ္ဘင္ပါဆန္ဆိုသူကလည္း မိုက္ကယ္ဂ်က္ဆင္ကို အတုခိုးထားပါေသးတယ္။ ေရာ္ဘင္ကေတာ့ မိုက္ကယ္လို အတုခိုးေနထိုင္လာတာ (၁၀) ႏွစ္ေက်ာ္ေလာက္ ရွိေနၿပီျဖစ္ကာ တစ္ႏွစ္ကို ရိႈးပြဲ (၁၅၀) ၀န္းက်င္ နဲ႔ ကမာၻလွည့္ ေဖ်ာ္ေျဖေလ့ရွိေၾကာင္းလည္း သိရပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
မိုက်ကယ်ဂျက်ဆင်နဲ့ တူလွန်းလို့ DNA စစ်ပေးဖို့တောင်းဆိုခံနေရတဲ့ အတုဝိဇ္ဇာ
မိုက်ကယ်ဂျက်ဆင်နဲ့တူအောင် ပုံဖမ်းထားသူတစ်ယောက်ဟာ မိုက်ကယ်နဲ့ တူလွန်းတဲ့အတွက် DNA စစ်ပေးဖို့ ပရိသတ်တွေရဲ့ တောင်းဆိုခံနေရကြောင်း ladbible သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ စပိန်နိုင်ငံ ဘာစီလိုနာမှ မိုက်ကယ်ဂျက်ဆင်အတုခိုးသမားတစ်ဦးဖြစ်ပြီး ဆာဂျီအိုကောတက်စ် အမည်ရပါတယ်။ ကောတက်စ်ဟာ (၂၀၀၉) ခုနှစ် ဇွန်လတုန်းက ကွယ်လွန်သွားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ကို တုပပြီး ၎င်းရဲ့ ဟန်ပန်အမူအရာ၊ အသံအနေအထားအတိုင်း ပြုလုပ်ကာ အသက်မွေးဝမ်းကြောင်းနေတာ ဖြစ်ပါတယ်။
ကောတက်စ်ဟာ မိုက်ကယ်ဂျက်ဆင်နဲ့ ရုပ်ရည်တင်မကပဲ အသံပါတူအောင် တုပထားတာပါ။ ပရိသတ်တွေက ကောတက်စ်ဟာ မိုက်ကယ်ဂျက်ဆင်ပဲလို့တောင် တချို့က ထင်နေကြပါတယ်။ ကောတက်စ်က သူဟာ မကြာခင် ထိုင်းနိုင်ငံကို လာရောက်ဖျော်ဖြေမှာဖြစ်ကြောင်း အင်စတာဂရမ်ပေါ်ကနေ ပြောပြခဲ့ပါတယ်။
ကောတက်စ်ရဲ့ ဗီဒီယိုထဲမှာတော့ သူ့ပရိသတ်တွေကို သူဘယ်နေရာမှာ ဖျော်ဖြေတင်ဆက်မယ်ဆိုတာ အသေးစိတ်ပြောပြထားပါတယ်။ ကောတက်စ်က သူ့ရဲ့ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၂၃) ရက်နေ့ Hollywood Pattaya မှာ ကျင်းပမှာဖြစ်တဲ့အတွက် မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်အားလုံးကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တော်တော်များများက မကြာခင် ကျင်းပမယ့် သူ့ရဲ့ ရှိုးထက်စာရင် သူ့ကိုပဲ ဘာလို့ မိုက်ကယ်ဂျက်ဆင်နဲ့ ဒီလောက်တောင် တူရတာလဲဆိုပြီး စိတ်ဝင်စားကြပါတယ်။ မိုက်ကယ်ဂျက်ဆင် တကယ်ဟုတ်၊ မဟုတ်ဆိုတာကို DNA စစ်ခိုင်းကြည့်သင့်တယ်ဆိုပြီး ပြောသူကလည်း ပြောနေပါတယ်။
ပေါ့ပ်ဂီတလောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ကို အတုခိုးထားတဲ့သူဟာ အခု တွေ့မြင်ရတဲ့ ကောတက်စ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံက အက်စ်ဆက်စ်ကောင်တီမှာ နေထိုင်သူ ရော်ဘင်ပါဆန်ဆိုသူကလည်း မိုက်ကယ်ဂျက်ဆင်ကို အတုခိုးထားပါသေးတယ်။ ရော်ဘင်ကတော့ မိုက်ကယ်လို အတုခိုးနေထိုင်လာတာ (၁၀) နှစ်ကျော်လောက် ရှိနေပြီဖြစ်ကာ တစ်နှစ်ကို ရှိုးပွဲ (၁၅၀) ဝန်းကျင် နဲ့ ကမ္ဘာလှည့် ဖျော်ဖြေလေ့ရှိကြောင်းလည်း သိရပါတယ်။
Credit:Shwemom
Sign up here with your email
ConversionConversion EmoticonEmoticon