ကထိန္ ရာသီမွာ အလႉရွင္ေတြေရာ သံယာေတာ္ေတြပါ အလိမ္မခံရေစဖို႔ ဒီစာေလးကို ဖတ္ေစခ်င္…



Zawgyi ျဖင့္ဖတ္ရန္

ယခုအခ်ိန္အခါဟာ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ အလႉ ကထိန္ပြဲမ်ားစြာ ၿခိမ့္ၿခိမ့္သဲသဲ က်င္းပတဲ့ အခ်ိန္ပဲျဖစ္ပါတယ္ ဒီလို ကထိန္ပြဲ ကာလမွာ ျမန္မာလူမ်ိဳးေတြအေနနဲ႔ ဆရာေတာ္သံဃာေတာ္မ်ားကို လႉဖြယ္ပစၥည္းအမ်ိဳးမ်ိဳးနဲ႔ ဆက္က္ပလႉဒါန္းေလ့ရွိၾကပါတယ္ ဒီလိုအခ်ိန္မွာပဲ ငရဲမေၾကာက္တဲ့ ဝိသမေလာဘသားတစ္ခ်ိဳ႕က လႉဖြယ္ပစၥည္းေဈးကြက္ ေကာင္းတာကို အခြင့္ေကာင္းယူကာ ဂ်င္းထည့္ၾကတဲ့အေၾကာင္း တင္ျပေပးခ်င္ပါတယ္

ဂ်င္းထည့္ပုံကေတာ့ဒီလိုပါ လက္ႏွီးစုတ္သာသာ သကၤန္းေတြ အရည္အေသြးေတြ စံခ်ိန္မမွီတဲ့ သကၤန္းေတြကို အိတ္ပိတ္ သကၤန္းေတြ သကၤန္းျခင္းေတြ အေနနဲ႔ ဖြင့္ၾကည့္စစ္ေဆးလို႔မရေအာင္ထုပ္ပိုးၿပီး ဂ်င္းထည့္ၾကတာပါ ဒီလိုဂ်င္းထည့္ေနၾကတဲ့ အေၾကာင္းကို ဆရာေတာ္တစ္ပါးက သူႀကဳံရတဲ့ အျဖစ္ေလးကိုအခုလိုမ်ိဳး လူမႈကြန္ယက္မွာမွ်ေဝေပးထားခဲ့တာပဲျဖစ္ပါတယ္

(((( ေနာက္တေက်ာင္းကို သံသရာမလည္ရေအာင္ မီးရႈိ႕ပူေဇာ္ျခင္း၊ ၃-၁၁-၂၀၁၉ တနဂၤေႏြေန႔က ေက်ာင္းမွာ ကထိန္သကၤန္း ကပ္လႉပူေဇာ္တယ္။

ဖိတ္မႏၲက ျပဳလို႔ ေရာက္လာတဲ့ လူေတြ လႉခဲ့တဲ့ သကၤန္း၊ သင္းပိုင္ ထဲမွာ ဝတ္လို႔ သုံးလို႔ လုံးဝမရတဲ့ အိတ္ပိတ္ အစုတ္အျပတ္ သင္းပိုင္က ၈၆ ထည္၊ သကၤန္းက ၂၂ စုံ စုစုေပါင္း ၁၀၀ ေက်ာ္ကို ဒီေန႔ ေနာက္ထပ္ေက်ာင္းမ်ားသို႔ သံသရာ မလည္ရေအာင္ မီးရႈိ႕ပူေဇာ္လိုက္ပါတယ္။


လိမ္ေရာင္းသူ အပါယ္သြား၊ လႉသူမွာ အက်ိဳးမမ်ား၊ ရသူမွာ အလကား၊

အိတ္ပိတ္၊ သကၤန္း၊ သင္းပိုင္မ်ားကို မလႉၾကပါနဲ႔ေတာ့

မွတ္ခ်က္။ ပန္းကန္လုံး တလုံး၊ ပန္းကန္တျပားနဲ႔ ဇြန္းတေခ်ာင္း လႉရင္ေတာင္ အက်ိဳးရွိၿပီး ကုသိုလ္ရပါလိမ့္မယ္။

ႏွစ္တိုင္း မီးရႈိ႕ပစ္ပါတယ္။ အပါယ္ကို အိမ္လို သေဘာထားတဲ့ လိမ္ျခင္းမ်ိဳး ျဖစ္ပါတယ္။ ))))

လို႔ ေဝမွ်ထားခဲ့တာပါ။ ေ႐ႊေရာင္လမ္းပရိသတ္ႀကီးအတြက္ ဒီလို လႈူဒါန္းသူေကာ အလႉခံသူပါအက်ိဳးမျဖစ္ေစမယ့္ လႉဖြယ္ပစၥည္း ဂ်င္းေတြကို ေရွာင္ရွားႏိုင္ေအာင္ ဗဟုသုတရဖြယ္ တင္ဆက္ေပးလိုက္ပါတယ္။


Writer – Magic (Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ကထိန် ရာသီမှာ အလှူရှင်တွေရော သံယာတော်တွေပါ အလိမ်မခံရစေဖို့ ဒီစာလေးကို ဖတ်စေချင်…





ယခုအချိန်အခါဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ အလှူ ကထိန်ပွဲများစွာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့ အချိန်ပဲဖြစ်ပါတယ် ဒီလို ကထိန်ပွဲ ကာလမှာ မြန်မာလူမျိုးတွေအနေနဲ့ ဆရာတော်သံဃာတော်များကို လှူဖွယ်ပစ္စည်းအမျိုးမျိုးနဲ့ ဆက်က်ပလှူဒါန်းလေ့ရှိကြပါတယ် ဒီလိုအချိန်မှာပဲ ငရဲမကြောက်တဲ့ ဝိသမလောဘသားတစ်ချို့က လှူဖွယ်ပစ္စည်းဈေးကွက် ကောင်းတာကို အခွင့်ကောင်းယူကာ ဂျင်းထည့်ကြတဲ့အကြောင်း တင်ပြပေးချင်ပါတယ်

ဂျင်းထည့်ပုံကတော့ဒီလိုပါ လက်နှီးစုတ်သာသာ သင်္ကန်းတွေ အရည်အသွေးတွေ စံချိန်မမှီတဲ့ သင်္ကန်းတွေကို အိတ်ပိတ် သင်္ကန်းတွေ သင်္ကန်းခြင်းတွေ အနေနဲ့ ဖွင့်ကြည့်စစ်ဆေးလို့မရအောင်ထုပ်ပိုးပြီး ဂျင်းထည့်ကြတာပါ ဒီလိုဂျင်းထည့်နေကြတဲ့ အကြောင်းကို ဆရာတော်တစ်ပါးက သူကြုံရတဲ့ အဖြစ်လေးကိုအခုလိုမျိုး လူမှုကွန်ယက်မှာမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်

(((( နောက်တကျောင်းကို သံသရာမလည်ရအောင် မီးရှို့ပူဇော်ခြင်း၊ ၃-၁၁-၂၀၁၉ တနင်္ဂနွေနေ့က ကျောင်းမှာ ကထိန်သင်္ကန်း ကပ်လှူပူဇော်တယ်။

ဖိတ်မန္တက ပြုလို့ ရောက်လာတဲ့ လူတွေ လှူခဲ့တဲ့ သင်္ကန်း၊ သင်းပိုင် ထဲမှာ ဝတ်လို့ သုံးလို့ လုံးဝမရတဲ့ အိတ်ပိတ် အစုတ်အပြတ် သင်းပိုင်က ၈၆ ထည်၊ သင်္ကန်းက ၂၂ စုံ စုစုပေါင်း ၁၀၀ ကျော်ကို ဒီနေ့ နောက်ထပ်ကျောင်းများသို့ သံသရာ မလည်ရအောင် မီးရှို့ပူဇော်လိုက်ပါတယ်။


လိမ်ရောင်းသူ အပါယ်သွား၊ လှူသူမှာ အကျိုးမများ၊ ရသူမှာ အလကား၊

အိတ်ပိတ်၊ သင်္ကန်း၊ သင်းပိုင်များကို မလှူကြပါနဲ့တော့

မှတ်ချက်။ ပန်းကန်လုံး တလုံး၊ ပန်းကန်တပြားနဲ့ ဇွန်းတချောင်း လှူရင်တောင် အကျိုးရှိပြီး ကုသိုလ်ရပါလိမ့်မယ်။

နှစ်တိုင်း မီးရှို့ပစ်ပါတယ်။ အပါယ်ကို အိမ်လို သဘောထားတဲ့ လိမ်ခြင်းမျိုး ဖြစ်ပါတယ်။ ))))

လို့ ဝေမျှထားခဲ့တာပါ။ ရွှေရောင်လမ်းပရိသတ်ကြီးအတွက် ဒီလို လှုူဒါန်းသူကော အလှူခံသူပါအကျိုးမဖြစ်စေမယ့် လှူဖွယ်ပစ္စည်း ဂျင်းတွေကို ရှောင်ရှားနိုင်အောင် ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ပါတယ်။



Writer – Magic (Shwe Yaung Lan)

Previous
Next Post »
Powered by Blogger.