ရုပ္ဖ်က္ၿပီး ဂ်ပန္က ေစ်း၀ယ္စင္တာတစ္ခုထဲ ေလွ်ာက္သြားေနခဲ့တဲ့ ဂ်က္ကီခ်န္း


Zawgyiျဖင့္ဖတ္ရန္

မၾကာေသးခင္ လေတြတုန္းက အင္ဂ်လီနာဂ်ိဳလီ၊ ၀ီလ္စမစ္၊ ကီႏူးရိဗ္အစရွိတဲ့ သရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ ဂ်ပန္ႏိုင္ငံကို အလည္အပတ္ေရာက္ရွိလာခဲ့ၾကပါတယ္။ ဒါေပမယ့္ ခုေတြ႔ျမင္ရမယ့္ ဆယ္လီၾကီးတစ္ဦးဟာလည္း သူ႔ကို လူေတြမမွတ္မိေအာင္လို႔ ရုပ္ဖ်က္ၿပီး တိုက်ိဳက Supe Viva Home ေစ်း၀ယ္စင္တာတစ္ခုမွာ ေလွ်ာက္သြားေနခဲ့တာကို soranews24 အရသိရပါတယ္။

ပါပါရာဇီေတြရန္က လြတ္ေအာင္ မ်က္ႏွာကို မ်က္ႏွာဖံုးအုပ္ၿပီး ေလွ်ာက္သြားခဲ့တဲ့ ဆယ္လီအမ်ိဳးသားၾကီးကေတာ့ ဂ်က္ကီခ်န္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သူဘယ္လိုပဲ ရုပ္ဖ်က္ ရုပ္ဖ်က္ သူ႔ကို မွတ္မိတဲ့ ပရိသတ္ကေတာ့ မွတ္မိတာပါပဲ။ ခ်က္ျခင္း မွတ္မိၾကတဲ့ ပရိသတ္ေတြကေတာ့ ဂ်က္ကီခ်န္းနားမွာ ၀ုိင္းေနၿပီး သူ႔နဲ႔ ဓာတ္ပံုတစ္ပံုေလာက္ ရေအာင္ တြဲရိုက္ႏို္င္ဖို႔ ၾကိဳးစားေနၾကခဲ့တာ ျဖစ္ပါတယ္။

ဂ်က္ကီခ်န္းဟာ ပရိသတ္ေတြနဲ႔ ျပံဳးျပံဳးရႊင္ရႊင္ရွိေနခဲ့တာကို ေတြ႔ရၿပီး ထို႔ေနာက္မွာေတာ့ အိမ္ေမြးတိရစာၦန္အေရာင္းဌာနကို သြားကာ ေခြးေလးတစ္ေကာင္ကို ေပြ႔ဖက္ခဲ့တာကိုလည္း ေတြ႔ျမင္ခဲ့ရပါေသးတယ္။

ဂ်က္ကီခ်န္းကို ေက်ာ္ၾကားတဲ့ ကြန္ဖူးပညာရွင္တစ္ျဖစ္လဲ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးအျဖစ္ လူသိၾကပါတယ္။ သူဟာ တရုတ္ႏိုင္ငံက ကြန္ျမဴနစ္ပါတီကို ေထာက္ခံအားေပးသူတစ္ဦးလည္း ျဖစ္ပါတယ္။ ထိုင္၀မ္၊ ေဟာင္ေကာင္အေရးနဲ႔ပတ္သက္ၿပီး သူ႔အေၾကာင္းကို သို႔ေလာသို႔ေလာ ေ၀ဖန္ေနတဲ့အတြက္ ဂ်က္ကီခ်န္းဟာ မီဒီယာေတြကို အတိအလင္းေၾကညာအသိေပးမေနပဲ ဂ်ပန္ႏိုင္ငံကို ခရီးထြက္္လာပံု ရပါတယ္။

ဒါေပမယ့္လည္း သူဘယ္ကိုပဲ သြားသြား၊ သူ႔ကို သိေနတဲ့ပရိသတ္ေတြက ရွိတဲ့အတြက္ ေတြ႔တဲ့ပရိသတ္ေတြက လူမႈကြန္ယက္ေတြမွာ ဂ်က္ကီနဲ႔ ဘယ္လိုေတြ႔ဆံုခဲ့တယ္ဆိုတာကို အခုလို ျပန္လည္မွ်ေ၀ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ရုပ်ဖျက်ပြီး ဂျပန်က ဈေးဝယ်စင်တာတစ်ခုထဲ လျှောက်သွားနေခဲ့တဲ့ ဂျက်ကီချန်း

မကြာသေးခင် လတွေတုန်းက အင်ဂျလီနာဂျိုလီ၊ ဝီလ်စမစ်၊ ကီနူးရိဗ်အစရှိတဲ့ သရုပ်ဆောင်တော်တော်များများဟာ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမယ့် ခုတွေ့မြင်ရမယ့် ဆယ်လီကြီးတစ်ဦးဟာလည်း သူ့ကို လူတွေမမှတ်မိအောင်လို့ ရုပ်ဖျက်ပြီး တိုကျိုက Supe Viva Home ဈေးဝယ်စင်တာတစ်ခုမှာ လျှောက်သွားနေခဲ့တာကို soranews24 အရသိရပါတယ်။

ပါပါရာဇီတွေရန်က လွတ်အောင် မျက်နှာကို မျက်နှာဖုံးအုပ်ပြီး လျှောက်သွားခဲ့တဲ့ ဆယ်လီအမျိုးသားကြီးကတော့ ဂျက်ကီချန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဘယ်လိုပဲ ရုပ်ဖျက် ရုပ်ဖျက် သူ့ကို မှတ်မိတဲ့ ပရိသတ်ကတော့ မှတ်မိတာပါပဲ။ ချက်ခြင်း မှတ်မိကြတဲ့ ပရိသတ်တွေကတော့ ဂျက်ကီချန်းနားမှာ ဝိုင်းနေပြီး သူ့နဲ့ ဓာတ်ပုံတစ်ပုံလောက် ရအောင် တွဲရိုက်နိုင်ဖို့ ကြိုးစားနေကြခဲ့တာ ဖြစ်ပါတယ်။

ဂျက်ကီချန်းဟာ ပရိသတ်တွေနဲ့ ပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့တာကို တွေ့ရပြီး ထို့နောက်မှာတော့ အိမ်မွေးတိရစ္ဆာန်အရောင်းဌာနကို သွားကာ ခွေးလေးတစ်ကောင်ကို ပွေ့ဖက်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။

ဂျက်ကီချန်းကို ကျော်ကြားတဲ့ ကွန်ဖူးပညာရှင်တစ်ဖြစ်လဲ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် လူသိကြပါတယ်။ သူဟာ တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးသူတစ်ဦးလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်၊ ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး သူ့အကြောင်းကို သို့လောသို့လော ဝေဖန်နေတဲ့အတွက် ဂျက်ကီချန်းဟာ မီဒီယာတွေကို အတိအလင်းကြေညာအသိပေးမနေပဲ ဂျပန်နိုင်ငံကို ခရီးထွက်လာပုံ ရပါတယ်။

ဒါပေမယ့်လည်း သူဘယ်ကိုပဲ သွားသွား၊ သူ့ကို သိနေတဲ့ပရိသတ်တွေက ရှိတဲ့အတွက် တွေ့တဲ့ပရိသတ်တွေက လူမှုကွန်ယက်တွေမှာ ဂျက်ကီနဲ့ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာကို အခုလို ပြန်လည်မျှဝေခဲ့ကြတာပဲ ဖြစ်ပါတယ်။

Credit:Shwemom
Previous
Next Post »
Powered by Blogger.