ရှုပ်ထွေးမှုတွေများပြားလှတဲ့ အနုပညာအသိုင်းအ၀ိုင်းမှာ အနုပညာရှင်တွေဟာ အဲ့ဒီလှိုင်းဒဏ်ကို တော်တော်လေးရိုက်ခတ်ခံရသူပါ။ အနုပညာလောကအတွင်းမှာဖြစ်ပေါ်လျက်ရှိတဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ၊ လူတန်းစားခွဲခြားမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပေါ့ပ် အဆိုတော်မလေး တေလာဆွစ်က သူမကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းတွေကိုဝေမျှပေးထားပါတယ်။
တေလာဆွစ်က “ကျွန်မ အသက်(၂၀)ကျော်အစလောက်ကတည်းက ဝေဖန်မှုဒဏ်တွေကို အရွယ်နဲ့မလိုက်ခံခဲ့ရတယ်။ ကျွန်မအပေါ်တစ်ဖက်သတ်စွပ်စွဲချက်တွေ၊ မကောင်းမြင်မှုခံရမှုဒဏ်တွေကို တော်တော်လေးရိုက်ခတ်ခံခဲ့ရတယ်။ နောက်ပြီး ကျွန်မဘ၀မှာ အပြောခံရဆုံးကိုပြောပါဆိုရင် dating life ပါ အဲဒီ dating lifeကိုပဲ အမျိုးမျိုးစောင့်ကြည့်ဝေဖန်သူတွေရှိတယ်။ ဒါနဲ့မပြီးသေးပါဘူး။ ကျွန်မသီချင်းရေးတာကလည်း တကယ်တတ်လို့ ပညာပါလို့မဟုတ်ဘူး၊ သက်သက်ရည်းစားထားပြီး ကုန်ကြမ်းထုတ်တာ ဥာဏ်ဆင်တာအမျိုးမျိုးကို ဝေဖန်ခဲ့ကြတာပါ။မကောင်းတဲ့မိန်းမလို့တောင် အပြောခံရတဲ့အထိပါပဲ”
“အသက်အရမ်းငယ်ရွယ်ချိန်တုန်းကတော့ဒါတွေဟာ အရမ်းကို ခက်ခဲတဲ့အရာတွေဖြစ်စေခဲ့တယ်။ စိတ်ဒဏ်ရာတွေလည်းရခဲ့တယ်။ မတရားလိုက်တာဆိုတဲ့ ခံစားချက်တွေဖြစ်ခဲ့တယ်”
“နောက်ပိုင်း အဲ့ဒီပြောစကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ထင်ယောင်ထင်မှားဖြစ်လာတယ်။ ငါအချစ်ကိုရှာဖွေတာ၊ ငွေကြေးရှာဖွေတာပြီးတော့ အောင်မြင်မှုလိုချင်တာကတော့မှားယွင်းနေတာလားဆိုတဲ့ ခံစားချက်မျိုးအထိဖြစ်လာခဲ့မိတယ်”
“ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှပြိုလဲအောင်လုပ်လို့မရပါဘူး။ လက်ရှိမှာ နောက်ပိုင်း အောင်မြင်လာကြတဲ့ တက်သစ်စအဆိုတော်မလေးတွေ သူ့လိုအဖြစ်မျိုးကြုံရတဲ့ ကောင်မလေးတွေအတွက် အကြံပေးချင်တာကတော့ အနုပညာရှင်တစ်ယောက်က အောင်မြင်လာတာနဲ့အမျှ ဝေဖန်မှုဒဏ်မကောင်းမြင်ဒဏ်ကို ခံကိုခံရမယ်။ ခံနိုင်ရည်ရှိအောင်လည်းကြိုးစားရမယ်။ မဂ္ဂဇင်းဆောင်းပါးတွေမှာ အင်တာနက်တွေမှာ ကိုယ့်မကောင်းသတင်းတွေပထမဆုံးပါလာတဲ့အခါ ငါဘာလုပ်မလဲ၊ ဘာလုပ်ရမလဲ ဒါဟာအဆုံးသတ်လုံးဝမဟုတ်ဘူးဆိုတာတွေးပါ” လို့ အကြံပေးပြောကြားခဲ့ပါတယ်။
Credit:လင်းလင်း (ShweMom)
Sign up here with your email
ConversionConversion EmoticonEmoticon