အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒီအစားအစာတွေ မကျွေးရဘူးနော်




နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါ။လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်လိုက်တာ အကောင်းဆုံးပါ။

နှာစေး : ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက်

ချောင်းဆိုး : ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသောအစားအစာများ

ရုတ်တရက်အစာအိမ်ရောင်ခြင်း : အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း
နာတာရှည်အစာအိမ်ရောင် : ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ
အူရောင် : ငှက်ပျောသီး၊ မာလာကာသီး

အသည်းရောဂါ : ငန်း(ကြက်၊ဘဲ)အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့မရပါ။

နှလုံးရောဂါ : ကယ်လိုရီများသောအစာ နှင့် ငံသောအစားအစာများ
ကျောက်ကပ်ရောဂါ : ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်
ဆီးချိုရောဂါ : အချိုစာ၊ အရက်၊ အဆီများသောအစာ၊ ဆီကြော်စာ နှင့် အကင်

သွေးအားနည်း : တရုတ်နံနံ

သွေးတိုးရောဂါ : အငံဓာတ်များသောအစာ၊ ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ
အစာအိမ်နာ : ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး
အရိုးကာအမြှေးရောင်နာ : ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

လိပ်ခေါင်းရောဂါ : အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ
လေးဖက်နာရောဂါ : ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
အရေပြားAllergic : ပင်လယ်စာ၊ ပိန်းဥ၊ သရက်သီး၊ ရေခဲ၊ လိုင်ချီးစ်သီး
အာရုံကြောအားနည်း : ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ

BeeTalk ရဲ့ hometips စာမျက်နှာမှ ... (BeeTalk ID: hometips)

Previous
Next Post »
Powered by Blogger.