Zawgyi ျဖင့္ဖတ္ရန္
ခိုင္ႏွင္းေဝအေနနဲ႔ သူမရဲ႕ ပရဟိတေဂဟာက ကေလးေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈမ်ားစြာခံေနရတယ္လို႔ သိရပါတယ္။ သူမက သူမပရဟိတလုပ္ေနတာနဲ႔ ပတ္သက္ၿပီး ေဝဖန္ေနၾကသူေတြကို ကြၽန္မက ကေလးျပၿပီး စားေနတဲ့သူမဟုတ္ဘူးလို႔ ဒဲ့ေျပာလိုက္ပါတယ္။ ေဝဖန္သူေတြက သူမဟာ အိမ္မွာ ေမြးစားထားတဲ့ သူမသမီးေလး ႐ႊန္းရတီခိုင္ကိုပဲ အေလးေပးၿပီး က်န္ကေလးေတြကို ေနရာမေပးဘူးလို႔ ဆိုထားၾကတာပါ။ခိုင္ႏွင္းေဝက “တစ္ခ်ိဳ႕ကေျပာၾကတယ္၊
ကြၽန္မက ကြၽန္မသမီးေလး ႐ႊန္းရတီခိုင္ကိုေတာ့ အိမ္မွာ ေခၚေမြးတယ္၊ က်န္တဲ့ကေလးေတြက်ေတာ့ ေဂဟာမွာထားတယ္ဆိုၿပီးေျပာၾကတယ္၊ ကြၽန္မအိမ္မွာ ကေလး ၂၆ ေယာက္လုံးကိုေမြးဖို႔ မျဖစ္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္မအေမရွိတယ္၊ ကြၽန္မအေမရဲ႕ က်န္းမာေရးရွိတယ္၊ ကြၽန္မသမီးေလး ကြၽန္မဆီေရာက္လာတဲ့အခ်ိန္တုန္းကလည္း အခုေဂဟာက ကေလးေတြ မရွိေသး၊ မေရာက္ေသးပါဘူး။ ကြၽန္မအိမ္မွာေမြးထားတဲ့ သမီးေလးကိုၾကည့္ၿပီး စြန္႔ပစ္ခံကေလးေတြကို သနားရင္းနဲ႔မွ ကေလးေလးေတြထပ္ကယ္ဆယ္ရင္း အခုဆို ၂၆ ေယာက္အထိ ျဖစ္လာတာ။ ဟိုေန႔က ကြၽန္မပြဲတက္တယ္၊ ပြဲတက္တာမွာလည္း ႐ႊန္းရတီခိုင္နဲ႔ ကြၽန္မကေလး ၅ေယာက္ကို ေခၚသြားတယ္၊ ပြဲတက္တယ္ဆိုရင္ ကေလးတစ္ေယာက္ကို နပ္စ္ တစ္ေယာက္ထိန္းဖို႔လိုတယ္၊ ဒါေၾကာင့္ေဂဟာက ကေလးအကုန္လုံးပြဲေခၚသြားလို႔ မျဖစ္ႏိုင္ဘူး” လို႔ စိတ္မေကာင္းစြာ ေျပာပါတယ္။”ကြၽန္မသမီးေလးလည္း ႀကီးလာလို႔ ဒီကြန္မန္႔ေတြျမင္ရင္ မေကာင္းဘူး၊
ကေလးကေလးခ်င္း တိုက္ေပးသလို ကြန္မန္႔ေတြကို မျဖစ္ေစခ်င္ဘူး၊ ကြၽန္မက ဒီကေလးက်ေတာ့ ခ်ီတယ္ ဟိုကေလးက်ေတာ့ မခ်ီဘူး ေျပာၾကတယ္၊ ကြၽန္မမွာ လက္ႏွစ္ဖက္ပဲ ပါတယ္ေလ၊ ကြၽန္မခ်ီႏိုင္ရင္ တစ္ေယာက္ပဲ ခ်ီႏိုင္မယ္။ တၿပိဳင္နက္ မိခင္ေမတၱာကေတာ့ အကုန္လုံးကိုေပးေနပါတယ္။ အခုေျပာေနတဲ့သူေတြက ဒီကေလး ၂၆ ေယာက္ကို အိမ္ေပၚတင္ေမြးႏိုင္လား ကြၽန္မေမးခ်င္တယ္။ ဟိုတစ္ေန႔က အင္တာဗ်ဴးတစ္ခုတက္လာတဲ့အခ်ိန္မွာ ဟိုဘက္ကေလးေလးကိုလည္း ၾကည့္ပါဦး မ်က္လုံးေလးက ဆိုေတာ့ ကေလးဆိုတာကေတာ့ ပြဲလမ္းသဘင္မွာ လူေတြမ်ားရင္ ဟိုၾကည့္ဒီၾကည့္ ၾကည့္မွာပဲေလ၊ အခုဟာက ကြၽန္မက ကြၽန္မသမီးေလးကို ခ်ီထားလို႔ ေနာက္ကေလးတစ္ေယာက္က အားက်တဲ့မ်က္လုံးနဲ႔ လွမ္းၾကည့္ေနပါတယ္ဆိုၿပီး ပုံကိုမေပၚေပၚေအာင္ ေရးထားတာက်ေတာ့ မျဖစ္သင့္ဘူး၊ ဒါေတြက ကေလးကေလးခ်င္း တိုက္ေပးတဲ့သေဘာျဖစ္ေနတယ္။ ဒီလိုအလုပ္ေတြက အေျပာနဲ႔မရပါဘူး၊ လက္ေတြ႕လုပ္ၾကည့္မွသိမွာပါ။
ၿပီးေတာ့ ကြၽန္မကို ခြဲျခားဆက္ဆံတယ္လည္း မေျပာပါနဲ႔ ကြၽန္မကေလးေတြကို ကြၽန္မဘယ္လိုဆက္ဆံတယ္၊ ဘယ္လိုထားတယ္ဆိုတာကို ေဂဟာမွာ အခ်ိန္မေ႐ြးလာၾကည့္လို႔ရပါတယ္” လို႔လည္း ခိုင္ႏွင္းေဝက ဆိုပါတယ္။ပုံေတြတင္လိုက္ရင္ ဟိုကေလးလည္း ၾကည့္ပါဦး၊ ဒီကေလးလည္း ၾကည့္ပါဦး မန္႔ၾကတဲ့သူေတြကို ခိုင္ႏွင္းေဝက ကြၽန္မက ကေလးေတြကို လိုင္းေပၚမွာ Video ေလးေတြတင္ျပတယ္ဆိုတာ ကြၽန္မက ကေလးေတြကို ျပစားေနတာမ်ိဳး မဟုတ္ဘူး၊ ကြၽန္မကေလးေတြကို ကြၽန္မထုတ္ျပႏိုင္တဲ့အေနအထားမို႔ ထုတ္ျပေနတာပါလို႔လည္း တုန္႔ျပန္ေျပာဆိုလိုက္ပါတယ္။ သူမက ေဝဖန္တာကို လက္ခံပါတယ္၊ ကြၽန္မကို တိုက္ခိုက္တာေတြလည္း လက္ခံပါတယ္။ ဒါေပမယ့္ ကေလးခ်င္းေတာ့ ေသြးမခြဲပါနဲ႔၊ ကေလးေတြ စိတ္ဝမ္းကြဲေစမယ့္ မန္႔မ်ိဳး မေျပာဖို႔ ေမတၱာရပ္ခံပါတယ္။ ကြၽန္မကေလးေတြကို ကြၽန္မေမတၱာဘယ္လိုေပးလဲဆိုတာကို ေဂဟာမွာ အခ်ိန္မေ႐ြးလာၾကည့္ပါလို႔ ဖိတ္ေခၚပါတယ္ဆိုၿပီးလည္း ခိုင္ႏွင္းေဝက ဆိုထားပါေသးတယ္။ခိုင္ႏွင္းေဝအေနနဲ႔ သူမရဲ႕ မိခင္ျဖစ္သူကိုယ္တိုင္က သူမကို ဖခင္မရွိပဲ ေကြၽးေမြးလာခဲ့ရၿပီး သူမကိုယ္တိုင္လည္း အခုဆိုရင္ အိမ္ေထာင္ဦးစီးမရွိပဲ ရပ္တည္လုပ္ကိုင္ေနတာမို႔ သူမဘဝကို စာနာေပးၾကၿပီးမွ မန္႔ဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။
share from ; edunews
Unicode ဖြင့်ဖတ်ရန်
ခိုင်နှင်းဝေအနေနဲ့ သူမရဲ့ ပရဟိတဂေဟာက ကလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာခံနေရတယ်လို့ သိရပါတယ်။ သူမက သူမပရဟိတလုပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်နေကြသူတွေကို ကျွန်မက ကလေးပြပြီး စားနေတဲ့သူမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်ပါတယ်။ ဝေဖန်သူတွေက သူမဟာ အိမ်မှာ မွေးစားထားတဲ့ သူမသမီးလေး ရွှန်းရတီခိုင်ကိုပဲ အလေးပေးပြီး ကျန်ကလေးတွေကို နေရာမပေးဘူးလို့ ဆိုထားကြတာပါ။ခိုင်နှင်းဝေက “တစ်ချို့ကပြောကြတယ်၊
ကျွန်မက ကျွန်မသမီးလေး ရွှန်းရတီခိုင်ကိုတော့ အိမ်မှာ ခေါ်မွေးတယ်၊ ကျန်တဲ့ကလေးတွေကျတော့ ဂေဟာမှာထားတယ်ဆိုပြီးပြောကြတယ်၊ ကျွန်မအိမ်မှာ ကလေး ၂၆ ယောက်လုံးကိုမွေးဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအမေရှိတယ်၊ ကျွန်မအမေရဲ့ ကျန်းမာရေးရှိတယ်၊ ကျွန်မသမီးလေး ကျွန်မဆီရောက်လာတဲ့အချိန်တုန်းကလည်း အခုဂေဟာက ကလေးတွေ မရှိသေး၊ မရောက်သေးပါဘူး။ ကျွန်မအိမ်မှာမွေးထားတဲ့ သမီးလေးကိုကြည့်ပြီး စွန့်ပစ်ခံကလေးတွေကို သနားရင်းနဲ့မှ ကလေးလေးတွေထပ်ကယ်ဆယ်ရင်း အခုဆို ၂၆ ယောက်အထိ ဖြစ်လာတာ။ ဟိုနေ့က ကျွန်မပွဲတက်တယ်၊ ပွဲတက်တာမှာလည်း ရွှန်းရတီခိုင်နဲ့ ကျွန်မကလေး ၅ယောက်ကို ခေါ်သွားတယ်၊ ပွဲတက်တယ်ဆိုရင် ကလေးတစ်ယောက်ကို နပ်စ် တစ်ယောက်ထိန်းဖို့လိုတယ်၊ ဒါကြောင့်ဂေဟာက ကလေးအကုန်လုံးပွဲခေါ်သွားလို့ မဖြစ်နိုင်ဘူး” လို့ စိတ်မကောင်းစွာ ပြောပါတယ်။”ကျွန်မသမီးလေးလည်း ကြီးလာလို့ ဒီကွန်မန့်တွေမြင်ရင် မကောင်းဘူး၊
ကလေးကလေးချင်း တိုက်ပေးသလို ကွန်မန့်တွေကို မဖြစ်စေချင်ဘူး၊ ကျွန်မက ဒီကလေးကျတော့ ချီတယ် ဟိုကလေးကျတော့ မချီဘူး ပြောကြတယ်၊ ကျွန်မမှာ လက်နှစ်ဖက်ပဲ ပါတယ်လေ၊ ကျွန်မချီနိုင်ရင် တစ်ယောက်ပဲ ချီနိုင်မယ်။ တပြိုင်နက် မိခင်မေတ္တာကတော့ အကုန်လုံးကိုပေးနေပါတယ်။ အခုပြောနေတဲ့သူတွေက ဒီကလေး ၂၆ ယောက်ကို အိမ်ပေါ်တင်မွေးနိုင်လား ကျွန်မမေးချင်တယ်။ ဟိုတစ်နေ့က အင်တာဗျူးတစ်ခုတက်လာတဲ့အချိန်မှာ ဟိုဘက်ကလေးလေးကိုလည်း ကြည့်ပါဦး မျက်လုံးလေးက ဆိုတော့ ကလေးဆိုတာကတော့ ပွဲလမ်းသဘင်မှာ လူတွေများရင် ဟိုကြည့်ဒီကြည့် ကြည့်မှာပဲလေ၊ အခုဟာက ကျွန်မက ကျွန်မသမီးလေးကို ချီထားလို့ နောက်ကလေးတစ်ယောက်က အားကျတဲ့မျက်လုံးနဲ့ လှမ်းကြည့်နေပါတယ်ဆိုပြီး ပုံကိုမပေါ်ပေါ်အောင် ရေးထားတာကျတော့ မဖြစ်သင့်ဘူး၊ ဒါတွေက ကလေးကလေးချင်း တိုက်ပေးတဲ့သဘောဖြစ်နေတယ်။ ဒီလိုအလုပ်တွေက အပြောနဲ့မရပါဘူး၊ လက်တွေ့လုပ်ကြည့်မှသိမှာပါ။
ပြီးတော့ ကျွန်မကို ခွဲခြားဆက်ဆံတယ်လည်း မပြောပါနဲ့ ကျွန်မကလေးတွေကို ကျွန်မဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုထားတယ်ဆိုတာကို ဂေဟာမှာ အချိန်မရွေးလာကြည့်လို့ရပါတယ်” လို့လည်း ခိုင်နှင်းဝေက ဆိုပါတယ်။ပုံတွေတင်လိုက်ရင် ဟိုကလေးလည်း ကြည့်ပါဦး၊ ဒီကလေးလည်း ကြည့်ပါဦး မန့်ကြတဲ့သူတွေကို ခိုင်နှင်းဝေက ကျွန်မက ကလေးတွေကို လိုင်းပေါ်မှာ Video လေးတွေတင်ပြတယ်ဆိုတာ ကျွန်မက ကလေးတွေကို ပြစားနေတာမျိုး မဟုတ်ဘူး၊ ကျွန်မကလေးတွေကို ကျွန်မထုတ်ပြနိုင်တဲ့အနေအထားမို့ ထုတ်ပြနေတာပါလို့လည်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ သူမက ဝေဖန်တာကို လက်ခံပါတယ်၊ ကျွန်မကို တိုက်ခိုက်တာတွေလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးချင်းတော့ သွေးမခွဲပါနဲ့၊ ကလေးတွေ စိတ်ဝမ်းကွဲစေမယ့် မန့်မျိုး မပြောဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မကလေးတွေကို ကျွန်မမေတ္တာဘယ်လိုပေးလဲဆိုတာကို ဂေဟာမှာ အချိန်မရွေးလာကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်ဆိုပြီးလည်း ခိုင်နှင်းဝေက ဆိုထားပါသေးတယ်။ခိုင်နှင်းဝေအနေနဲ့ သူမရဲ့ မိခင်ဖြစ်သူကိုယ်တိုင်က သူမကို ဖခင်မရှိပဲ ကျွေးမွေးလာခဲ့ရပြီး သူမကိုယ်တိုင်လည်း အခုဆိုရင် အိမ်ထောင်ဦးစီးမရှိပဲ ရပ်တည်လုပ်ကိုင်နေတာမို့ သူမဘဝကို စာနာပေးကြပြီးမှ မန့်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
share from ; edunews
Sign up here with your email
ConversionConversion EmoticonEmoticon