ဗိုက်အဆီကျစေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက အများကြီးရှိပါတယ်။ ဒီအထဲမှာမှ အသင့်တော်ဆုံးလည်းဖြစ်၊မြန်မာ့ဈေးကွက်မှာလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်တဲ့ အသီးအနှံ(၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ထိရောက်မှုလည်းရှိလို့ ဒီအသီးအနှံတွေကို ပုံမှန်စားသုံးပေးကြဖို့ Shwemom က တိုက်တွန်းလိုက်ပါတယ်။
(၁) ဟင်းနုနွယ်
ဟင်းနုနွယ်ရွက်ဟာ ဗီတာမင် A,C အဓိကအားဖြင့် ပါဝင်ပြီး ဗိုက်အဆီကျစေဖို့ ထိရောက်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ပါတယ်။ အစာခြေစွမ်းအားကိုလည်း ကောင်းမွန်စေပြီး၊ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်နိုင်မှုစွမ်းအားကိုလည်း မြင့်တက်စေပါတယ်။
(၂) ဆလက်
ဆလက်ရွက်ကိုတော့ မြန်မာတွေက သား/ငါး/ပုဇွန်-စတာတွေနဲ့ ကြော်စား/ချက်စားတာမျိုး လုပ်ကြပါတယ်။ ငပိရေ/ငံပြာရေ စတာတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ ဆလက်ရွက်ဟာ ဗိုက်ထဲမှာရှိတဲ့ oxalic acid ကို ခြေဖျက်ပေးနိုင်ပါတယ်။ အဲဒီ oxalic acid ဓာတ်ဟာ အဆီတွေကို ၀မ်းဗိုက်အသားဆဲလ်တွေဆီ တွယ်ကပ်ရာမှာ ကူညီပေးတဲ့ဓာတ်ဖြစ်လို့လူအတွက်တော့ မကောင်းပါဘူး။ ဆလက်ရွက်မှာ အကျိုးပြုဗီတာမင်တွေဖြစ်တဲ့ A,C တို့ ပါဝင်ပါတယ်။
(၃) မုန်လာဥနီ
ကျန်းမာရေးကို အထောက်အကူအများကြီးပေးနိုင်တဲ့ မုန်လာဥနီမှာ ဗီတာမင် C ပါဝင်ပြီး ၀မ်းဗိုက်ကြွက်သားတွေမှာတွယ်ကပ်နေတဲ့ အဆီပိုတွေကို ဖယ်ရှားရာမှာ အထူးအသုံးဝင်ပါတယ်။ မျက်လုံးနဲ့ နှလုံးကိုလည်း အထောက်အကူ ပြုနိုင်လို့ နေ့စဉ် စားသုံးသင့်ပါတယ်။
(၄) ငရုတ်သီး
ငရုတ်သီးမှာ အဆီတွေကို ကြေမွစေနိုင်တဲ့ အဖိုးတန်အက်စစ်ဓာတ်တွေ၊ capsaicin ဓာတ်တွေ ပါဝင်ပါတယ်။ သွေးကိုပင်သန့်စင်စေပြီး သွေးတွင်းကိုလက်စထရောပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။ အရမ်းကြီးစားရင်တော့ ၀မ်းဗိုက်ကို ဒုက္ခပေးနိုင်ပါတယ်။
(၅) ပန်းမုန်လာ
အစိမ်းရောင် ပန်းမုန်လာမှာ ဗီတာမင် C,A,E စတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အဆီကို အလျှင်အမြန်ကျစေပြီး အဆာလည်းခံနိုင်ရည် ရှိပါတယ်။ အသားအရေကို လှပစေပြီး ခန္ဓာကိုယ်ကို သွယ်လျှစေတဲ့ အကျိုးတွေ ပေးနိုင်ပါတယ်။
နတ်စည်တော် (Shwemom)
Sign up here with your email
ConversionConversion EmoticonEmoticon