သူငယ်ချင်းတွေကို ပြောသင့်တဲ့ အလိမ်အညာစကား (၃) မျိုး


၁ - ခုလေးတင် ခေါ်တော့မလို့

သူတို့အကြောင်း ကိုယ်က အမြဲတွေးနေတယ်လို့ သူငယ်ချင်းတွေကို ထင်စေချင်ပါတယ်။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် သူတို့ ဆီ ဖုန်းမခေါ်ဖြစ်ပါဘူး။ သူတို့ဘက်က ရုတ်တရက်ဖုန်းခေါ်လာရင်တော့ သင့်ဘက်ကလည်း ခုလေးတင် သတိရနေတာ၊ ခုလေးတင် ဖုန်းခေါ်ရင် ကောင်းမလား စဉ်းစားနေတာဆိုတဲ့ စကားလေး ပြောလိုက်သင့်ပါတယ်။

၂ - ကြိုက်တယ်

အင်္ကျီလေးကြိုက်တယ်၊ စာအုပ်လေးလှတယ်၊ မင်းလုပ်လိုက်တာလေး ကောင်းတယ် စတဲ့ စကားမျိုးလည်း ပြောသင့်ပါတယ်။ သူတို့ကို တိုက်ရိုက်ချီးကျူးတာမဟုတ်ဘဲ သူတို့နဲ့ပက်သက်တာကို ချီးကျူးတာမျိုး ပြောသင့်ပါတယ်။

၃ - ငါနားလည်တယ်

တိတိကျကျ အဖြေမထွက်နိုင်တဲ့စကားဝိုင်းမျိုးမှာ မင်းကို ငါနားလည်တယ်ဆိုတဲ့ စကားမျိုး ပြောသင့်ပါတယ်။ နိုင်ငံရေး၊ ဘာသာရေး စတဲ့စကားဝိုင်းတွေမှာ သုံးသင့်တဲ့ စကားဖြစ်ပါတယ်။

Photos & Source: aboutrelationships
duwun
Previous
Next Post »
Powered by Blogger.