ခေါင်းနားမှာ ဒဏ်ရာ ရခဲ့ပေမယ့် သက်သာလာပြီ ဖြစ်တဲ့ဖားကို တွေ့ရစဉ် |
ဖားကို ကုသ စောင့်ရှောက်ခဲ့တဲ့ Deborah Pergolotti |
ဖားဆေးရုံ |
Mount Isa ကနေ Cairns မြို့က ဖားဆေးရုံကို သွားမယ်ဆိုရင် ၁၃ နာရီ ကြာမြင့်တာကြောင့် လေယာဉ်နဲ့ ပို့ဆောင်ကြတာ ဖြစ်ပါတယ်။
ဖားကို ကြိတ်မိတဲ့ အမျိုးသမီးက သူ့မိသားစုကို ကူညီကြဖို့ အကူအညီတောင်းခံရာက ဖားဆေးရုံကို ဖုန်းဆက်ကြတာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း တခုကို အကူအညီတောင်းတဲ့အခါမှာ အခမဲ့ သယ်ဆောင်ပေးဖို့ သဘောတူတဲ့အတွက် အချိန်မှီ ဆေးရုံကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဖားဟာ လေဆိပ်မှာ လုံခြုံရေးတွေ ဖြတ်သန်းခဲ့ရသလို x-ray ပါ အရိုက်ခံခဲ့ရပါတယ်။
ကျောကုန်းဘက်မှာ ပေါက်ထွက်သလို ဖြစ်နေတဲ့အတွက် အသက်ရှင်ပါ့မလားလို့ စိုးရိမ်ကြပေမယ့် သူ့ကို စောင့်ရှောက်တဲ့ ဖားဆေးရုံ ဥက္ကဌ Deborah Pergolotti ကတော့ ဒဏ်ရာကြောင့် ဖားရဲ့ မျက်လုံးတစ်ဖက် မကောင်းတော့ပေမယ့် ဖားဟာ အစာကောင်းမွန်စွာ ဖမ်းစားတတ်လို့ ကိုယ်အလေးချိန်တောင် ပြန်တက်လာနေပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။
အဲဒီဖားဟာ မြက်ရိတ်စက်နဲ့ ဖိမိတယ်လို့ ပြောကတည်းက ဖားဟာ နေမကောင်းဖြစ်လို့ နေ့အချိန် အလင်းရောင်ရှိတဲ့ နေရာကို ထွက်လာတာလို့ သုံးသပ်နိုင်တဲ့အတွက် မကြိတ်မိခင်ကတည်းက ဖျားနေဟန်ရှိတယ်လို့လည်း Deborah Pergolotti က ပြောပါတယ်။
လူတွေက ငှက်ကလေးတွေ၊ ခွေးကလေးတွေ ဒုက္ခရောက်ရင် တကူးတက ကယ်ဆယ်ရမယ် ဆိုတဲ့ စိတ်ကူးတွေ ရှိကြပေမယ့် ဖားကို အစွမ်းကုန် ကယ်ရမယ် ဆိုတာမျိုး သိပ်မရှိဘူးလို့လည်း Deborah က မှတ်ချက်ပြုလိုက်ပါတယ်။
ဓာတ်ပုံ - ABC Far North : Mark Rigby
Sign up here with your email
ConversionConversion EmoticonEmoticon