စိတ်ခံစားမှု ကောင်းနေမှသာ နေ့စဉ်ဘဝကို ဖြတ်သန်းရတာ အဆင်ပြေပျော်ရွှင်နိုင်မှာပါ။ ဒီအချက်တွေက သင့်ရဲ့ စိတ်ခံစားမှုကို ကောင်းမွန်နေစေဖို့ အထောက်အကူပြုပါတယ်။
၁။ စိတ်ဝင်စားမှုတွေကို မျှဝေပါ
ဝါသနာတူ၊ ခံစားချက်တူတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ စကားပြောရင်း စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို မျှဝေပါ။
၂။ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပါ
ပရိဟိတလုပ်ငန်းတွေပါ ပါဝင်လုပ်ကိုင်ခြင်း လူမှုအသိုင်းအဝိုင်းမှာ မိတ်ဆွေတွေ တိုးပွားစေသလို စိတ်ပိုင်းဆိုင်ရာအတွက် အထောက်အကူ ဖြစ်စေပါတယ်။
၃။ အခြားသူတွေနဲ့ ဆက်သွယ်ပါ
တစ်ကိုယ်တည်း အထီးကျန်နေထိုင်ခြင်းမျိုးကို ရှောင်ပါ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး အကောင်းအဆိုး အတွေ့အကြုံတွေ မျှဝေပါ။
၎။ ရယ်မောပါ
ရယ်မောခြင်းက စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာစေဖို့ အကောင်းဆုံး ကုထုးလို့ လက်ခံထားကြပါတယ်။ လုပ်ငန်းခွင်ဖြစ်စေ အိမ်မှာဖြစ်စေ ရယ်မောလိုက်ပါ။ သင့်အတွက် စိတ်ခံစားမှုကောင်းစေပါတယ်။
၅။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပါ
စည်းစနစ်တကျ နေထိုင်ခြင်းက ကောင်းမွန်ပေမဲ့ တစ်ခါတရံ သင့်စိတ်အလိုတိုင်း နေကြည့်ပါ။ ဥပမာ နှစ်သက်ရာ စားသောက်တာမျိုး၊ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်တာမျိုးတွေပါ။
၆။ ကိုယ်လက်လှုပ်ရှားမှု ရှိနေပါစေ
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက စိတ်ကို ထိုင်းမှိုင်းမနေဘဲ လန်းဆန်းပေါ့ပါးစေပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးကောင်းမွန်စေပါတယ်။
၇။ နှစ်ခြိုက်စွာ အိပ်စက်ပါ
နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက် အဓိက အရေးကြီးပါတယ်။ အိပ်စက်မှု မူမမှန်ခြင်းက စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို သက်ရောက်မှုရှိပါတယ်။
၈။ အကောင်းမြင်စိတ် ရှိပါစေ
အကောင်းမြင်စိတ်ရှိခြင်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အဓိကကျပါတယ်။ နေ့စဉ် လူမှုဘဝမှာ ကြုံတွေ့ရတဲ့ အရာတွေအပေါ် တတ်နိုင်သလောက် အကောင်းမြင်စိတ်နဲ့ ရှုမြင်ကြည့်ပါ။ ဘဝမှာ အကောင်းမြင်စိတ်ထားပြီး မျှော်လင့်ချက်နဲ့ ရှင်သန်နေထိုင်းခြင်းက စိတ်ခံစားမှုကောင်းကို ပေးစွမ်းနိုင်ပါတယ်။
၉။ အပြောင်းအလဲတွေကို လက်ခံနိုင်အောင် ကြိုးစားပါ
လုပ်ငန်းခွင်မှာဖြစ်စေ လူမှုရေးမှာဖြစ်စေ ကြုံတွေ့လာရနိုင်တဲ့ အပြောင်းအလဲတွေကို အတိုက်အခံလုပ် ဆန့်ကျင်နေခြင်းထက် လက်ခံနိုင်အောင် ကြိုးစားပါ။ အပြောင်းအလဲတွေကို လက်မခံနိုင်ဘဲ ဆန့်ကျင်နေခြင်းက သင့်ရဲ့စိတ်ခံစားမှုမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
၁၀။ အနားယူ အပန်းဖြေပါ
စိတ်ရော ကိုယ်ပါ အနားယူ အပန်းဖြေတတ်တဲ့ အလေ့အထ ရှိပါစေ။ အနားယူ အပန်းဖြေခြင်းက စိတ်ပိုင်းဆိုင်ရာအတွက် အရေးကြီးပါတယ်။ အလုပ်နဲ့လူမှုရေးကိစ္စတွေ များပြားနေပေမဲ့ အေးချမ်းစွာ အနားယူ အပန်းဖြေချိန်ရဖို့ အချိန်ကို စီမံခန့်ခွဲထားသင့်ပါတယ်။
၁၁။ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ စားသောက်ပါ
ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ခြင်းက စိတ်နဲ့ခန္ဓာကိုယ်အတွက် အဓိကကျပါတယ်။ ဆား၊ အချိုဓာတ်၊ အဆီဓာတ်၊ အရက်နဲ့ ကဖင်းဓာတ် ပါဝင်တဲ့ စားသောက်ဖွယ်ရာတွေကို ချင့်ချိန်စားသောက်ခြင်းက သင့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကောင်းနေစေဖို့ အထောက်အကူပြုပါတယ်။
Source & Photo: Daily Health
duwun
Sign up here with your email
ConversionConversion EmoticonEmoticon