ဝမ်းဗိုက်အဆီများကို ကျုံ့စေသောအစားအစာများ


အချို့အစားအသောက်က လူရဲ့ခန္ဓာကိုယ်အလေးအချိန်ကို မြင့်မားစေပြီး၊ အချို့အစားအသောက်တွေဟာ ကိုယ်အလေးချိန် ကျဆင်းစေတယ်၊ ဒီလိုပဲ အချို့အစားအသောက်တွေကတော့ ခန္ဓာကိုယ်ကို ပွယောင်းစေပြီး၊ အချို့ကတော့ ခန္ဓာကိုယ် အဆီတွေ ကျုံ့စေပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် ၀မ်းဗိုက်အဆီတွေကို ကြုံ့စေတဲ့ အစားအစာ (၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းသီး

ပန်းသီးမှာ အဓိကအားဖြင့်တော့ ဗီတာမင် C 10% အထိပါဝင်ပြီး ဗီတာမင် A, ကယ်လ်စီယံ, သံဓာတ် 1% စီပါဝင်ပါတယ်။ ပန်းသီးမှာပါတဲ့ ဗီတာမင် C ဟာ ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေပြီး ၀မ်းဗိုက်အဆီတွေကို အချိန်တိုအတွင်း အမြန်ကျုံ့စေပါတယ်။

(၂) ရေခဲကော်ဖီ

ရေခဲကော်ဖီဟာ ၀မ်းဗိုက်ကြွက်သားတွေကို ကျုံ့စေတဲ့ သတ္တိရှိပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ရေခဲနဲ့ပေါင်းစည်းလိုက်တဲ့အခါ ဗိုက်အဆီတွေကို သာမာန်ကော်ဖီတစ်ခွက်ထပ် ပိုပြီး လျှင်မြန်စွာ ကြုံ့စေပါတယ်။

(၃) စပျစ်သီးဖျော်ရည်

ဗီတာမင်များပြားစွာပါဝင်တဲ့ စပျစ်သီးမှာ ကိုလင်း၊ ဗီတာမင် C,,E,K စတဲ့ဓာတ်တွေ ပါဝင်ပါသေးတယ်။ ဒါ့အပြင် ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယံ-စတဲ့ အဖိုးတန် သတ္တုဓာတ်တွေလည်း ပါဝင်လို့ ခန္ဓာကိုယ်အဆီကိုချပေးတဲ့အပြင် ၀မ်းဗိုက်အဆီတွေကို ကြုံ့စေပါတယ်။

(၄) အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများအားဖြင့်တော့ ဗီတာမင် A,C,E,K, B1, B12 စတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးပါကလည်း ၀မ်းဗိုက်ကို အဆီကျစေပါတယ်။

(၅) လိမ္မော်မျိုးရင်းဝင်အသီးများ

အဆီချရာမှာ မပါမဖြစ်စားပေးရတဲ့ လိမ္မော်မျိုးရင်းဝင် အသီးတွေမှာ အမျှင်ဓာတ်၊ ဗီတာမင် C အဓိက ပါဝင်ပါတယ်။ အဆီကို အမြန်ကျစေပြီး၊ ၀မ်းဗိုက်အဆီတွေကိုလည်း အချိန်တိုအတွင်း ကျုံ့စေနိုင်ပါတယ်။

နတ်စည်တော် (Shwemom)
Previous
Next Post »
Powered by Blogger.