ကန်ဒေါ်လာသန်း ၉၅၀ ခန့်ခိုးယူရန် ကြိုးပမ်းခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်တွင် firewall ပင်မရှိဟုဆို


အမည်မသိ ဟက်ကာများသည် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကို ၁၀ ဒေါ်လာခန့်သာ ကုန်ကျသော network switch များအသုံးပြု၍ ကန်ဒေါ်လာသန်း ၉၅၀ ခန့်ခိုးယူရန် ကြိုးစားခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ၎င်းဘဏ်တွင် firewall ပင်မရှိကြောင်း Reuters မှဖော်ပြခဲ့သည်။

ယခုအခါ ၎င်းဟက်ကာများသည် ကန်ဒေါ်လာသန်း ၈၀ နှင့်အတူ လွတ်မြောက်နေဆဲ ဖြစ်သည်။ အဆိုပါခိုးယူမှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံး ငွေကြေးခိုးယူမှု တစ်ခု ဖြစ်လာသည်။

ဟက်ကာများသည် ဘင်္ဂလားဒေ့ရှ်ဘဏ်စနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ငွေပေးချေမှုများ လွှဲပြောင်းရန် အချက်အလက်များကို အသုံးပြုခဲ့ကြောင်း ဘဏ်ရှိအကြီးတန်းအရာရှိများက ပြောကြားခဲ့သည်။ ထို့နောက်၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်ဘဏ် account မှငွေကြေးများကို ဖိလစ်ပိုင်နှင့် သီရိလင်္ကာရှိ account သို့လွှဲပြောင်းရန် နယူးယောက်ရှိ ဖယ်ဒရယ်အရန်ငွေထားရှိရာဘဏ်သို့ တောင်းဆိုမှု အကြိမ်ရေ သုံးဒါဇင်ခန့် ပေးပို့ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

စုစုပေါင်း ကန်ဒေါ်လာ ၈၁ သန်းခန့်ရှိသော တောင်းဆိုမှု ၄ ခုမှာ ဖိလစ်ပိုင်သို့ ရောက်ရှိသွားခဲ့သော်လည်း သီရိလင်္ကာရှိ အကျိုးအမြတ်မရယူသော အဖွဲ့အစည်း Shalika Foundation သို့ပေးပို့မည့် ဒေါ်လာသန်း ၂၀ ရှိသည့် ၅ ခုမြောက်တောင်းဆိုမှုမှာ စာလုံးပေါင်း အမှားကြောင့် ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။ ဟက်ကာများက “foundation” ဆိုသည့် စကားလုံးကို “fandation” ဟုမှားယွင်းရိုက်နှိပ်ခဲ့ကြပြီး Shalika Foundation ဆိုသည်မှာလည်း သီရိလင်္ကာနိုင်ငံတွင် စာရင်းသွင်းထား ခြင်းမရှိကြောင်း သိရသည်။

ဟက်ကာများအသုံးပြုခဲ့သော network switch များသည် ၁၀ ဒေါ်လာမှ ဒေါ်လာရာပေါင်းများစွာ ကျသင့်နိုင်ကာ ဘဏ်စနစ်များကို SWIFT ငွေပေးချေမှု ကွန်ရက်နှင့် ချိတ်ဆက်ရာတွင် အသုံးပြုသည်။ ဟက်ကာများသည် စနစ်များကို ထိုးဖောက်ရန် ဘဏ်၏ အချက်အလက်များအသုံးပြု၍ ကနဦးငွေပေးချေမှုများ ပြုလုပ်ခဲ့ဖွယ်ရှိသည်။ ဘင်္ဂလားဒေ့ရှ်ဘဏ်တွင် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် switch များအဆင့်မြှင့်တင်ရန် ရဲများက အကြံပေးထားကြောင်း သိရသည်။

Ref: TheNextWeb/Reuters
Internet Journal
Previous
Next Post »
Powered by Blogger.