ချစ်သူမိန်းကလေးရဲ့ လက်ထပ်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ဒီအမျိုးသားဟာ ကျည်ဆံရှောင်လိုက်နိုင်တာလို့ တချို့ကဆိုကြပါတယ်။
တရုတ်လူငယ်တစ်ဦးဟာ သူ့ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် လူအများအပြားရှေ့မှာ အကောင်အထည်ဖော်ခဲ့ပေမယ့် သူပေးတဲ့လက်စွပ်က စိန်ကို သူ့ချစ်သူမိန်းကလေးက မြင်လိုက်ချိန်မှာ အခြေအနေတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ဘက်က ချန်ဒူးမြို့တစ်နေရာမှာ တရုတ်လူငယ်က လက်စွပ်ဘူးဖွင့်မပြခင် ဒူးထောက်လိုက်တဲ့အချိန်မှာ မိန်းကလေး မျက်ရည်တွေကျလာပါတယ်။
ဒါပေမဲ့ လက်စွပ်ဘူးထဲက စိန်ကိုမြင်လိုက်ချိန်မှာတော့ မိန်းကလေးရဲ့အဖြေက "နိုး"ဆိုပြီးဖြစ်သွားကာ လှည့်ထွက်သွားတယ်လို့ တရုတ်နေ့စဉ်အွန်လိုင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
တရုတ်လူငယ်က ဒူးထောက်ပြီး လက်ထပ်ခွင့်မတောင်းခင်မှာ သူခေါ်ထားတဲ့ အကသမားတွေက ကပြဖျော်ဖြေခဲ့သလို မိန်းကလေးကို နှင်းဆီပန်းစည်းကြီးတစ်စည်းလည်း ပေးခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ တရုတ်မိန်းကလေးက သူဘာလို့လက်ထပ်ခွင့်ပယ်ချခဲ့လဲဆိုတာကို အွန်လိုင်းပေါ်တင်ခဲ့ရာမှာ "အရင်တုန်းက ၁ ကာရက်စိန်ပေးမယ်လို့ သဘောတူထားတာ။ ဘာလို့ အခုစိန်က အရမ်းသေးနေတာလဲ။ သူက အရေးမထားတာလား၊ ဂရုမစိုက်တာလား"လို့ ရေးသားခဲ့ပါတယ်။
Ref: Metro
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon