လက်သည်း အလှပြင်တဲ့ ကိုလမ္ဘီယာသားမ်ား

ကိုလမ္ဘီယာနိုင္ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင် တစ်ခုတွင် ခြစားမှု၊ ဘဏ္ဍာရေး ဆိုင်ရာ မသမာမှုများဖြင့် ထောင်ဒဏ် ကျခံနေရသည့် အမျိုးသားများသည် လက်သည်း ခြေသည်း အလှပြင် ဆရာတစ်ဦးကို အကျဉ်းခန်းများထဲသို့ ခေါ်ယူခဲ့သည်။

အကျဉ်းသားများ၏ လက်သည်း အလှပြင်မှု သတင်း စက်တင်ဘာလတွင် လူသိရှင်ကြား ထွက်ပေါ် လာခဲ့ပြီးနောက် ကိုလမ်ဘီယာ နိုင်ငံသားများ မကျေမနပ် ဖြစ်ခဲ့ကြသည်။ အကျဉ်းသားများအား အထူးအခွင့် အရေးပေးခြင်းနှင့် ပတ်သက်ပြီး လူများ မကျေမနပ် ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ယောကျာ်းကြီးများ တန်မဲ့ အလှပြင်ခြင်းကြောင့်တော့ မဟုတ်။ အကြောင်းမှာ ကိုလမ်ဘီယာတွင် အမျိုးသားများ လက်သည်း အလှ ပြင်ခြင်းသည် ထူးခြားသော ဖြစ်ရပ် မဟုတ်သောကြောင့်ပင်။

ကြမ်းပေးရမ်းပေ့ ဆိုသည့် စစ်သားများလည်း လက်သည်း အလှပြင်ကြသည်။ ကိုလမ်ဘီယာ စစ်မှု ထမ်းဟောင်းများ အဖွဲ့၏ နှစ်ပတ်လည် ညီလာခံတွင် လက်သည်း အလှမပြင်ဘဲ လာရောက်သော အရာရှိဟောင်း တစ်ဦးတလေကိုမျှ မမြင်မိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ကိုလမ်ဘီယာသားများ၏ လက်သည်း အလှပြင်ခြင်းကိုလည်း စီးပွားရေးဆိုင်ရာ ၀က်ဘ်ဆိုက် Groupon က စစ်တမ်းတစ်ခု ကောက်ယူထားသည်။ ကိုလမ်ဘီယာ နိုင်ငံသားများသည် အိမ်နီးချင်း နိုင်ငံများရှိ အမျိုးသားများထက် လက်သည်း၊ ခြေသည်း အလှပြင်နိုင်ခြေ ပိုများကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကိုလမ်ဘီယာ အမျိုးသား (၂၇) ရာခိုင်နှုန်း၊ ဘရာဇီး အမျိုးသား (၁၄) ရာခိုင်နှုန်း၊ မက္ကစီကို အမျိုးသား (၁၁) ရာခိုင်နှုန်း၊ အာဂျင်တီးနား အမျိုးသား (၉) ရာခိုင်နှုန်းနှင့် ချီလီနိုင်ငံသား (၅) ရာခိုင်နှုန်း တို့က လက်သည်း အလှပြင်လိုကြောင်း ပြောဆိုခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

အလှပြင်ဆိုင်သို့ လာရောက်သည့် အမျိုးသား (၅၀) ဦး အနက် (၁၅) ဦးသည် လက်သည်း အလှပြင်လေ့ ရှိကြောင်း ဘိုဂိုတာရှိ ဘာဘာဘဲရီယာ အလှပြင်ဆိုင်မှ ဖေးဘီးယန်း အိုဟဲဒါက ပြောဆိုခဲ့သည်။ ကိုလမ်ဘီယာ အမျိုးသားများ လက်သည်း အလှပြင်ခြင်းတွင်လည်း အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိနေသည်။

ကိုလမ်ဘီယာရှိ အမျိုးသမီးများသည် အမျိုးသား တစ်ဦးနှင့် ဆုံမိသည်နှင့် ၄င်း၏ ဖိနပ်၊ ၀တ်စုံနှင့် လက်သည်း ခြေသည်းများကို အဦးဆုံး ကြည့်လေ့ရှိသောကြောင့်ပင်။

လက်သည်း ခြေသည်း အလှပြင် စရိတ်ကလည်း များပြားခြင်း မရှိသောကြောင့် လူတန်းစားမျိုးစုံ အလှပြင်နိုင်ကြသည်။ လက်သည်း ခြေသည်းကို အလှပြင်ပြီး အရောင်တင်ပါက ပီဆို (၁၅၀၀၀) (၄ ဒသမ ၅) ဒေါ်လာခန့်သာ ကုန်ကျကြောင်း အိုဟဲဒါက ပြောသည်။

ဘဏ် လုပ်ငန်းရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ အစ တောထဲရှိ ဖာ့သူပုန် တပ်သားများပင် အလှပြင် တတ်ကြသည်။

Messenger News Journal
Previous
Next Post »
Powered by Blogger.