ဝန်ထမ်းကောင်းတစ်ယောက်ရှိသင့်တဲ့အချက် (၁၁)ချက်


၁။ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးကြီးထားခြင်း

- ၀န်ထမ်းကောင်းတစ်ယောက်ဟာ အမြဲလိုအောင်မြင်ချင်စိတ်ရှိနေပြီး သင်ယူတတ်မြောက်လိုစိတ်လည်းပြင်းပျရပါမယ်။

၂။ မိမိဘာသာစီမံအုပ်ချုပ်လုပ်ကိုင်နိုင်ခြင်း

- အခြားလူရဲ.ကူညီမှုများများစားစားမပါဘဲ မိမိကိုယ့်ကိုဆုံးဖြတ်တာဝန်ပေးလုပ်ကိုင်ဆောင်ရွက်နိုင်ရပါမယ်။

၃။ အောက်ခြေကစလုပ်ကိုင်နိုင်သောစိတ်ဓါတ်ရှိခြင်း

- ဘယ်အလုပ်တာဝန်မျိုးကိုမဆို မတွက်ကပ်ဘဲ နေရာမရွေး အကျိုးရှိအောင်အလုပ်လုပ်နိုင်ရပါမယ်။

၎။ အလုပ်အပေါ်မှာစိတ်ပါဝင်စားမှုအပြည့်ရှိခြင်း

- ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်မှုရှိပြီး အမြဲတက်တက်ကြွကြွ အာရုံစိုက်စိတ်ဝင်စားမှုအပြည့်နဲ.လုပ်နိုင်ရပါမယ်။

၅။ ယုံကြည်မှုအပြည့်ရှိခြင်း

- မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ဝန်ထမ်းဟာ သူတတ်နိုင်တဲ့ဘယ်လိုအလုပ်မျိုးကိုမဆို တာဝန်ယူလုပ်ကိုင်ရဲပါတယ်။

၆။ ရိုးသားခြင်း

- ဘယ်သူကမှလိမ်တာမကြိုက်ပါဘူး။ ၀န်ထမ်းကောင်းတစ်ယောက်ဟာ မှန်ကန်သောစကားကိုပဲပြောပြီး မှန်ကန်သောအလုပ်ကိုပဲလုပ်ပါတယ်။

၇။ တီထွင်ဖန်တီးမှုကောင်းခြင်း

- ဘယ်လိုကိစ္စမျိုးမှာမဆို သာမန်ထက်ပိုပြီးကောင်းမွန်အကျိုးရှိတဲ့ တီထွင်ကြံဆမှုမျိုးရှိရပါမယ်။ အသစ်အသစ်တွေကိုလည်း ဖန်တီးလိုစိတ်ရှိရပါမယ်။

၈။ ယုံကြည်စိတ်ချရခြင်း

- ဘယ်သူပဲကိုယ့်ကိုယုံကြည်မှုထားထား ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဘူး။

၉။ စိတ်အားထက်သန်မှုရှိခြင်း

- ၀န်ထမ်းကောင်းတစ်ယောက်ဟာအမြဲလိုလိုစိတ်တက်ကြွ စိတ်အားထက်သန်နေပြီး ကိုယ့်ကိုအကျိုးရှိစေမယ့်အရာတွေကို သင်ယူလိုစိတ်လည်းအမြဲရှိနေရပါမယ်။

၁၀။ အကောင်းမြင်တဲ့စိတ်ရှိခြင်း

- အခက်အခဲအကြပ်အတည်းတွေ.နေရင်တောင် အကောင်းမြင် ကြိုးစားချင်စိတ်မျိုးရှိရပါမယ်။

၁၁။ Company နဲ.တသားတည်းဖြစ်ခြင်း

- ၀န်ထမ်းကောင်းဆိုတာ ကိုယ်လုပ်နေတဲ့ Company အပေါ်သစ္စာရှိရုံတင်မကဘဲ ကိုယ်ကိုယ်တိုင်ရော လုပ်ဖော်ကိုင်ဖက်တွေရော အလုပ်လာရတာပျော်နေအောင်ကြိုးစားနိုင်ပါတယ်။ Company နဲ.ပတ်သက်တဲ့အရာအားလုံးကိုလည်း လိုက်နာဆောင်ရွက်နိုင်ပြီး အခြားလုပ်ဖော်ကိုင်ဖက်တွေကိုလည်း လက်တွဲခေါ်နိုင်ပါတယ်။

Credit: Wilson Chan (YK)
Previous
Next Post »
Powered by Blogger.