ငါးသေတွေကို မျက်နှာမှာကပ်ပြီး အလှဖန်တီးခဲ့တဲ့ မိတ်ကပ် ပညာရှင်

ရုရှားနိုင်ငံတွင် ရှိသည့် မိတ်ကပ်ပညာရှင် အမျိုးသမီး တစ်ဦးသည် ငါးသေများကို မျက်နှာတွင် ကပ်ပြီး ဖန်တီးတီထွင်မှု ပြုလုပ်ခဲ့ရာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သော်လည်း အကြင်နာတရား ကင်းမဲ့သူ အဖြစ် ဝေဖန်ခြင်း ခံရကြောင်း သိရသည်။ ငါးသေကို အလှပြင်ရာတွင် ထည့်သွင်း အသုံးပြုခဲ့ခြင်းကြောင့် လူမှု ကွန်ရက်များတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မော်စကိုမြို့တွင် နေထိုင်သည့် ဘူလိုချာကာသည် အလှမွေး ငါးသေများကို မျက်နှာတွင်ကပ်ပြီး အရောင်အသွေး စုံလင်သည့် နီယွန်များဖြင့် အလှဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဘူလိုချာကာသည် Followers (၂၅၀၀၀) ကျော် ရှိသည့် အင်စတာဂရမ်တွင် ဓာတ်ပုံများကို ဖြန့်ဝေခဲ့သည်။

ယင်းနောက် ဝေဖန်မှုမျိုးစုံ ပေါ်ထွက်လာခဲ့သည်။ ဝေဖန်သူများက ယင်းအပြုအမူသည် အနုပညာ မဟုတ်ကြောင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်နေခြင်းသာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘူလိုချာကာသည် အင်စတာဂရမ်ရှိ ကိုယ်ရေးအကျဉ်းတွင် အနုပညာဖြင့် အလှတရားများကို ပြုလုပ်သူအဖြစ် ဖော်ပြထားသော်လည်း ယခုပြုလုပ်ခဲ့သည့် ဖန်တီးမှုကို အနုပညာအဖြစ် သတ်မှတ်ခဲ့ခြင်း မရှိဘဲ ဝေဖန်မှုများသာ ပြုလုပ်ခဲ့သည်။

ဘူလိုချာကာသည် ဓာတ်ပုံ၏ အောက်တွင် ရေသူမအဖြစ် ပုံစာရေးသားခဲ့ပြီး၊ ယင်းဓာတ်ပုံကို ဝေဖန်ခဲ့သဖြင့် ဓာတ်ပုံတင်ပြီး သုံးရက်အကြာ၌ ဖျက်ပစ်ခဲ့ရကြောင်း သိရသည်။ အလှမွေးငါးများကို အလှပြင်ရာတွင် အသုံးပြုခဲ့ခြင်းသည် စာနာစိတ် မရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

ငါးများကို ဖက်ရှင်အဖြစ် အသုံးပြုခြင်းသည် ၀မ်းနည်းစရာ ဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် အသုံးပြုသည်ကို နားမလည်မိကြောင်း စသည်ဖြင့် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

messenger news journal
Previous
Next Post »
Powered by Blogger.