၁၁၁၁ ကရက်ရှိတဲ့ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးစိန်ကြီးကို Botswana နိုင်ငံရဲ့မြို့ တော်မြောက်ဘက် မိုင် ၃၀၀ အကွာ၊ Karowe မိုင်းတွင်းကနေ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ Botswana နိုင်ငံမှာ တူးဖော်ရရှိတဲ့ စိန်ပွင့်တွေအထဲမှာ အကြီးဆုံးဖြစ်ပြီး ရာစုနှစ်တစ်ခုအတွင်း ရှာတွေ့ သမျှ စိန်တွေထဲမှာ အကြီးဆုံးစံချိန်ဝင်ခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးစံချိန်တင်ထားတဲ့စိန်ပွင့်ကတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကမှာတွေ့ ရှိခဲ့တဲ့ Cullinan (ကာလီနန်) စိန်ကြီးဖြစ်ပြီး ၃၁၀၆ ကရက်ရှိကာ၊ ထိုစိန်ကြီးကနေ စိန်ကိုးတုံးဖြတ်တောက်ခဲ့ပြီး အခုအခါ ဗြိတိသျှသရဖူမှာ ထည့်သွင်းထားတဲ့ကျောက်တွေထဲမှာ အဆိုပါစိန်အများစု ပါဝင်ပါတယ်။ ဒီစိန်ကြီးအပြင် ၈၁၃ ကရက်ရှိတဲ့ကျောက်တစ်ပွင့်နဲ့ ၃၇၄ ကရက်ရှိတဲ့စိန်တစ်ပွင့်တို့ ကိုပါ Karowe မိုင်းတွင်းကနေ တွေ့ ရှိခဲ့ရတယ်လို့ ကနေဒါစိန်ကုမ္ပဏီ Lucara Diamond ကုမ္ပဏီက ဖွင့်ဟခဲ့ပါတယ်။
ဒီစိန်ရိုင်းတုံးကြီးကို ပေါင် ၂၅ သန်းကျော်နဲ့ ရောင်းချရဖွယ်ရှိပြီး စိန်ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဖြတ်တောက်၊သွေးကာ ပိုသေးငယ်တဲ့စိန်ပွင့်တွေအဖြစ် ပြန်လည်ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။ဘော့စ်ဝါနာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး စိန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး စိန်လုပ်ငန်းက နိုင်ငံကို တစ်ဦးချင်းစီ ၀င်ငွေ အလယ်အလယ်ရှိတဲ့နိုင်ငံစာရင်းထဲ ရောက်ရှိစေခဲ့ပါတယ်။
ye wint - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon