"ငါသည် ခွေးတစ်ကောင်ဖြစ်သည်"
ဒါကတော့ ပဲရစ်မြို့အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ ခိုလှုံနေတယ်လို့ ယူဆရတဲ့ စိန့်ဒင်းနစ်ဒေသက တိုက်ခန်းတစ်ခန်းကို ပြင်သစ်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရာမှာ အသေခံဗုံးခွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ခွေးမလေး ဒီဇယ်ကို ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့ တွစ်တာစာမျက်နှာပေါ်က လှုပ်ရှားမှုပါ။ မူရင်းစာသားကတော့#JeSuisChien ဖြစ်ပါတယ်။
အဲဒီတိုက်ခန်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းချိန်မှာ ဒီဇယ်ကရှေ့ပြေးအနေနဲ့သွားပြီး ဗုံးထောင်ထားခြင်းရှိ၊ မရှိ အနံ့ခံစုံစမ်းခဲ့ပါတယ်။ ဒီအချိန်မှာ အမျိုးသမီးတစ်ဦး ထွက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေကို AK47သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သူမ ကိုယ်မှာ ၀တ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသေခံဖောက်ခွဲခဲ့တာကြောင့် အနီးနားမှာရှိနေတဲ့ ဒီဇယ်ရဲ့ ခန္ဓာကိုယ်လည်း တစ်စစီဖြစ်ခဲ့ပါတယ်။
ဒီဇယ်ဟာ အသက်ခုနစ်နှစ်ရှိတဲ့ ဘယ်လ်ဂျီယံသိုးထိန်းခွေးဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြထားပါတယ်။ ဒီဇယ်သေဆုံးခဲ့တဲ့နောက် တွစ်တာလူမှုကွန်ယက် စာမျက်နှာမှာ အခုလို လှုပ်ရှားမှုပေါ်ပေါက်လာတာဖြစ်ပြီး ကမ္ဘာတစ်လွှားက ခွေးမွေးထားတဲ့သူတွေကလည်း သူတို့ရဲ့ခွေးတွေကို ဒီဇယ်အတွက် ဂုဏ်ပြုတဲ့ပုံပြင်ဆင်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြပါတယ်။
Nz (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon