ဆီး​ရီး​ယား​အ​ရေး ​အ​စည်း​အ​ဝေး​ကို ​အီ​ရန်​တက်​ဖို့ ​ဖိတ်

အ​မေ​ရိ​ကန်​နိုင်​ငံ​ခြား​ရေး​ဌာ​န ​ပြော​ခွင့်​ရ ​ဂျွန်​ကာ​ဘီ
ဒီ​ရက်​ပိုင်း ​ဗီ​ယင်​နာ​မြို့ ​မှာ ​ကျင်း​ပ​မဲ့ ​ဆီး​ရီး​ယား ​ဆိုင်​ရာ ​နိုင်​ငံ​တ​ကာ ​အ​စည်း​အ​ဝေး ​ကို ​အီ​ရန်​နိုင်​ငံ ​ကို ​လာ​ရောက်​တက်​ဖို့ ​ဖိတ်​ကြား​မယ် ​လို့ ​မျှော်​လင့်​တဲ့ ​အ​ကြောင်း ​အ​မေ​ရိ​ကန် ​က ​ပြော​ပါ​တယ်။ ​အ​ရင်​တ​ခါ ​ကျင်း​ပ​တဲ့ ​အ​စည်း​အ​ဝေး ​တုန်း​က​တော့ ​အီ​ရန် ​က ​ဖိတ်​ပေ​မဲ့ ​လာ​ရောက် ​မ​တက်​ခဲ့​ပါ​ဘူး။

အီ​ရန် ​အ​နေ​နဲ့ ​အ​ခု​လို ​အ​စည်း​အ​ဝေး ​ကို ​လာ​တက်​ဖို့ ​အ​ရေး​ပါ ​ရ​ခြင်း​က​လည်း ​အီ​ရန် ​အ​စိုး​ရ ​ဟာ ​ဆီး​ရီး​ယား ​သ​မ္မ​တ ​ဘာ​ရှား ​အယ်လ်​အာ​ဆတ် ​ကို ​ထောက်​ခံ​မှု ​ပြု​နေ​လို့ ​ဖြစ်​ပါ​တယ်။ ​ဒီ​လေး​နှစ်​ကြာ ​ပြည်​တွင်း​စစ် ​အ​တွင်း ​မှာ ​အီ​ရန်​ဟာ ​စစ်​အ​ကြံ​ပေး ​အ​ရာ​ရှိ​တွေ ​လွှတ်​ပေး​ခြင်း၊ ​လက်​နက်​ထောက်​ပံ့​ခြင်း ​အ​ပြင် ​လက်​ဘ​နွန် ​ရှိ ​ဟက်ဇ်​ဘို​လာ ​လက်​နက်​ကိုင် ​အ​ဖွဲ့ ​ကို​ပါ ​ဆီး​ရီး​ယား ​စစ်​တပ် ​ဘက် ​က​နေ ​သ​မ္မ​တ ​အာ​ဆတ် ​ကို ​ဆန့်​ကျင်​တဲ့ ​ဆီး​ရီး​ယား ​လွတ်​မြောက်​ရေး ​အ​တိုက်​အ​ခံ ​အ​ဖွဲ့ ​ကို ​ချေ​မှုန်း​ဖို့ ​စီ​စဉ်​ပေး​ခဲ့​တာ​ပါ။

ပြည်​တွင်း​စစ်​ဒဏ်​ကြောင့် ​ဆီး​ရီး​ယား ​စီး​ပွား​ရေး ​ထိ​ခိုက်​မှု ​ရှိ​တာ​ကို​လည်း ​အီ​ရန် ​က ​ငွေ​ထုတ်​ချေး​တာ၊ ​ရေ​နံ ​ရောင်း​ဝယ်​ရေး ​ဈေး​ကွက် ​အ​တွက်​ပါ ​ပံ့​ပိုး​ခဲ့​ပါ​တယ်။ ​ဒါ​ကြောင့် ​မို့ ​အ​မေ​ရိ​ကန် ​နဲ့ ​ဥ​ရော​ပ ​ခေါင်း​ဆောင် ​တွေ ​က ​အီ​ရန် ​ကို ​သူ​တို့ ​အ​စည်း​အ​ဝေး ​မှာ ​ပါ​ဝင် ​စေ​ချင်​တာ​ပါ။

အဲ​ဒီ​အ​တွက် ​အ​မေ​ရိ​ကန် ​နိုင်​ငံ​ခြား​ရေး​ဌာ​န ​ပြော​ခွင့်​ရ ​အ​ရာ​ရှိ ​ဂျွန်​ကာ​ဘီ ​က ​ဆီး​ရီး​ယား ​အ​ရေး​ကိ​စ္စ ​မှာ ​အ​ဓိ​က ​အ​ရေး​ပါ​တဲ့ ​နိုင်​ငံ​တွေ ​အ​နေ​နဲ့ ​အ​နာ​ဂတ် ​ဆီး​ရီး​ယား ​အ​တွက် ​ဝေ​မျှ​လို့ ​ရ​တဲ့ ​အ​ကြံ​ဥာဏ် ​ထွက်​ပေါ်​လာ​ဖို့ ​အ​ရေး​ကြီး​တဲ့ ​အ​ကြောင်း၊ ​ဒီ​အ​ချက်​ဟာ​လည်း ​အ​ချင်း​ချင်း​ကြား​မှာ ​စိန်​ခေါ်​သ​လို ​ဖြစ်​နေ​ကြောင်း ​ပြော​ယင်း ​ရည်​မှန်း​ချက် ​က​တော့ ​အ​လုပ်​ဖြစ်​မဲ့ ​အ​စီ​အ​စဉ် ​မူ​ဘောင် ​တ​ရပ် ​ရေး​ဆွဲ​နိုင်​ရေး ​ဖြစ်​ပြီး ​ဒီ​မူ​ဘောင်​ထဲ​က​နေ ​နိုင်​ငံ​တ​ကာ ​သ​ဘော​တူ​ညီ​ချက် ​အ​ရ ​ဆီး​ရီး​ယား ​မှာ ​နိုင်​ငံ​ရေး ​အ​သွင် ​ပြောင်း​လဲ​မှု ​တ​ရပ် ​ပေါ်​ထွန်း ​လာ​စေ​ရေး ​ဖြစ်​တယ် ​လို့ ​ဆို​ပါ​တယ်။

အ​စိုး​ရ ​သစ်​မှာ​လည်း ​အာ​ဆတ် ​ကို ​ဦး​ဆောင်​ခွင့် ​မ​ပြု​တော့​ပဲ ​ဆီး​ရီး​ယား​ပြည်​သူ ​တွေ ​ထောက်​ခံ​မဲ့ ​ကိုယ်​စား​လှယ် ​အ​စိုး​ရ ​အ​ဖွဲ့ ​တက်​လာ​ဖို့ ​ဖြစ်​ပေ​မဲ့ ​ဒီ​လုပ်​ငန်း​စဉ် ​ဟာ ​မ​လွယ်​တဲ့ ​အ​ကြောင်း၊ ​အ​ခု ​အ​ကြမ်း​ဖက်​မှု​တွေ ​နဲ့ ​ရော​နှော​နေ ​တဲ့ ​ပြည်​တွင်း​စစ် ​ဟာ ​လည်း ​သ​မ္မ​တ ​အာ​ဆတ် ​ဖြုတ်​ချ​ရေး ​ကို ​သ​ဘော​မ​တူ ​လက်​မ​ခံ ​ကြ​တဲ့ ​နိုင်​ငံ​တွေ ​ရှိ​နေ​လို့​ပါ​ပဲ ​လို ​မ​စ္စ​တာ ​ကာ​ဘီ ​က ​ရှင်း​ပြ​ပါ​တယ်။

အ​ခု ​အ​စည်း​အ​ဝေး ​ကို ​အ​မေ​ရိ​ကန် ​နိုင်​ငံ​ခြား​ရေး ​ဝန်​ကြီး ​ဂျွန်​ကယ်​ရီ၊ ​ရု​ရှ ​နိုင်​ငံ​ခြား​ရေး ​ဝန်​ကြီး ​ဆာ​ဂေး​လက်​ဗ​ရော့ဗ်၊ ​ဥ​ရော​ပ ​နဲ့ ​အာ​ရပ် ​ထိတ်​တန်း ​သံ​တ​မန် ​တွေ ​တက်​ကြ​မှာ​ပါ။ ​ဒါ​ပေ​မဲ့ ​အ​ထက်​ပါ ​အ​စည်း​အ​ဝေး ​ကို ​အီ​ရန် ​လာ​တက် ​မှာ ​ကို ​မ​လို​လား​တာ ​က​တော့ ​ဒေ​သ​တွင်း ​သြ​ဇာ ​အ​ရှိန်​အ​ဝါ ​ရှိ​တဲ့ ​ဆော်​ဒီ ​အ​စိုး​ရ ​ပဲ​ဖြစ်​ပါ​တယ်။

လေး​နှစ်​ကြာ ​ဆီး​ရီး​ယား ​ပြည်​တွင်း​စစ်​ကြောင့် ​ပြည်​သူ ​နှစ်​သိန်း​ခွဲ ​ကျော် ​အ​သက်​ဆုံး​ရှုံး​ပြီး ​ဖြစ်​သ​လို ​တ​သန်း​ခန့် ​ဒဏ်​ရာ ​ရ​ကြ​ပါ​တယ်။ ​လူ​ပေါင်း ၁၁ ​သန်း​ဟာ ​အိုး​အိမ်​စွန့်​ခွာ ​ပြေး​ကြ​ပြီး ​ပြည်​ပ ​ကို ​စွန့်​စား ​ထွက်​ပြေး​သူ​ပေါင်း​လည်း ​လေး​သန်း ​ကျော်​နေ​ပါ​ပြီ။

ဒါ​ကြောင့်​မို့ ​ဆီး​ရီး​ယား ​အ​ရေး ​ကိ​စ္စ​ဟာ ​အ​ရှေ့​အ​လယ်​ပိုင်း ​ကို​သာ ​မ​က ​ဥ​ရော​ပ ​ကို​ပါ ​ဒု​က္ခ​သည် ​တွေ​နဲ့ ​ခေါင်း​ခဲ​စေ​တဲ့ ​အ​တွက် ​က​မ္ဘာ့​ထိတ်​သီး ​ခေါင်း​ဆောင်​တွေ ​ဟာ ​အ​မြန်​ဆုံး ​ဖြေ​ရှင်း​ပေး​လို​ကြ​တာ​ပါ။

BBC Burmese
Previous
Next Post »
Powered by Blogger.