အောက်တိုဘာ ၁၉ ရက် ညပိုင်းက ဖိလစ်ပိုင် လက်ဝဲယိမ်း သူပုန်များ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ဖိလစ်ပိုင် တောင်ပိုင်း မြို့တော်ဝန်နှင့် ၄င်း၏သားတို့အား အောက်တိုဘာ ၂ဝ ရက်တွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားထားသည်။
လိုရက်တို မြို့တော်ဝန် ဒါရီယိုအိုတာဇာ (ပုံ)နှင့် ၄င်း၏သား ဒါရိုင် တို့အား ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် အဂူဆန်ဒယ်နော့တ် ပြည်နယ် ဘူတူအန်မြို့ရှိ ဘီတန်အဂန် ကျေးရွာ၌ သေနတ်ဒဏ်ရာ များဖြင့်သေဆုံး နေသည်ကို ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသား စုံစမ်းစစ်ဆေးရေး ဗျူရို ယူနီဖောင်းများ ဝတ်ဆင်ထားသော သေနတ်သမား တစ်ဒါဇင် ကျော်သည် အောက်တိုဘာ ၁၉ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီခန့်တွင် ဘူတူအန်မြို့ ဘန်းကျေးရွာ၌ မြို့တော်ဝန်နှင့် ၄င်း၏ သားတို့အား နေအိမ် အပြင်ဘက်သို့ သေနတ်များဖြင့် ချိန်ရွယ်၍ ဖမ်းဆီးကာ SUV ကားတစ်စီးဖြင့် ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖိလစ်ပိုင် ရဲတပ်ဖွဲ့နှင့် စစ်ဘက်တပ်ဖွဲ့ဝင် တို့သည် အဆိုပါ ပြန်ပေးဆွဲမှု၏ နောက်ကွယ်တွင် ပါဝင် ပတ်သက်ဖွယ် ရှိသည့် ပြည်သူ့ တပ်မတော်သစ် သူပုန်အဖွဲ့ အား လိုက်လံ ချေမှုန်းလျက် ရှိကြောင်း သိရသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon