ဖြစ်စဉ်များမှာလည်း ယခင်ကထက် တိုးပွားလာ ခြင်းဖြစ်ကာ ပျမ်းမျှအနေနှင့် နှစ်ရက်လျှင်တစ်ကြိမ် လူသတ် မှုများဖြစ်ပွားနေသည်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။ ညဘက်ပိုင်းကာလများတွင်လည်း လုယက် မှုများ တိုးပွားလာသဖြင့် လူပြတ်သည့်လမ်းတချို့၌ သတိပြု သွားလာရန် မြို့နယ်တချို့၌ သတိပေးဆိုင်းဘုတ်များ တပ် ဆင်ထားသည်။
မြောက်ဥက္ကလာပမြို့နယ်တွင်း နေထိုင်သူ ဒေါ်ဟေ မာန်နှင်းကလည်း ''လက်ကိုင်ဖုန်းတွေ၊ ရွှေတွေပါရင် သတိ ထားပြီး သွားရတယ်။ ဆိုင်ကယ်ပေါ်ကနေလုသွားတာ၊ ဓား ထောက်လုတာ အမျိုးကို စုံနေတာပဲ။ လူသတ်မှုတွေကလဲ မကြားချင်မှအဆုံး။ ဘယ်နေရာမှာ သေသွားပြန်ပြီ။ ဘယ် နေရာမှာ သတ်လိုက်ပြန်ပြီ။ ဘယ်နေရာမှာ အမည်မသိအ လောင်း။ လုံခြုံမှုကိုမရှိတော့ဘူး။ ယောက်ျားလေးတွေဆိုရင် ပြန်ကာကွယ်နိုင်ပေမယ့် အားနည်းတဲ့ မိန်းကလေးတွေအ တွက်တော့ အန္တရာယ်တွေ တဖြည်းဖြည်းများလာတယ်''ဟု ပြောဆိုပြန်သည်။
ဦးဇော်ဝင်းက ''ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်မောင်း ပြီး လမ်းလျှောက်လာတဲ့သူရဲ့ လက်ကိုင်အိတ်တွေ၊ ဆွဲကြိုး တွေ၊ ဟန်းဖုန်းတွေကို လုယူတာပါ၊ လုယူမှုတွေက တဖြည်း ဖြည်း တိုးပွားလာပါတယ်''ဟု ဆိုသည်။
''ကျွန်မဆို ကိုယ်တွေ့ပါ။ ဖြစ်တာက ည ၈နာရီလောက် အဝေးပြေးအထွက် လမ်းမကြီးပေါ်မှာ လမ်းလျှောက်လာ တာ။ ရှေ့ကလာတဲ့ဆိုင်ကယ်က လမ်းပြောင်းပြန်မောင်းလာ ပြီး ကျွန်မအနားရောက်တော့ လည်ပင်းက ဆွဲကြိုးကိုဆွဲပြီး မောင်းပြေးတာပါပဲ''ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေါ်နှင်း ခိုင်က ယင်းကြုံတွေ့ခဲ့ရပုံကို သတိပြုဖွယ်ပြောဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ''အခုက သူ တို့ နေပြည်တော်နေရာမျိုးမှာတောင် မထိန်းသိမ်းနိုင်ဘူး။ နေပြည်တော်မှာ ရဲစခန်းပေါင်းကို နည်းတာမဟုတ်ဘူး။ အ များကြီးပဲ။ ကျန်တဲ့နေရာမှာ ဘယ်လိုလုပ်မလဲ။ ပြီးတော့ သူ တို့ဆီမှာ အလင်းရောင်အပြည့်ရှိတယ်လေ။ ကျန်တဲ့နေရာ တွေမှာ အလင်းရောင် သူတို့လောက် ရတာလဲမဟုတ်ဘူး။ အပြည့်ရှိတဲ့ နေရာမျိုးမှာတောင်မှ ပြစ်မှုကျူးလွန်တာ ဖြစ် သွားတယ်ဆိုရင် ကျန်တဲ့မှောင်နေတဲ့နေရာမျိုးမှာ ပိုဆိုးတာ ပေါ့''ဟုဝေဖန်သည်။
''ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာ အရင်ကတည်းက ရှိတယ်။ မသိကြတာ။ အထက်က ဖြေရှင်းပေးမှု အားနည်း တာ။ အခုမှ ထိထိရောက်ရောက် ဖြေရှင်းပေးတာ။ အရင် တုန်းက ရဲကိုကြိုးတုပ်ပြီးနှိပ်စက်တာ။ ဓားနဲ့ထိုးတာ။ ဖမ်း ဆီးတာတွေရှိခဲ့တယ်''ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အာကာထက် ၊ ဖြူသစ်လွင် / Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon