Amazon က အတုအယောင် ကုန်ပစ္စည်း သုံးသပ်ချက်ရေးသားခဲ့တဲ့ လူ တစ်ထောင်ကျော် ကို တရားစွဲ


ကမ္ဘာကျော် E-Commerce ကုမ္မဏီ တစ်ခုဖြစ်တဲ့ Amazon ဟာ သူ့ရဲ့ စတိုးမှာ အတုအယောင် သုံးသပ်ချက်တွေရေးသားခြင်းကို လက်မခံတော့ပါဘူး။

အင်တာနက်ပေါ်ကနေ လက်လီ ရောင်းချခြင်း စီးပွားရေး လုပ်ငန်း Amazon ဟာ Amazon ၀က်ဘ်ဆိုက်ပေါ်မှာ အတုအယောက် ကုန်ပစ္စည်းသုံးသပ်ချက် ရေးသားခဲ့သူ လူဦးရေ ၁၁၄၄ ယောက်ကို တရားစွဲဆိုလိုက်ပါတယ်။ ထို သုံးသပ်ချက် ရေးသားသူတွေဟာ Fiverr ဆိုတဲ့ ဈေးဝယ် ၀က်ဘ်ဆိုက်မှာ ရောင်းအားကောင်းလာဖို့ Amazon ကို ရှုံ့ချတဲ့ အတုအယောင် သုံးသပ်ချက်တွေကို ရေးသားခဲ့ကြတာပါ။

ဒါပေမယ့်လည်း တိတိကျကျ မသိရတာကတော့ လက်ရှိမှာ Amazon ဟာ ထို သုံးသပ်ချက် ရေးသားသူတွေကို Fiverr ရဲ့ Username တွေနဲ့ တရားစွဲဆိုထားတာပါ။ ထို သုံးသပ်ချက်ရေးသားသူတွေရဲ့ အချက်အလက် မူရင်းတွေကို သိရှိထားပုံ မရပါဘူး။

ဒီတစ်ခေါက်ကတော့ Amazon အတွက် သူ့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပြိုင်ဘက် ကုမ္မဏီ တစ်ခုကို ဖြုတ်ချနိုင်ဖို့အတွက် အခွင့်အရေးပဲဖြစ်ပါတယ်။ Fiverr ဟာ အရင်တုန်းကလည်း Amazon က မယှဉ်ပြိုင်နိုင်ခဲ့တဲ့ မှတ်တမ်းတွေက ရှိနေပါတယ်။

Amazon ဈေးဝယ် ၀က်ဘ်ဆိုက်ဟာ လွန်ခဲ့တဲ့ ၂၁ နှစ်က စတင်တည်ထောင်ခဲ့ပြီး နိုင်ငံ တွေ တစ်ဖြည်းဖြည်း ချင်း ဖြန့်ကျက်လာခဲ့ရာ အခုဆိုရင်တော့ နိုင်ငံတိုင်းကို တင်ပို့ရောင်းချနိုင်နေပါပြီ။ ၂၀၁၅ ခုနှစ်အတွက် ဈေးကွက် မတည်ခြင်း အရတော့ Amazon ဟာ အမေရိက ရဲ့ တန်ဖိုးအထိုက်တန်ဆုံး လက်လီရောင်းချသူအဖြစ် Walmart ကို ကျော်လွန်သွားခဲ့တယ်လို့လည်း သိရပါတယ်။

Mario - သစ်ထူးလွင်
Ref : Engadget

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.