အစိုးရအထက်တန်းကျောင်းတွင် ကျောင်းတစ်နှစ်မတက်ဘဲ ဘော်ဒါနေကျောင်းသားများမှာ တရား မဝင်သဖြင့် အဆိုပါဘော်ဒါဆောင်နှင့် ကျူရှင်များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် စက်တင်ဘာ ၁၄ ရက်က ဘိုကလေးမြို့နယ် ရုပ်ဆိုင် ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေး မိဘ၊ ဆရာ၊ ကျောင်းသားများဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပညာရေးမှူးက ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။
“ကျောင်းသားကတော့ ကျောင်းတက်ရမယ်။ ဘော်ဒါတက်နေတဲ့ ကျောင်းသားတွေလဲ ကျောင်းကို ပုံမှန်တက်ရမယ်။ ညကျမှဘော်ဒါနေချင်နေ။ အဲဒီလိုမလုပ်ရင်တော့ တရားမဝင်ကျောင်းသားပဲ” ဟု ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
အစိုးရအထက်တန်းကျောင်းမှ တစ်နှစ်ကျရှုံးကာ အပြင်မှာအလုပ်လုပ်ပြီး စာမေးပွဲဖြေဆိုသော ကျောင်းသားများကို ပြောကြားခြင်းမဟုတ်ဘဲ တက္ကသိုလ်ဝင်တန်းအောင် ဖြေဆိုမည့်ကျောင်းသားများ မှာ ကိုးတန်းအောင်လက်မှတ်၊ ကိုးတန်းခုံနံပါတ်နှင့် အောင်မြင်ခဲ့သည့်ခုနှစ်တို့ကို လုပ်ထုံးလုပ်နည်းအ တိုင်းတင်ပြပြီး ကျောင်းတက်မှသာ တရားဝင်ကျောင်းသားများဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြင်ပဘော်ဒါဆောင်၊ ကျူရှင်များအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ပညာရေးဌာနသို့ အဆင့် ဆင့်ခွင့်ပြုချက်တင်ရန် လိုအပ်ပြီးဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းများအားလုံးကိုလည်း ပညာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းဟုတ်၊ မဟုတ်ကိုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“ဘာသာရပ်သင် ပြင်ပကျောင်းတွေအနေနဲ့က ပညာရေးဌာနကို တင်မယ်ဆိုရင် ကျောင်းကြီးနဲ့တူမှာ ဖြစ်တဲ့အတွက် သူတို့စည်းကမ်းအတိုင်းဆို သုံးဘာသာပဲသင်ကြားခွင့်ရှိမှာပါ။ ပညာပါရမီကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကတော့ ဘာသာစုံသင်ကြားခွင့်ရှိပါတယ်။ စည်းကမ်းအ တိုင်း အရေးယူမယ်ဆိုရင်တော့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကိုယ်တိုင် အပြင်မှာကျူရှင်ပြနေ တာတွေကို စပြီးအရေးယူရမှာပါ” ဟု ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း ဖွင့်လှစ်သင်ကြား နေသူ ပုသိမ်မြို့မှ ဆရာရဲရင့်ထွန်းက ပြောသည်။
Democracy Today Daily
Sign up here with your email
ConversionConversion EmoticonEmoticon