ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒိုစကီးဟာ မနေ့ညက ဝုလ်ဘတ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ၉မိနစ်အတွင်း ၅ဂိုးသွင်းယူပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ် ပထမပိုင်းမှာ ဝုလ်ဘတ်က ပွဲချိန် ၂၆မိနစ်မှာ ကာလီဂီရူရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခြင်း ခံနေခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ နည်းပြ ဂွာဒီယိုလာက ကွင်းလယ်လူ အန်ကာတာရာ အစား လီဝမ်ဒိုစကီးကို ထည့်သွင်း ကစားစေခဲ့ပါတယ်။
လူစားဝင်ပြီး ၆မိနစ် အကြာ ပွဲချိန် ၅၁မိနစ်မှာ ဒန်တီရဲ့ ပေးပို့မှုက တစ်ဆင့် လီဝမ်ဒိုစကီးက အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
တစ်မိနစ် အကြာမှာ ဧရိယာ အပြင်ကနေ ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။
နောက်ထပ် ၃မိနစ်အကြာ ၅၅မိနစ်မှာ လီဝမ်ဒိုစကီးက သူ့ရဲ့ ဟတ်ထရစ် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ အမြန်ဆုံး ဟတ်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။
အရင်က အမြန်ဆုံး ဟတ်ထရစ် သွင်းယူနိုင်ခဲ့သူကတော့ ဒူးစ်ဘတ် တိုက်စစ်မှူး မိုက်ကယ် တွန်နီးစ် ဖြစ်ပြီး ၆မိနစ်အတွင်းမှာ ဟတ်ထရစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၁ တုန်းက ဒီစံချိန်ကို တင်ထားတာ ဖြစ်လို့ နှစ်ပေါင်း ၂၄နှစ်ကြာ ရပ်တည်ခဲ့တဲ့ စံချိန်လည်း ဖြစ်ခဲ့ပါတယ်။
တွန်နီးစ်က လီဝမ်ဒိုစကီးဟာ စံချိန်သစ်နဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။
၎ဂိုးမြောက် ဂိုးကို ပွဲချိန် ၅၇မိနစ်မှာ ကော်စတာရဲ့ ပေးပို့မှုကနေ လှလှပပ သွင်းယူခဲ့တာပါ။
မိနစ် ၆၀မှာ လီဝမ်ဒိုစကီးက နောက်ပြန်ကန်ချက်နဲ့ ရယူပေးခဲ့တာ ဖြစ်ပါတယ်။
လီဝမ်ဒိုစကီးက ပြောဆိုရာမှာ “ကျွန်တော် အရမ်း ကျေနပ်မိပါတယ်၊ ရူးသွပ်တဲ့ မိနစ်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်၊ ၅ဂိုးက မယုံနိုင်စရာပါ၊ အရမ်းလည်း ပျော်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။
ဘိုင်ယန် နည်းပြ ဂွာဒီယိုလာက ပြောဆိုရာမှာ “ဒီလို အချိန်တိုအတွင်းမှာ တိုက်စစ်မှူး တစ်ယောက်တည်းက ၅ဂိုးသွင်းတာမျိုး ထပ်ပြီး မြင်တွေ့ရမယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
လီဝမ်ဒိုစကီးက ၁၉၈၄ ဒီတာ ဟိုးနက်စ် နေက်ပိုင်း ဘွန်ဒက်စ်လီဂါမှာ တစ်ယောက်တည်း ဂါးဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာ လူစားဝင်ပြီး ၅ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာပါတယ်။
လီဝမ်ဒိုစကီးက ၁၉၇၇တုန်းက ဝါဒါဘရီမင်ကို ၇-၂ဂိုးနဲ့ အနိုင်ရစဉ်က တစ်ယေက်တည်း ၆ဂိုး သွင်းယူခဲ့တဲ့ ကိုလုံးတိုက်စစ်မှူး ဒီတာ မူလာရဲ့ စံချိန်ကိုတော့ လိုက်မမီသေးကြောင်းလည်း သိရပါတယ်။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon