(အမှန်စင်စစ် ကိုယ့်အပြစ်)
ကံဆိုသည်အကျိုးပေးတတ်သည့်အရာဟုနားလည်ထားပါကကံဆိုးကြုံကသူတစ်ပါးကိုအပြစ်ပုံချ နေစရာမလို။ဤဘဝဆင်းရဲရခြင်း၊အဆိုးကံနှင့်သာကြုံနေရခြင်း၊အရှုံးနှင့်သာရင်ဆိုင်နေရခြင်း၊ ရောဂါဝေဒနာဆိုးများခံစားနေရခြင်းသည်အမှန်စင်စစ်လွန်ခဲ့သောအချိန်များကမိမိသာပြုခဲ့မိသောကံစေတနာအဆိုးများကြောင့်ပင်။ အမှန်စင်စစ် မိမိအပြစ်များသာ…
(ကောင်းမှုလုပ်သော်လည်းဘာကြောင့်ဆင်းရဲဒုက္ခရောက်ရသလဲဟူ၍ မေးခွန်းများစွာထုတ်တတ်ကြသည်)ယခုဘဝတွင် ကောင်းမှုများလုပ်နေသော်လည်းအကုသိုလ်ဆိုးကံဆိုးများနှင့်သာကြုံတွေ့ နေရသူသည်အတိတ်ကဝိပါက်ကံဆိုးများအလှည့်ကျနေချိန်ကြောင့်ဟုဖြေရမည်။
မကောင်းမှုလုပ်သော်လည်း ဘာကြောင့် ချမ်းသာအောင်မြင်မှုတွေ ရနေရသလဲဟုမေးသော်…
ယခုအချိန်အကုသိုလ်အလုပ်များဖြင့်အသက်မွေးမှုပြုနေသော်လည်းအတိတ်ကံကောင်း၏အကျိုးကရနေချိန်ကြောင့်ယခုချမ်းသာနေသေးသည်ဟုယုံရမည်။ယခုလုပ်နေသောမကောင်းမှုတို့ ၏အကျိုးပေးချိန် ရောက်လာသော် မကောင်းမှုကံဆိုးများကြုံရမည်မှာ မလွဲပင်။
ကံကောင်းချင်လျှင်…
ကံကောင်းချင်သည်ဟု အော်ဟစ်ကာဆုတောင်းနေရုံနှင့်မရ။ကံကောင်းအောင်ဘယ်သို့ လုပ်ရမည်ကိုဥာဏ်ဖြင့်စဉ်းစားကာကောင်းကံကို ဝီရိယသုံးကာကြိုးစားပါ။
ဥပမာ… တောင်ပေါ်သို့ တက်ချင်လျှင်တက်ချင်သည်ဟုဟစ်အော်ငိုကျွေးနေ၍ တောင်ပေါ်သို့ မရောက်။ဥာဏ်ဖြင့်သက်သာသောလမ်းကို ရွေးကာဝီရိယအားထုတ်ပြီး တောင်ပေါ်သို့ တက်ရပေမည်။
ကံ၏အကျိုးပေးပုံလေ့လာလျှင်ပို၍အမြင်မှန်လာပေမည်။ကံကိုယုံကြည်ရမည်။ကံအကျိုးပေးကိုယုံကြည်ရမည်။ကံကျိုး၊ဥာဏ်ကျိုးများကိုကွဲကွဲပြားပြားခွဲခြားမြင်တတ်သည့် မှန်သောအယူရှိရမည်။
(ကံစေတနာ အကျိုးပေးပုံ ဥပမာ)
သရက်ပင်တွင်အသီးမသီးခင်ကြည့်ကြစို့ ၊အသီးတွေကိုအဘယ်အရပ်တွင်သိမ်းဆည်းထားသည်ကိုမပြောနိုင်၊နေရောင်၊စိုထိုင်းမှု၊ ရေအစရှိသည့်အခြေအနေများ ပေါင်းဆုံမိကြသောအခါ သရက်သီးများ သီးပွင့်လာကြသည်။
ထိုနည်းအတိုင်းပင်မိမိပြုလုပ်သမျှကံစေတနာသည် နောင်ကာလတွင် အကျိုးတရားများ ပေးမည်ဟု ယုံကြည်လက်ခံ ထားရမည်။
နန္ဒသစ္စာ အလှုရှင်
Sign up here with your email
ConversionConversion EmoticonEmoticon