တစ်နေ့မှာ … မြန်မာတစ်ယောက်၊ ထိုင်းတစ်ယောက် နဲ့ အမေရိကန် တစ်ယောက်ဟာ တစ်ချိန်ထဲမှာ သေဆုံးပြီး တမလွန်ရောက်သွားကြတယ်။ တမလွန်တံခါးဝမှာ ယမမင်းရဲ့ အပေါက်စောင့်နဲ့ တွေ့တယ်။
ယမမင်း အပေါက်စောင့် က ပြောတယ် မင်းတို့ ယမမင်းကြီးဆီမှာ ကောင်းမှု ဆိုးမှုတွေကို အစစ်ဆေးခံချင်ရင် ..( မြန်မာနိုင်ငံက ) ထုံးစံအတိုင်း ……………ငါ့ကို လာဘ်ထိုး ………….လို့ပြောတယ်
ထိုင်းနိုင်ငံသားက ဘတ်(၁၀၀၀) တန်ထုတ်ပေးလိုက်တယ် ….. ယမမင်း အပေါက်စောင့် က ၀င်ခွင့်ပြုလိုက်တယ်
အမေရိကန်ုနိုင်ငံသား ကဒေါ်လာ(၁၀၀) တန် ထုတ်ပေး လိုက်တယ် ယမမင်း အပေါက်စောင့် က ၀င်ခွင့်ပြုလိုက်တယ်
မြန်မာနိုင်ငံသားက (၁၀၀၀၀) တန် ထုတ်ပေးတယ် ယမမင်း အပေါက်စောင့် က ၀င်ခွင့်မပြုဘူး မြန်မာနိုင်ငံသားက (၅၀၀၀) တန် ထုတ်ပေးတယ် ယမမင်း အပေါက်စောင့် က ၀င်ခွင့်မပြု ပြန်ဘူး
မြန်မာနိုင်ငံသားက (၁၀၀၀) တန် ထုတ်ပေးတယ် ယမမင်း အပေါက်စောင့် က အဲဒါလည်းမရဘူး
မြန်မာနိုင်ငံသားက (၅၀၀) တန် ထုတ်ပေးတယ် ယမမင်း အပေါက်စောင့် က No ပဲ နောက်ဆုံး မှာ မြန်မာနိုင်ငံသားက (၁) ကျပ် တန် တစ်ရွက် ထုတ်ပေးလိုက်တယ်
အဲဒီတော့မှ ယမမင်း အပေါက်စောင့် က ၀င်ခွင့်ပြုလိုက်တယ်
မြန်မာနိုင်ငံသားက မေးတယ် ။။။။။။။။
(၁၀၀၀၀) တန်၊ (၅၀၀၀)တန်(၁၀၀၀) တန် (၅၀၀) တန် တွေပေးတုန်းကတော့ ၀င်ခွင့်မပြု ဘဲ (၁) ကျပ်တန် ပေးမှ ဘာလို့ ၀င်ခွင့် ပြုတာလဲ ဆိုတော့ ယမမင်း ကပြော တယ် …..
ထိုင်း ငွေ (ဘတ်) မှာ အဒူရာဒတ် ဘူမိဘောပုံ (ဘုရင် ) (လူပုံပါတယ် ) အမေရိကန် ငွေ (ဒေါ်လာ ) မှာ အမေရိကန်သမ္မတ ပုံ (ဘုရင် ) (လူပုံပါတယ် ) မြန်မာငွေ (ကျပ်) မှာ က ဒီပိုက်ဆံကျမှ လူပုံပါလို့တဲ့
(အဟောင်းလေးပါဗျာ ။။။။။။ ကျွန်တော်တို့နိုင်ငံက ပိုက်ဆံတွေမှာ တိရစ္ဆာန်တွေကြီးစိုးနေတာကို မကြိုက်လို့ ဒီ Post လေးကို တင် လိုက်တာပါ တစ်နေ့နေ့ မှာတော့ ဗိုလ်ချုပ်တို့ ၊ ဆရာစံတို့ သခင်ဖိုးလှကြီးတို့ ပြန်ဖြစ်လာဦးမှာပါ…
သတင်းဘုရင်
Sign up here with your email
ConversionConversion EmoticonEmoticon