ကမ္ဘာလှည့်ခရီးသည် ယာဉ်တန်းကို မှားယွင်းပစ်ခတ်မှု စုံစမ်းပေးရန် မက္ကဆီကို တောင်းဆို

အီဂျစ်နိုင်ငံရောက် ကမ္ဘာလှည့်ခရီးသည်အချို့။ (ဓာတ်ပုံ - ရိုက်တာ)
ကမ္ဘာလှည့်ခရီးသည် ယာဉ်တန်းကို စစ်သွေးကြွတွေအဖြစ် အီဂျစ်စစ်တပ်က မှားယွင်းပစ်ခတ်ခဲ့လို့ မက္ကဆီကိုခရီးသည် အများစုပါတဲ့ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

သဲကန္တာရထဲမှာ စစ်သွေးကြွတွေကို လိုက်ဖမ်းနေတုန်း ယာဉ်တန်းကို မှားယွင်း ပစ်ခတ်မှုကြောင့် တခြားလူ ၁၀ ဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။

အီဂျစ် လုံခြုံရေးနဲ့ တရားရေး သတင်းရင်းမြစ်ကတော့ မက္ကဆီကိုနိုင်ငံသား ၈ ဦးနဲ့ အီဂျစ်နိုင်ငံသား ၄ ဦး သေဆုံးပြီး မက္ကဆီကိုနိုင်ငံသား ၈ ဦးနဲ့ အီဂျစ်နိုင်ငံသား ၂ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံ အနောက်ပိုင်း ကန္တာရထဲက ဘာဟာရီယာ အိုအေစစ်မှာ အသားကင်စားဖို့ လူ ၂၂ ဦးပါတဲ့ အုပ်စုက ကား ၄ စီးနဲ့ တောလမ်းအတိုင်း စက်တင်ဘာ ၁၃ ရက်နေ့က သွားခဲ့ကြရာမှာ စစ်လေယာဉ်က ရုတ်တရက် ဝေဟင်ကနေ သူတို့ကို ပစ်ခတ်ခဲ့တာလို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

အီဂျစ်အာဏာပိုင်တွေဆီက ပူးပေါင်းဆောင်ရွက်မှု အပြည့်ရဖို့ မက္ကဆီကိုက တောင်းဆိုထားပါတယ်။

DVB
Previous
Next Post »
Powered by Blogger.